Chapter 33

1.9K 217 4
                                    

Empress with No Virtue
Chapter 33
Translator – Utopia
 
စုကျဲယွီ အချက် ၄၀ အရိုက်ခံရပြီး‌တဲ့နောက် ရက်အနည်းငယ် အိပ်ရာပေါ်ကနေတောင် မထနိုင်တော့ဘူး။ သူမ ပြန်အနားယူနေတဲ့ အချိန်အတော်အတွင်း နန်းတော်တစ်ခုလုံးမှာ ရွှီချိုင်ရန်တစ်ယောက်ပဲ သူမဆီ တစ်ခါတစ်ရံ လာလည်တယ်။ အဲ့တာကလည်း အကြံနဲ့၊ သူများအမြင်မှာ သူမက ဘယ်လောက်တောင် တခြားသူတွေအပေါ် ဆက်ဆံရေးကောင်းပါတယ်ဆိုတာ ပြချင်လို့ပဲဖြစ်တယ်။
 
စုကျဲယွီ ဝမ်းနည်းပြီး ဒီအစီအစဉ်ကို အကြံပေးခဲ့တဲ့ ရွှီချိုင်ရန်ကိုပဲ အပြစ်တင်နေမိတယ်။ နောက်တစ်ခါတွေ့လို့ကတော့ အပြစ်ပေးပစ်မယ်ဆိုပြီး သူမ ကြိမ်းဝါးနေပေမဲ့ တကယ်ကြီး ရွှီချိုင်ရန်က သူမဆီ ရောက်လာလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။
 
ဒါပေမဲ့ စုကျဲယွီ သူမကို မဆူရသေးခင်မာပဲ သူမက အရင် အိပ်ရာရှေ့မှာမှာ ဒူးထောက်ချလိုက်ပြီး ကိုယ့်ပါးကိုယ် ရိုက်ပါ‌လေကော။
 
စုကျဲယွီ အံ့အားသင့်သွားတယ်။ စိတ်ထဲက ဒေါသတွေကတော့ တဝက်လောက် ပြေသွားပြီ။
 
“နင် ဘာလုပ်နေတာလဲ!”
 
“ညီမလေး အသုံးမကျလို့ပါ။ ညီမလေး အသုံးမကျတာကြောင့် မမကို ဒုက္ခခံရစေခဲ့တာပါ!”
 
ရွှီချိုင်ရန်က မျက်ရည်ဘူးသီးလုံးလောက် ကျပြရင်း ပြောလာတယ်။
“ကျွန်တော်မျိုးမက ဒီနန်းတော်မှာ လူသစ်ဆိုတော့ ဧကရီမိဖုရားခေါင်က ဒီလောက် ကောက်ကျစ်မှန်း မသိခဲ့ဘူး။ ဒီနေ့ ကျွန်တော်မျိုးမ လာတာ ခွင့်လွှတ်ဖို့ လာတောင်းဆိုတာ မဟုတ်ပါဘူး။ မယ်မယ့်စိတ်ထဲ ဒေါသကို မျိုသိပ်မထားဖို့ပဲ မျှော်လင့်မိပါတယ်။ မယ်မယ် ခံစားချက်မကောင်းဘူး စိတ်ပြေသွားအောင် ကျွန်တော်မျိုးမကို ရိုက်ရိုက်ပုတ်ပုတ် လုပ်ပစ်လို့ရပါတယ်”
စုကျဲယွီကလည်း ကျီဝူကျိုးလိုပဲ လူတွေ သူ့ဆီ အောက်ကျို့တာကို ကြိုက်တယ်။ တစ်ဖက်လူက ပိုအောက်ကျို့လေ သူတို့က သဘောကျလေပဲ။ သူတို့စိတ်ကလည်း တဖြေးဖြေး ပြေသွားလိမ့်မယ်။ ရွှီချိုင်ရန် နန်းတော်ထဲ ရောက်ကတည်းက ဒါကို လုပ်တတ်သွားတာ။ သူမ ကျီဝူကျိုးကို ဒီလိုပဲ လုပ်ပြခဲ့ပြီး သူမ လှည့်ထွက်သွားတဲ့အခါ ကျန်တဲ့သူတွေကလည်း ဒီလိုပဲ လုပ်ကြလိမ့်မယ်။
 
အမှန်အတိုင်းပြောရရင် ဒါကို ကြမ္မာတစ်ပတ်လည်တယ်ပဲ ပြောရမလား။ ဒီနေ့မှာ မိန်းကလေးတွေ အများကြီး ကျီဝူကျိုးကို အောက်ကျို့ရတယ်ဆိုပေမဲ့ တနေ့နေ့ကျ ကျီဝူကျိုးလည်း မိန်းကလေးတစ်ယောက်အတွက် အောက်ကျို့ရတဲ့အချိန် ရှိလာမှာပဲ။ ဒါက ဘဝပဲလေ။
စုကျဲယွီ ရှေ့မှာ ရွှီချိုင်ရမ်က မျက်နှာအရေထူထူနဲ့ပဲ အလာဘဿလာဘ ပြောပေးနေတာပဲ ကြည့်လေ။ စုကျဲယွီ စိတ်ပြေသွားတဲ့နောက် နှစ်ယောက်သား ယဲ့ကျန်းကျန်းကို ကျိန်ဆဲရင်း အတင်းပြောရင်းနဲ့ ယဲ့ကျန်းကျန်းကို တိုက်ခိုက်ဖို့ တစ်ဖက်တည်း ပြန်ဖြစ်သွားကြတယ်။
လုဟွားနန်းတော်က ပြန်ထွက်လာတဲ့နောက် ရွှီချိုင်ရမ် လမ်းဖြေးဖြေး လျှောက်နေရင်း အစောင့်ရဲမက်အုပ်စုတစ်စု ‌ဖြတ်သွားတာကို တွေ့လိုက်ရတယ်။ အုပ်စုခေါင်းဆောင်က ကြံခိုင်သန်မာပြီး ခေါင်းဆောင်အရည်အချင်းပြည့်ဝတဲ့ ခံစားချက်ပေး ပေးတယ်။
လုလီအကြောင်းကို သူမလည်း ကြားဖူးတယ်။ သူက မြို့တော်မှာ နာမည်ကြီးတဲ့ ပညာသင်ဖြစ်ပြီး မိသားစုကောင်းကောင်း၊ စိတ်နေစိတ်ထား ကောင်းကောင်းနဲ့ တောက်ပတဲ့ အနာဂတ်ရှိတယ်။ ‌ရှေ့တုန်းက သူမမိဘတွေက အိမ်ထောင်ဖက်ကို ရှာပေးတုန်းက သူလည်း စာရင်းထဲက တစ်ယောက်ပဲ။ ဒါပေမဲ့ ...
 
“သူက ဧကရီမိဖုရားခေါင်ရဲ့ ဝမ်းကွဲအစ်ကိုလို့ ငါ ကြားတယ်။ ကြည့်ရတာ သူတို့ကြား ဆက်ဆံရေးက အတာ်ကောင်းတဲ့ပုံပဲ”
 
လုလီရဲ့ နောက်ကျောကို ကြည့်ရင်း ရွှီချိုင်ရန် တီးတိုးဆိုလိုက်တယ်။
သူတို့ကြားက ဆက်ဆံရေးက ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ သူတို့က ဝမ်းကွဲတွေဖြစ်တဲ့အပြင် နန်းတော်ထဲ မကြာခဏတွေ့ဖြစ်နေတယ်(ရည်ရွယ်ချက်ရှိရှိ မဟုတ်ရင်တောင်မှ) ဆိုတာနဲ့တင် ယဲ့ကျန်းကျန်းကို အပြစ်ပုံချဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စ မဟုတ်တော့ဘူး။ ဝမ်းကွဲအစ်ကိုတွေ ဘာတွေဆိုတာက သံသယဖြစ်စရာကောင်းတယ်။ နောက်ပြီး အဲ့လိုအဖြစ်မျိုးတွေက ရှေ့မှာလည်း ဖြစ်ပျက်ခဲ့ဖူးတဲ့ သာဓကတွေ ရှိတယ်လေ။
ရှေ့ရက်တွေတုန်းက ဧကရီမိဖုရားခေါင်က အာဏာပြပြီး သတိပေးထားတာမို့ အနောက်နန်းဆောင်ကလူတွေလည်း အပေါ်ယံမှာတော့ အခုတလော ငြိမ်နေကြတယ်။ ဘယ်သူမှ ဘာပြဿနာမှ မရှာရဲကြဘူး။
ဒါပေမဲ့ ဟုတ်တာပေါ့။ အဲ့တာက အပေါ်ယံပဲလေ။ လူတွေက တကယ်ပဲ ပွဲမကြိုက်တော့ဘူးဆိုတာ ရှိလို့လား။
အားလုံးသိတဲ့အတိုင်း အရှင်မင်းကြီး ပြုံးတဲ့အချိန်တော်တော်များများက တစ်ယောက်ယောက်ကို ဘူလီဖို့ ဖြစ်တယ်။ ဒါပေမဲ့ ဒီနှစ်ရက်အတွင်း သူ့မျက်နှာက ပြုံးစစနဲ့ ကြည့်ရတာ သိပ်ကြောက်ဖို့ ကောင်းတာပဲ။ တစ်ယောက်ယောက်ကတော့ ... တကယ်ကြီး ကံဆိုးတော့မှာပဲ!
ဒါပေမဲ့ ပြောစရာရှိတာက အရှင်မင်းကြီးက အခုထက်ထိ ဘာမှတော့ အရေးယူတာ မရှိသေးဘူး။
ဒီထူးဆန်းတဲ့ အခြေအနေအပေါ် ကျီဝူကျိုး ဘာမှတ်ချက်မှ ဝင်မပေးပေမဲ့ ပြုံးတာ အလုပ်မဖြစ်ဘူးဆိုတာ သူလည်း သဘောပေါက်လာတယ်။ ဘာလို့ဆို သူ ယဲ့ကျန်းကျန်းကို သွားပြုံးပြတဲ့အခါ သူမက မျက်မှောင်ကျုံ့ပြီး
 
“အရှင်မင်းကြီး ဒီတစ်ခါကော ဘယ်သူ့ကို ပြဿနာရှာမလို့လဲ”
 
ဧကရာဇ်တစ်ပါးအနေနဲ့ မိန်းမတွေ အများကြီးရှိတယ်ဆိုတာ ပုံမှန်ပဲ၊ ညဘက်ကျ မတူညီတဲ့ သူ့မိန်းမတွေဆီ သွားအိပ်ရတာလည်း ပုံမှန်ပဲ။ ဒါပေမဲ့ သူ ဘယ်မိန်းကလေးနဲ့ အတူရှိနေသည်ဖြစ်စေ သူ့မသိစိတ်ထဲမှာတော့ အဲ့မိန်းကလေး က ယဲ့ကျန်းကျန်းလို့ စိတ်စွဲနေတယ်။
 
ဒီလိုအဖြစ်မျိုးက တကယ်လည်း ရှက်ဖို့ကောင်းသလို ဘယ်သူမှ သိလို့မဖြစ်ဘူး။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ရှန်ကိုယ်လုပ်တော် သိသွားတယ်။ တစ်ညမှာ သူတို့နှစ်ယောက်လုံး အိပ်ရာပေါ် တက်ကြွနေကြတုန်း အရေးအကြီးဆုံးအပိုင်းမှာ ကျီဝူကျိုးက မျက်လုံးကို မှိတ်လိုက်ပြီး တော်တော် စိတ်ကျေနပ်သွားတဲ့မျက်နှာနဲ့ ရေရွတ်လိုက်တယ်။
 
“ကျန်းကျန်း!”
 
“…….”
ရှန်ကိုယ်လုပ်တော် သူမကို ခေါင်းကနေ ခြေအဆုံးထိ ရေခဲရေနဲ့ လာပက်တာ ခံလိုက်ရသလိုပဲ။ သူမမျက်လုံးတွေထဲမှာ ဝမ်းနည်းမှုအပြည့်နဲ့ စိတ်ပျက်မှု၊ မယုံနိုင်တဲ့အကြည့်တွေနဲ့ ကျီဝူကျိုးကို ကြည့်လိုက်တယ်။
 
သူ ဘာလုပ်လိုက်မိတာလဲဆိုတာ ကျီဝူကျိုး သတိထားမိတဲ့အခါ မျက်နှာပြောင်ပြောင်နဲ့ပဲ ရှန်ကိုယ်လုပ်တော်ကိုတောင် ပြန်မချော့နိုင်တော့ဘဲ အဝတ်အစား အမြန် ကောက်ဝတ်ပြီး ကန်ချင်းနန်းဆောင်ကို ထွက်သွားတော့တယ်။ ညတောင် အိပ်မသွားတော့ဘူး။
 
ရှန်ကိုယ်လုပ်တော် အိပ်ရာထဲ မျက်ရည်စက်လက်နဲ့ လှဲနေတယ်။ သူမ သူ့ကို တခြားသူတွေနဲ့ မျှရမယ်ဆိုတာ လက်ခံပါတယ်၊ ဒါပေမဲ့ တခြားတစ်ယောက်ရဲ့ အစားထိုးခံတော့ အဖြစ်မခံနိုင်ဘူး။
အားလုံးက အရှင်မင်းကြီးက ဧကရီမိဖုရားခေါင်ကို သဘောမကျဘူးလို့ ပြောကြပေမဲ့ အဲ့လိုလည်း ယုံနိုင်စရာ ရှိပါတယ်။ ဒါပေမဲ့ ဧကရာဇ်ရဲ့နှလုံးသားဆိုတာက သိဖို့ရာ ခက်တယ်လေ။
ရှန်ကိုယ်လုပ်တော် စောင်ကို ကျစ်ကျစ်ကိုင်ရင်း ရေရွတ်လိုက်တယ်။
အခု ကျီဝူကျိုးက အတွင်းဝတ်တွေပဲ ဝတ်ထားပြီး ထိုင်ခုံမှာ ထိုင်နေတယ်။ နွေးထွေးတဲ့ အလင်းရောင်အောက်မှာ သူ့မျက်နှာထားက နူးညံ့နေတယ်။ နေ့ပိုင်းတွေမှာ ရှိတဲ့ အေးစက်စက် မျက်နှာထားမျိုး မရှိတော့ဘူး။
“အရှင်မင်းကြီး ကျွန်တော်မျိုးမမှာ ထူးဆန်းတဲ့ ရောဂါရှိတာ သိတယ်နော်။ ကျွန်တော်မျိုးမ အရှင်မင်းကြီးကို မခစားနိုင်ဘူး”
 
ယဲ့ကျန်းကျန်း တွေးနေတယ်။ တကယ်လို့ ရှင် ထိရင် ကျွန်မ အန်ချမှာနော်။ ဒီလိုနဲ့ပဲ ဘာမှစိတ်ပူမနေတော့ဘဲ အိပ်ရာဆီ တက်သွားတော့တယ်။ ခစားလုပ်ကိုင်ပေးရတဲ့လူတွေ အကုန်လုံး ကျီဝူကျိုး တခြားပို့ပစ်လိုက်တာကြောင့် သူကိုယ်တိုင် သူမ အပြင်ဝတ်တွေကို ချွတ်ပေးရတယ်။ နောက်ပြီးကျ သေချာလေး ခေါက်ပေးတယ်။ ယဲ့ကျန်းကျန်းတောင် နည်းနည်း အံ့အားသင့်သွားရတယ်။
အခုလော‌လောဆယ်အတွက်ပေါ့ ....
 
ယဲ့ကျန်းကျန်း စိတ်နည်းနည်း ပူနေသေးပေမဲ့ ခန္ဓာကိုယ်က တဖြေးဖြေး အိပ်ငိုက်လာပြီး အိပ်မောကျသွားတယ်။
 
သူ့ရင်ခွင်ထဲ သူမကို ဖက်ထားရင်း ကျီဝူကျိုး အိပ်မပျော်နိုင် ဖြစ်နေတယ်။ သူ လုပ်ခဲ့တာတွေအတွက် ဒါက တန်ပါတယ်လေလို့ တွေးမိတယ်။ ဘယ်မိန်းကလေးကိုမှ နောက်ကလိုက်ရတာမျိုး မရှိပေမဲ့ ဒီမိန်းကလေးနဲ့ကျမှ ရူးတော့မတတ်ဘဲ။ အခု သူမက သူ့ရင်ခွင်ထဲ ရှိနေပေမဲ့ မစားရပြန်ဘူး။ ဒါက သေချာပေါက်ကို ရောဂါတစ်မျိုးပဲ!
သူ့ရင်ခွင်ထဲ ရောက်နေတဲ့သူမကို ကြည့်ရင်း သူ့ခံစားချက်တွေ နည်းနည်း တည်ငြိမ်သွားသလို ရှိပေမဲ့ ဒါက မလုံလောက်သေးဘူး။ တော်တော့်ကို မလုံလောက်သေးတာ။ သူ့နှလုံးသားက နာကျင်နေတာမျိုး မဟုတ်ဘဲ ဗလာကြီးဖြစ်နေသလို ခံစားရတယ်။ သူမက သူနဲ့အနီးဆုံးမှာရှိနေပေမဲ့ အဝေးဆုံးမှာလည်း ဖြစ်နေပြန်တယ်။
 
သူ့လက်ကို နည်းနည်း ရွှေ့မလို့ လုပ်လိုက်တဲ့အချိန် တစ်ဖက်က သက်တောင့်သက်သာမရှိတော့တဲ့ သက်ပြင်းချသံလေးကို ကြားလိုက်ရတယ်။
ကျီဝူကျိုး ငုံ့လိုက်ပြီး သူမရဲ့ နက်မှောင်တဲ့ဆံနွယ်တွေကို နမ်းရှိုက်လိုက်တယ်။ တဖြေးဖြေးချင်း သူမလည်တိုင်လေး ... ။ ကျီဝူကျိုး အသက်ပြင်းပြင်း ရှူလိုက်တယ်။ သူ့ကိုယ်တစ်ခုလုံး သူမကိုယ်သင်းရနံ့နဲ့ လွှမ်းခြုံသွားသလိုပဲ။
ဒီနေရာမှာ လူအတော်များများ ရောက်နေကြတယ်။ ယဲ့ကျန်းကျန်းမှာ သူမ ဘယ်သွားသွား လူတွေ လိုက်လာစေတဲ့ စွမ်းရည်တစ်ခု ရှိတယ်ဆိုတာ ကျီဝူကျိုး သိလိုက်ရတယ်။ ဘယ်လောက်ပဲ တိတ်ဆိတ်ပြီး သေမလိုဖြစ်နေတဲ့နေရာဖြစ်ပါစေ သူမ ရောက်လာတာနဲ့ သက်ဝင်လှုပ်ရှားနေတဲ့နေရာတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်တယ်။
ဒီဖိနပ်တွေကို စီးရင်း သူမ ပျော်ပျော်ရွှင်ရွှင်နဲ့ ရေခဲပြင်ပေါ် တက်သွားတယ်။ ဒါပေမဲ့လည်း ဘယ်လောက်ပဲ ကောင်းတယ်ဆိုပါစေ ပထမဆုံး စကိတ်စီးတာမို့ သူမ မျှခြေပျက်သွားပြီး အရှေ့အနောက် ယိမ်းထိုးသွားတယိ။ အကြိမ်အနည်းငယ် ဟက်တိုးလဲတော့မလို ဖြစ်သွားပေမဲ့ ပြန်ရပ်လို့ ရသွားတယ်။ ဝမ်ရိုးချိုင်နဲ့ ကုန်းကုန်းတစ်စုကလည်း ရေခဲပြင်ပေါ် ရပ်နေကြတယ်။ အစကတော့ ယဲ့ကျန်းကျန်းကို ကာကွယ်ပေးဖို့ဆိုပြီး လုပ်ထားတာ၊ အခုကျ သူတို့ဖာသာသူတို့တောင် ရေခဲပြင်ပေါ် ချော်လဲကျနေကြတယ်။
 
ယဲ့ကျန်းကျန်း သူမကိုယ်ကို ထိန်းနိုင်သွားတဲ့အခါ ဝမ်ရိုးချိုင်နဲ့ ကျန်တဲ့သူတွေကို ထားခဲ့ပြီး အရှိန်နဲ့ စကိတ်စီးနေတော့တယ်။ ဟိုးအဝေးကကြည့်ရင် အနီရောင် တိမ်တိုက်လေးတစ်ခု မျောလွင့်နေသလို၊ပန်းကို ချီပြီး ပြေးသွားတဲ့ ငှက်ကလေးလိုပဲ။
 
ကျီဝူကျိုးလည်း စကိတ်စီးတာကို စိတ်ဝင်စားလိုက်ပြီး ရေခဲပြင်ပေါ် တက်ကာ တဖြေးဖြေးချင်း အလယ်ဆီ လျှောက်လာတယ်။ ဒီနေ့ သူ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး နက်မှောင်တဲ့ဆံပင်ကို ချထားတယ်။ အေးဆေးတည်ငြိမ်တဲ့ မျက်နှာနဲ့အတူ ကျက်သရေရှိတဲ့ ကိုယ်ဟန်က နတ်သားတစ်ပါးအလား ထင်မှတ်ရတယ်။
အရှိန်နဲ့ စကိတ်စီးလာရင်း ယဲ့ကျန်းကျန်း အော်လိုက်တယ်။ ဖိနပ်တွေက သူမပြောစကား နားမထောင်ဘဲ အရှိန်ရပ်လို့မရဘူးဆိုတာ သူမ သိလိုက်ရတယ်။ သူမရှေ့တည့်တည်မှာ ကျီဝူကျိုးရှိနေတာကို တွေ့တဲ့အခါ ရှောင်ချင်ပေမဲ့ ရှောင်လို့ မရဘူး ဖြစ်နေတယ်။ ဒီတော့ သူ့ကိုပဲ ဘေးဖယ် ဘေးဖယ်ဆိုပြီး အော်နိုင်တော့တယ်။ ကျီဝူကျိုးအတွက် ရှောင်ဖို့က လွယ်မှာပဲဆိုပြီး သူမ တွက်လိုက်တာ။
“အ...အရှင်...”
 
သူ့ကြည့်ရတာ ပျော်နေတဲ့ပုံပေါက်နေတာလား?
ကျီဝူကျိုး ရေခဲပြင်ပေါ် လဲကျနေတုန်းပဲ။ နောက်ပြီး သူမကို ကြည့်နေတယ်။ သူမ မျက်နှာက နေရောင်ကို မျက်နှာမူထားပြီး ဆောင်းတွင်းရဲ့ နေရောင်ခြည်က အတော်လေး နွေးထွေးတာမို့ သူမဘေး ရောင်စဉ်တွေ ဖြာကျနေသလိုပဲ။ နေရောင်ခြည်က သူမပုခုံးကနေတဆင့် သူ့မျက်လုံးဆီ ရောက်လာတာမို့ အလင်းစူးပြီး သေချာကောင်းကောင်း မမြင်ရဘူး။ ဒါပေမဲ့ အခုအခြေအနေက အဖြူရောင်အပေါ် အနီရောင်သူမက ရောက်နေတော့ တိမ်တိုက်ပေါ်က နေဝန်းနီလိုပဲ။ ကျီဝူကျိုးစိတ်ထဲ သူတို့က တကယ် နတ်ဖက်တဲ့စုံတွဲလို့ ကြိတ်တွေးနေမိတယ်။
 
ကျီဝူကျိုး အတွေးထဲ နစ်နေတာကို တွေ့အခါ ခေါင်းထိသွားတာများဆိုပြီး ယဲ့ကျန်းကျန်း စိုးရိမ်သွားတယ်။ သူမ လက်နဲ့ သူ့မျက်နှာကို ခပ်ဖွဖွ ပုတ်လိုက်တယ်။
တချိန်တည်းမှာပဲ ယဲ့ကျန်းကျန်း သူမကို မလျော်မကန်နေမိနေတာကို သတိထားမိပြီး ထဖို့ လုပ်လိုက်တဲ့အချိန် သူကလည်း ထလာပြီး နှစ်ယောက်သား ထပ်လဲကျသွားပြန်တယ်။ ကျီဝူကျိုးက ရုတ်ရက် သူမက လှည့်လိုက်ပြီး ယဲ့ကျန်းကျန်း သူ့အောက်ရောက်သွားတယ်။
 
မင်း ကိုယ့်လက်ထဲက ဘယ်တော့မှ ထွက်သွားလို့ရမှာ မဟုတ်ပါဘူး။
 
 
 

ရွှေနန်းထက်က ဧကရီWhere stories live. Discover now