Chapter 37

1.8K 185 1
                                    

Empress with No Virtue
Chapter 37
Translator – Utopia
 
မနက်စောစောမှာ ဖုန့်ရိုးတျယ်တစ်ယောက် မုတ်ဆိတ်ဖြူနဲ့ တော်ဝင်သမားတော်ကြီးကိုပင့်ကာ ကန်ချင်းနန်းဆောင်ဆီ အသော့နှင်လာတယ်။
 
သမားတော်ရဲ့မျိုးရိုးနာမည်က ထိုက်ဖြစ်တယ်။ တော်ဝင်သမားဆောင်ရဲ့ အကြီးအကဲဖြစ်ပြီး အရည်အချင်းလည်း အမြင့်ဆုံးဖြစ်တယ်။ ရှေ့ရက်တုန်းက ဧကရာဇ်က သူ့ကို ခေါ်တွေ့ခဲ့တယ်လို့ ကြားခဲ့တယ်။ ဖြစ်နိုင်တာက အရှင်မင်းကြီးနဲ့ မယ်မယ်တို့ နည်းနည်း အဆော့လွန်သွားတဲ့ လွန်ခဲ့တဲ့နှစ်ညလောက်တုန်းက ဖြစ်မယ်။ ဒီအကြောင်းကို သူလည်း သမားတော်ထိုက်ဆီက ကြားထားပြီးပြီ။
ဒါပေမဲ့ သူ့အထင်နဲ့အမြင် လွဲသွားတယ်။ အရှင်မင်းကြီးက သူ့ခန္ဓာကိုယ်ကို စစ်ဆေးခိုင်းတာ မဟုတ်ဘဲ စာအုပ်တစ်အုပ် ပေးလိုက်တယ်။ ယင်းယန်ကျင်း?
 
ဒီစာအုပ်ကို ယဲ့ကျန်းကျန်းဆီက ကျီဝူကျိုး ယူလာတာဖြစ်တယ်။ အစတုန်းကတော့ သာမန်စာအုပ်လို့ပဲ ထင်ခဲ့ဝာာ။ ဒါပေမဲ့ ခဏကြာတော့ ဒီစာအုပ်က တစ်ခုခုရှိနေတယ်ဆိုတာကို ရှာတွေ့ခဲ့တယ်။ သူ စာအုပ်ကို ဘယ်လောက်ပဲ လှန်ကြည့်ပါစေ ဒီစာအုပ်ထဲပါတဲ့ အကြောဆုံမှတ်တွေက အတွင်းအားကွန်ဖူးကျင့်ဖို့အတွက်နဲ့ မတူသလိုပဲ။ ဒါ့ကြောင့်မို့ ဒီနေ့ ကျွမ်းကျင်တဲ့သူကို ခေါ်ပြီး ဖတ်ကြည့်ခိုင်းတာ ဖြစ်တယ်။
 
သမားတော်ထိုက် စာအုပ်ကို တစ်ချက်လှန်ဖတ်ကြည့်လိုက်ပြီးတဲ့နောက် ဖုန်ရိုးတျယ်ဆီ ပြန်ပေးလိုက်တယ်။
 
“ဒီတော့?”
ကျီဝူကျိုးက မေးလိုက်တယ်။
 
“အရှင်မင်းကြီးကို ပြန်လျှောက်တင်ပါတယ်။ ဒီစာအုပ်က တကယ် အတွင်းအားကွန်ဖူးကို ကျင့်ဖို့ နည်းနည်းတော့ အထောက်အကူပြုတယ်ဆိုပေမဲ့ ထိရောက်မှုတော့ မရှိပါဘူး။ အဓိက ရည်ရွယ်ချက်က ...”
 
သူ‌ပြောဖို့ စကားလုံး သေချာရွေးနေရတယ်။
“ယင်းယန် မျှတစေဖို့ပါ”
 
“ယင်းယန် မျှတစေဖို့?”
ကျီဝူကျိုး သမားတော်ထိုက်ကို မယုံသင်္ကာနဲ့ လှမ်းကြည့်လိုက်တယ်။ ငါ ထင်နေတဲ့ အဲ့ဟာတော့ မဟုတ်ဘူးမလား။
 
သမားတော်ထိုက်က ခေါင်းညိတ်လိုက်တယ်။ အရှင်မင်းကြီး ထင်နေတဲ့ဟာ အတိအကျပဲ။
သူ စာအုပ်ကို ဖုန့်ရိုးတျယ်ဆီက လှမ်းယူလိုက်ပြီး ကျီဝူကျိုးကို ပြလိုက်တယ်။
 
“ဒီစာအုပ်ကို ယင်းယန်ကျင်းလို့ ခေါ်တယ်။ တကယ်တော့ ဒါက စာအုပ်၂အုပ် ပေါင်းထားတာပါ။ အရှေ့ပိုင်းကို ယန်ကျင်းလို့ ခေါ်ပြီး အမျိုးသားတွေ ကျင့်ကြတယ်။ နောက်အပိုင်းကတော့ အမျိုးသမီးတွေ ကျင့်ရတဲ့ ယင်းကျင်း။ တစ်ချိန်တည်း နှစ်ယောက်အတူတွဲကျင့်မယ်ဆို ယင်းယန်ကို အတူ ရယူဖို့ အကူအညီပေးပါတယ်”
နောက်တစ်မျိုးပြောရရင် ဒါက အိပ်ရာပေါ်က ကိစ္စတွေကို အကူအညီပေးတဲ့ သိုင်းပေါ့!
 
သမားတော် ထွက်သွားပြီးနောက် ကျီဝူကျိုး စာအုပ်ကို ယူပြီး နှစ်ပိုင်းခွဲပစ်လိုက်တယ်။ ယန်ကျင်းအပိုင်းကို သူ့အတွက် ယူထားလိုက်ပြီး ယင်းကျင်းအပိုင်းကို ယဲ့ကျန်းကျန်းကို ပြန်ပေးဖို့ ကြံလိုက်တယ်။ ဒါပေမဲ့ ယင်းယန်ညီညွတ်မှုဆိုတာကို ကျီဝူကျိုး အရမ်း သိချင်နေတယ်။
ဒီ့နောက် ကျီဝူကျိုး ယန်ရှင်းခန်းမဆောင်ကို သွားပြီး လျှောက်တင်လွှာတွေကို ဖတ်နေတယ်။ ယဲ့ကျန်းကျန်း ကိုယ်တိုင် သူနဲ့ တွေ့ဖို့ ယန်ရှင်းခန်းမဆောင်ကို ရောက်လာတာတောင် သတိမထားလိုက်မိဘူး။
ကျီဝူကျိုး အံ့အားသင့်သွားတယ်။ ဘာကိစ္စများရှိလို့ သူမကိုယ်တိုင်တောင် ယန်ရှင်းခန်းမဆောင်ဆီ ရောက်လာတာလဲဆိုတာ သိဖို့လိုနေပြီ။
 
ယဲ့ကျန်းကျန်း ယူဖတ်ကြည့်လိုက်တယ်။ လျှောက်တင်လွှာ ၃စောင် ရှိတဲ့ထဲ ၂စောင်က မိုင်၆၀၀ ကနေ ပို့လိုက်တာဖြစ်ပြီး ကျန်တစ်စောင်က မိုင် ၈၀၀ က လာတာဖြစ်တယ်။ ကန်းစု၊ တတုန်း နဲ့ လျန်တုန်းက ပို့လိုက်တဲ့စာတွေ။ အထဲက အကြောင်းအရာကတော့ မထူးခြားနားပါပဲ။ နယ်စပ်အလွန်မှာ သူတို့ကို ဦးတည်လာနေတဲ့ စစ်တပ်တွေ ရှိနေတယ်။ အချိန်ကလည်း မတိမ်းမယိမ်းပဲ။
ဒီ၃နေရာက တချီရဲ့ မြောက်ဘက်နယ်စပ်မှာ တည်ရှိတယ်။ တောင်ဘက်၊ အလယ်ပိုင်းနဲ့ မြောက်ဘက် ကြားက အကွာအဝေးက မိုင်ထောင်ချီရှိပြီး တကယ်လို့သာ တပြိုင်နက် ၃နေရာလုံးကို တိုက်ခိုက်လာရင် ဘယ်လိုမှ တောင့်ခံနိုင်မှာ မဟုတ်ဘူး။
ကျီဝူ‌ကျိုး ခေါင်းညိတ်လိုက်တယ်။ ဒီမိန်းကလေးက ပြဿနာအရင်းအမြစ်ကို တကယ် နားလည်တာပဲ။ အဲ့ဒါက ကျီဝူကျိုး စိတ်အပူရ ဆုံးကိစ္စပဲ။
 
“တကယ်လို့ သူတို့ တချိန်တည်းမှာ ဝင်တိုက်ခဲ့ရင်ကော”
 
“တကယ်လို့ အဲ့လိုဖြစ်ခဲ့ရင် ဒီစစ်မျက်နှာ သုံးခုလုံးကို ကျွန်တော်မျိုးမတို့ ကာကွယ်ရလိမ့်မယ်။ ဒီ၃နေရာက တစ်ခုနဲ့တစ်ခု အတော် ဝေးပြီး စစ်ကူပေးဖို့ဆိုတာလည်း မဖြစ်နိုင်ဘူး။ တချိန်တည်းမှာပဲ စစ်တပ်ကို စစ်မျက်နှာ၃ခုဆီ ဖြန့်ထားရတာမို့ ကျွန်တော်မျိုးမတို့ဘက်မှာ အကျိုးယုတ်သွားပြီ။ ဘာလို့ဆို တစ်နေရာသာ ကျသွားပြီဆို ကျန်တဲ့ ၂နေရာက လာကူနိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် မြို့တော်က ကိုယ့်ဖာသာကိုယ် ကာကွယ်မှပဲ ရလိမ့်မယ်”
 
ဒါပေမဲ့ အဲ့လိုသာ ဖြစ်လာရင် သုံးနေရာမှာ ဖြန့်ထားရတဲ့ စစ်တပ်တွေက အန္တရာယ်အများဆုံး ဖြစ်လာမှာပဲ။ ယဲ့ကျန်းကျန်း တွေးရင်း မျက်မှောင်ကျုံ့လိုက်တယ်။
 
“မင်း ကောင်းကောင်း သုံးသပ်ပြသွားဝာာပဲ။ ဒီကိုလာ”
ကျီဝူကျိုး လက်ဟန်နဲ့ လှမ်းခေါ်လိုက်တယ်။
 
 
သူမကို တစ်ခုခု ပြချင်လို့ဖြစ်မယ်ဆိုတာ ယဲ့ကျန်းကျန်း သိတယ်။ ဒါ့ကြောင့်မို့ သူ့ဆီ သွားလိုက်ပြီး ထိုင်လိုက်တယ်။ နဂါးရုပ်နောက်ခံထိုင်ခုံက ကျယ်ကျယ်ဝန်းဝန်း ရှိတာမို့ လူနှစ်ယောက် ဝင်ထိုင်တာတောင်မှ ကျပ်မသွားဘူး။
 
ကျီဝူကျိုးက မြေပုံကို ထုတ်ပြလာတယ်။ မြေပုံပေါ်မှာ သုံးနေရာကို အမှတ်အသား လုပ်ထားတယ်။ ကျီဝူကျိုး မြေပုံကို ကြည့်ရင်း
“ကိုယ် သိချင်နေတာက တကယ်လို့ အဲ့လိုသာဆို သူတို့ တချီကို တိုက်ဖို့ ဘယ်သူနဲ့ လက်တွဲလောက်လဲ”
စစ်တိုက်ဖို့ဆိုတာက စွန့်စားရလွန်းတဲ့ အလုပ်ပဲ။ ဒီအရိုင်းအစိုင်းမျိုးနွယ်စုတွေရဲ့ဘဝက ကြမ်းတမ်းတယ်။ ဆောင်းတွင်းမှာ ရိက္ခာမချန်ပဲ သိုးတွေကို အများကြီး စားပစ်လိုက်ရင် နွေဦးပေါက်တဲ့အခါ ဗိုက်ဟောင်းလောင်းနဲ့ နေရလိမ့်မယ်။ ဒါ့ကြောင့် ၂ရက်၃ရက် တစ်ခါ တချီကို ရောက်လာပြီး ခိုးတတ်ကြတယ်။ တစ်ခါတလေကျ ပစ္စည်းကောင်းတွေ ရသွားကြတယ်။ ဒါပေမဲ့ စစ်တိုက်တာကကျ မတူတော့ဘူး။ မရေတွက်နိုင်တဲ့လူတွေအများကြီးရဲ့ ဘဝတွေ ပြောင်းလဲသွားလိမ့်မယ်။ တကယ်လို့ ပြန်ရမှာက အချီကြီး မဟုတ်ရင် စစ်တိုက်ရတာက မတန်ဘူး။
ကျီဝူကျိုး ခဏ စဉ်းစားပြီးတဲ့နောက်
“ကိုယ်တို့ စစ်တပ်ကို ဘယ်လိုနေရာချထားသင့်တယ်လို့ မင်း ထင်လဲ”
 
“အားလုံးထဲမှာ တုလုဖန်က အဝေးဆုံးနဲ့ နည်းနည်း ပိုအားနည်းတယ်လို့ ပြောလို့ရတယ်။ သူတို့ ဟာမီကို သိမ်းပြီးတဲ့နောက်ပိုင်းမှသာ တချီနဲ့ အဆက်အဆံ ရှိလာတာ။ အဲ့မှာ စစ်သူကြီးလုနဲ့စစ်သူကြီးစု ရှိနေတော့ သူတို့ကို နယ်စပ်ကနေ အဝေးမောင်းထုတ်ဖို့က မခက်ဘူး။ ကျန်တဲ့ ၂နေရာကတော့ မလွယ်လောက်ဘူး။ ကျွန်တော်မျိုးမတို့ ရွှမ်းဖူနဲ့ တတုန်းရဲ့ အလယ်မှာ စစ်တပ်တစ်တပ်ထားပြီး ဒုတိယခံစစ်စည်းအနေနဲ့ ထားသင့်တယ်။ အဲ့နေရာက မြို့တော်နဲ့လည်း မဝေးတော့ အမှားခံလို့ မရဘူး။ နောက်ပြီး တာတာပုရဲ့ စစ်တပ်က ကြောက်ဖို့ကောင်းတာမို့ အဲ့မှာလည်း အစောင့်တပ်ကို နည်းနည်း ထားသင့်တယ်။ လျန်တုန်းကိုကျ ...”
“ကျွန်တော်မျိုးမ ရှင်းပြတာ ဘယ်လိုနေလဲ”
 
သူမ အချီးမွမ်းခံချင်တဲ့ မျက်နှာထားလေးနဲ့ မေးလိုက်တယ်။
 
“မဆိုးပါဘူး”
 
ကျီဝူကျိုး ခေါင်းညိတ်လိုက်တယ်။
သူ့အဖြေနဲ့ပတ်သက်ပြီး ယဲ့ကျန်းကျန်း နည်းနည်း မပျော်နေချေ။
ကျီဝူကျိုး လပ်တစ်ဖက်ကို သူမပုခုံးပေါ် တင်ရင်း တစ်ဖက်က မြေပုံကို ညွှန်ပြကာ
 
“တုလုဖန်က ကိုယ်တို့လိုပဲ စစ်စရိတ်ကို ထည့်တွက်တဲ့လူစားမျိုး။ ဒီတစ်ကြိမ်မှာ အဖြစ်နိုင်ဆုံးက သူတို့ အခြိမ်းခြောက်ခံရတာ ဒါမှမဟုတ်ရင် တစ်ယောက်ယောက်က သူတို့ကို အသုံးချနေတာပဲ။ ဒီကိစ္စကို သေချာစုံစမ်းဖို့ လိုတယ်။ တာတာပုရဲ့ အတွင်းရေးက လက်ရှိမှာ ရှုပ်ထွေးနေတယ်။ သူတို့ခေါင်းဆောင်နဲ့ အမတ်ချုပ်က ဆက်ဆံရေး မပြေလည်ကြဘူး။ အမတ်တွေကလည်း အုပ်စုကွဲနေတယ်။ ပုန်ကန်ချင်တဲ့ လက္ခဏာရှိတယ်။ ကိုယ်တို့ ဒီအချက်ကို အသုံးချလို့ရတယ်။ နွီကျန်းမျိုးနွယ်စုက စစ်အင်အားမှာလည်း တောင့်တင်းပြီး လူတွေကလည်း သစ္စာရှိပြီး ရည်မှန်းချက်ကြီးကြတယ်။ ဒါ့ကြောင့်မို့ သူတို့၃ယောက်ထဲ နွီကျန်းမျိုးနွယ်စုက အန္တရာယ်အကြီးဆုံးပဲ။ အချုပ်ပြောရရင် တုလုဖန်နဲ့ တာတာပုက တကယ်တော့ နယ်ရုပ်သာသာပဲ။ နွီကျန်းမျိုးနွယ်စုကသာ ကိုယ်တို့ အာရုံစိုက်သင့်တာ။ ကိုယ်တို့ နွီကျန်းတွေကို ကောင်းကောင်း တိုက်ထုတ်ပြီး တချီရဲ့ တကယ့်အင်အားကို ပြရမယ်။ ဒါမှ နောင်မှာ သူတို့တွေ မှတ်သွားမှာ”
ဒီအချက်အလက်တွေကို ကြားရတဲ့အခါ ယဲ့ကျန်းကျန်း အံ့ဩမှင်သက်သွားတယ်။
 
ယဲ့ကျန်းကျန်းရဲ့ ကြည်လင်နေတဲ့မျက်ဝန်းအိမ်က သူမ စိတ်ရင်းနဲ့ပြောနေတယ်ဆိုတာကို ပြသနေတယ်။ ဒီလူက မကောင်းပေမဲ့ အရည်အချင်းတော့ ရှိသား။
ဒီလူက အံ့ဩလေးစားရတဲ့ ဧကရာဇ်ပုံစံ‌ကနေ စက္ကန့်အနည်းငယ်အတွင်းမှာပဲ လူမိုက်ပုံပြောင်းသွားတတ်တာကို ယဲ့ကျန်းကျန်း ကျင့်သား မရသေးဘူး။ ‌မျက်မှောင်ကျုံ့လိုက်ပြီး သူ့ကို အဝေးတွန်းလွှတ်လိုက်တယ်။
အဲ့အချိန်မှာပဲ ရုတ်တရက်ဆိုသလို အပြင်ဘက်ကနေ ငိုယိုနေတဲ့ မိန်းကလေးတစ်ယောက်ရဲ့အသံနဲ့အတူ ဆူဆူညံညံအသံကို ကြားလိုက်ရတယ်။
 
“ဘယ်သူ အပြင်မှာ လာဆူညံနေတာလဲ!”
 
“အရှင်မင်းကြီး ရွှီချိုင်ရန်က တွေ့ခွင့်တောင်းနေပါတယ်”
ဒါ့ကြောင့်မို့ အပြင်မှာ ဖုန့်ရိုးတျယ်ရဲ့ အကြံပေးသံကို ကြားလိုက်ရတယ်။
သူမ တကယ်ကြီး ကုန်းကုန်းတွေကို ရအောင် ကျော်ပြီး တံခါးကို ဖွင့်ကာ ဝင်ချလာတယ်။
ရွှီချိုင်ရန် ကျီဝူကျိုးဆီကို အမြန် ပြေးဝင်လာပေမဲ့ ကုန်းကုန်းတွေက သူမကို အမှီ အပြေးတားလိုက်နိုင်တယ်။ ဖုန့်ရိုးတျယ် ကျီဝူကျိုးကို လှမ်းကြည့်လိုက်တယ်။ ကျီဝူကျိုးက ခေါင်းငြိမ့်ပြလိုက်အခါ ဖုန့်ရိုးတျယ် တခြားသူတွေနဲ့အတူ ပြန်ထွက်သွားတော့တယ်။
 
ယဲ့ကျန်းကျန်းက ကျီဝူကျိုးဘေး နဂါးရုပ်ထွင်းထိုင်ခုံမှာ ကျကျနနထိုင်နေပြီး ရွှီချိုင်ရန်ကို ကြည့်ကာ ပြုံးရင်း
 
“ဝမ်းကွဲယောင်းမလေး ဆေးများ မှားသောက်မိတာလား။ ဘယ်လိုလုပ် ရုတ်တရက်ကြီး ခေါင်းပြောင်ဖြစ်သွားရတာလဲ။ စိတ်ဝင်စားဖို့တော့ ကောင်းသား”
 
“အဲ့ဒါ ရှင့်လက်ချက်ပဲ။ မကောင်းဆိုးဝါးမ!”
 
ရွှီချိုင်ရန် ဒေါသတကြီးနဲ့ သူမကို အစိမ်းလိုက် ဝါးစားတော့မယ့်အတိုင်း ကြည့်ရင်း ပြောဆိုလိုက်တယ်။ ဒါပေမဲ့ ကျီဝူကျိုးကလည်း ရှိနေသေးတာဆိုတော့ သူမကိုယ်သူမ အကောင်းဆုံး ထိန်းချုပ်ရင်း မျက်ရည်အပြည့်နဲ့ သနားစရာပုံ‌လုပ်ယူလိုက်တယ်။ တကယ်လို့ သူမမှာသာ ဆံပင်တွေရှိနေခဲ့သေးရင် သနားစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အခုကကျ ...
ရွှီချိုင်ရန် ငိုကြွေးရင်း
 
“အရှင်မင်းကြီး ကျွန်တော်မျိုးမကို သေချာပေါက် ကူညီရမယ်နော်။ ဧကရီမိဖုရားခေါင်က ကျွန်တော်မျိုးမကို ဆံပင်တွေအကုန် ကျွတ်သွားအောင် အဆိပ်ခတ်ခဲ့တယ်! အရှင်မင်းကြီး ကျွန်တော်မျိုးမကို ကျေးဇူးပြုပြီး ကူညီပါ”
 
“မင်းလုပ်ခဲ့တာလား”
 
“တကယ်လို့ ကျွန်တော်မျိုးမ လုပ်ခဲ့တယ်ဆိုရင်ကော ? တကယ်လို့ ရွှီချိုင်ရန်ကသာ ကျွန်တော်မျိုးမကို ထောင်ချောက်ဆင် စွပ်စွဲခဲ့တာဆိုရင် ကျွန်တော်မျိုးမ သူ့ကို အဆိပ်လေးနည်းနည်းတောင် ပြန်ခတ်လို့ မရဘူးလား”
ယဲ့ကျန်းကျန်းက ပြောင်ပြောင်တင်းတင်းပဲ ဝန်ခံလိုက်ပြီး မီးတောက်ထဲ ဆီထပ်ထည့်လိုက်တယ်။
“သူမက အရှင်မင်းကြီးကိုပါ အသုံးချခဲ့တာကိုလည်း မေ့ထားလို့မရဘူး။ ဒါကို အရှင်မင်းကြီးအတွက် ကူပြီး လက်စားချေပေးတယ်လို့တောင် ပြောလို့ရတယ်”
ကျီဝူကျိုးက သူ့ရှေ့လာပြီး မိကျောင်းမင်း ရေခင်းပြတာမျိုး မကြိုက်တာကို ယဲ့ကျန်းကျန်း သိနေတယ်လေ။ ဒီတစ်ခါ သူလည်း ရွှီချိုင်ရန်ကို ဝင်ကူမှာမဟုတ်ဘူး။
ကျီဝူကျိုး ခေါင်းညိတ်လိုက်တယ်။
ကျီဝူကျိုး ဒီလိုလုပ်လိမ့်မယ်ဆိုတာ ရွှီချိုင်ရန် ဘယ်လိုမှ မယုံနိုင်ဘူး။
“အရှင်မင်းကြီး အရှင်မင်းကြီး ကျွန်တော်မျိုးမကို ကူညီရမယ်! ဧကရီမိဖုရားခေါင်က ...”
“မတရားခံရတာတွေ၊ အမှန်တရားတွေ လျှောက်ပြောနေတာ ရပ်လိုက်ရင် ကောင်းမယ်။ ဒါက နင် ဆုံးဖြတ်ရမယ့်ကိစ္စ မဟုတ်ဘူး။ နင် မတွေးကြည့်ဖူးဘူးလား။ ငါ နင့်ဆံပင်ကိုတောင် ခေါင်းပြောင်အောင် လုပ်နိုင်ရင် နင့်ခေါင်းကိုလည်း ပြုတ်အောင် လုပ်နိုင်တယ်နော်! ငါ စိတ်လျှော့ပြီး နင့်ကို အသက်ရှင်ခွင့်ပြုထားတာကိုတောင်မှ သိတတ်နားလည်မှုမရှိဘဲ ဒီအထိလာပြီး ဆူဆူညံညံ လာလုပ်နေတယ်။ ကိုယ့်အမြီးကိုယ် ကောင်းကောင်း ဖွက်ပြီး လူပီပီသသနေ။ နင့်ခေါင်းမှာ ဆံပင်ပြန်ပေါက်တဲ့အခါကျ အဆင်ပြေသွားလိမ့်မယ်”
 
သူမဆီက ထူးထူးဆန်းဆန်းစကားကြောင့် ကျီဝူကျိုး ရယ်ချင်နေပေမဲ့ ထိန်းထားရင်း ‌လည်ချောင်းရှင်းကာ ဖုန့်ရိုးတျယ်ကို ခေါ်လိုက်တယ်။
“ရွှီချိုင်ရန်က ဆံပင်တွေ အကုန်ကျွတ်ပြီး မျက်စိထဲ မြင်ရတာ အဆင်မပြေလှဘူး။ ဒီနေ့ကစပြီး သူမကို အဆင့်၈ ရွှမ်ရှီအဆင့်ကို ရာထူးချလိုက်တယ်။ နှစ်ဝက် လစာဖြတ်ခံရပြီး ၃လ အကျယ်ချုပ်ကျစေ”
 
‘ကိုယ်တွေးနေတာက တစ်နေ့နေ့ကျ သေချာပေါက် မင်းကို နဂါးထိုင်ခုံမှာ ချစ်ပြဦးမယ် (မျက်စိမှိတ်ပြလျက်)’
 

ရွှေနန်းထက်က ဧကရီWhere stories live. Discover now