Chapter 34

1.9K 201 3
                                    

Empress with no Virtue
Chapter 34
Translator – Utopia
 
တိုင်တန်းချက်တစ်ခု လုပ်ဖို့ဆိုတာက အရည်အချင်းရှိဖို့လည်း လိုသေးတယ်။
 
ကိုယ် ပြောချင်တာပဲ ပြောလို့ မရဘူး။ တစ်ဖက်လူက ဘာကို ဆတ်ဆတ်ထိမခံ အဖြစ်ဆုံးလဲဆိုတာ သိဖို့ လိုတယ်။ ဥပမာ အနေနဲ့ ...
“အရှင်မင်းကြီး ကျွန်တော်မျိုးမကြားတာ ဧကရီမိဖုရားခေါင်က အိမ်ထောင်မကျခင်တုန်းက ဗိုလ်ကြီးလုနဲ့ အတော်ရင်းနှီးကြပြီး ဝမ်းကွဲတွေဆို?”
စစ်နင်နန်းဆောင်မှာ ရွှီချိုင်ရန် မယ်တော်ကြီးကို နှိပ်နယ်ပေးနေတယ်။ မယ်တော်ကြီးက မျက်လုံးတွေ မှိတ်ထားပေမဲ့ ဒီစကားကြားတဲ့အခါ သူမ မျက်လုံးတွေ ပွင့်သွားတယ်။
 
ရွှီချိုင်ရန်က စစ်နင်နန်းဆောင်ကို မကြာခဏ သွားလည်တတ်ပြီး တူမတစ်ယောက်အနေနဲ့ အဒေါ်ဖြစ်သူကို ဝတ္တရားကျေပွန်အောင် ပြုစုပေးပါတယ်ပေါ့။ ဒါ့အပြင် မယ်တော်ကြီးနဲ့ ဆက်ဆံရေးကောင်းအောင်လုပ်ရင်း ကျီဝူကျိုးကိုလည်း မကြာမကြာ တွေ့ရတယ်လေ။ နန်းတော်ထဲ မဝင်ခင်တုန်းကတော့ သူတို့နှစ်ယောက်က ချစ်ခင်ကြတဲ့စုံ‌တွဲတွေ ဖြစ်မယ်လို့ သူမ ထင်ခဲ့ပေမဲ့ တကယ်ကျ အဲ့လိုဖြစ်မလာခဲ့ဘူး။ ကျီဝူကျိုးက သူမဆီ လာမလည်သလောက် ရှားတယ်။
“သူမမိသားစုထဲမှာ အစ်ကိုတွေအစ်မတွေက အများကြီးပဲ ရှိတယ်။ ဒါပေမဲ့ သူမ နန်းတော်ထဲ ဝင်လိုက်ကတည်းက တော်ဝင်မိသားစုဝင် ဖြစ်သွားပြီ ဆိုမှတော့ ဒီကိစ္စတွေကို ပြောနေစရာ မလိုတော့ဘူး။ မင်းမှာ ဘာမှလုပ်စရာလည်း မရှိတာကို ဘာလို့ဒါတွေ လာမေးနေတာလဲ”
မယ်တော်ကြီးက ရွှီချိုင်ရန်လက်ကို အောက်ချလိုက်ပြီး ခပ်ဖြေးဖြေး ပုတ်ပေးကာ ကျီဝူကျိုးကို လှည့်ကြည့်လိုက်ပြီး
 
ထို့နောက် ရွှီချိုင်ရန်ကို ကြည့်ရင်း
 
“သမီးပြောတဲ့သူက ဗိုလ်ကြီးလုမလား? သူနဲ့ ဧကရီမိဖုရားခေါင်နဲ့က တကယ် ဝမ်းကွဲတွေပဲ”
 
ရွှီချိုင်ရန်က ရုတ်တရက် ခေါင်းငြိမ့်လိုက်ပြီး
 
“ကြည့်ရတာ ဧကရီမိဖုရားခေါင်နဲ့ ဗိုလ်ကြီးလုက တကယ် ဆက်ဆံရေးကောင်းတဲ့ပုံပဲ”
 
မယ်တော်ကြီးကတော့ သူမွေးထားတဲ့သားကို ဘယ်ကြောက်မလဲ။ ရွှီချိုင်ရန်ကို စိတ်အေးအောင် လုပ်ပေးလိုက်ပြီး ကျီဝူကျိုးကို ကြည့်ကာ
 
“တကယ်တော့ ... ထွေထွေထူးထူးတော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ညလောက်တုန်းက ကျွန်တော်မျိုးမ နေသိပ်မကောင်းတာနဲ့ ဆုတောင်းဝတ်ပြုရအောင် ယင်းဟွာခန်းမဆောင်ဆီ ထွက်လာခဲ့တာ။ ဒါပေမဲ့ ကျွန်တော်မျိုးမ ဝင်လိုက်တဲ့အချိန်မှာပဲ ခန်းမဆောင်ထဲ ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြတဲ့အသံကို ကြားလိုက်ရတယ်။ ကျွန်တော်မျိုးမ သိချင်စိတ်နဲ့ ခိုးနားထောင်လိုက်ပေမဲ့ အရမ်းဝေးနေတော့ ဘာအကြောင်းပြောနေကြတာလဲ သေချာမကြားရဘူး။ ဒါပေမဲ့ အသံကတော့ ဧကရီမိဖုရားခေါင်ရဲ့ အသံပဲ။ သူက အဲ့ယောကျာ်းကို ဝမ်းကွဲအစ်ကိုလို့ ခေါ်လိုက်တယ်။ အဲ့တာမို့ ကျွန်တော်မျိုးမ အစောနက မေးကြည့်တာပါ”
 
မယ်တော်ကြီးရဲ့ မျက်နှာက အရေးတကြီးပုံ ဖြစ်သွားပြီး
 
“ကလေး ဒါမျိုးကိစ္စက အလွယ်ကလေး ပြောလို့ရတဲ့ဟာ မဟုတ်ဘူး။ သမီးမျက်လုံးနဲ့ တကယ် မြင်လိုက်တာ သေချာလား”
 
ရွှီချိုင်ရန်က ခေါင်းညိမ့်လိုက်ပြိး
“မယ်တော့်ကို သားတော် မနှောင့်ယှက်ဝံ့ပါဘူး။ ဒီကိစ္စကို သားတော် သေချာစစ်ဆေးမှာမို့ မယ်တော် စိတ်ပူမနေပါနဲ့တော့။ သားတော် အရင်သွားတော့မယ်”
ကျီဝူကျိုးထွက်သွားတာကို မြင်တဲ့အခါ ရွှီချိုင်ရန် မယ်တော်ကြီးကို ပြန်နှိပ်နယ်ပေးလာတယ်။ အစောနကလိုမျိုး သူမမျက်နှာက အေးဆေးတည်ငြိမ်မနေတော့ဘဲ မျက်မှောင်ကျုံ့ကာ ရွှီချိုင်ရန်ကို ဆုံးမလာတယ်။
 
“သမီး တစ်ခုခု လုပ်ချင်တယ်ဆိုရင်လည်း ဘာလို့ မယ်တော့်ကို အရင် အသိမပေးတာလဲ။ ဒီနေ့ မယ်တော်သာ နောက်မှာ မရှိဘူးဆို ဘာမှမဟုတ်တဲ့ ချိုင်ရန်လေးတစ်ယောက်က ဧကရာဇ်ရှေ့ ဧကရီမိဖုရားခေါင်အကြောင်းကို စိတ်ထင်သလို ပြောခွင့်မရှိဘူး သိရဲ့လား”
 
“သမီး မှားသွားပါတယ် ! သမီးက မယ်တော့်ကိုပါ ဆွဲထည့်မိသလို ဖြစ်မှာစိုးတာနဲ့ ...”
 
အမှန်တရားအကြောင်းအချက်တွေအတိုင်းပဲ မယ်တော်ကြီးက သူ့သား စိတ်ဘယ်လိုဆိုတာ နားလည်နေတုန်းပါပဲ။ ကျီဝူကျိုးက အရမ်းကာရော ရွှီချိုင်ရန် သွေးထိုးတာကို ယုံမယ့်သူမဟုတ်ဘူး။ ဒီအမျိုးသမီးနှစ်ယောက်လုံးက ယဲ့ကျန်းကျန်းကို မကြိုက်ကြတဲ့အပြင် သူ့ရှေ့မှာ အခုလို လုပ်ပြနေတယ်ဆိုတော့ကာ သူတို့ ဘာဖြစ်ချင်နေတာလဲဆိုတာက ထင်ရှားနေတယ်။ သူလည်း ငတုံးမှ မဟုတ်တာ။ တကယ်က သူက သာမန်သူတွေထက်တောင် ပိုပါးနပ်သေးတယ်။
ဒါပေမဲ့ သူ့ဦးနှောက်က မယုံဘူးဆိုတိုင်း သူ့ခံစားချက်တွေကလည်း မယုံဘူးလို့တော့ မဆိုလိုဘူး။ သူ လျစ်လျူရှုနိုင်ပေမဲ့၊ ဒီအတိုင်း အတင်းအဖျင်းစကား‌တွေပါပဲလို့ ‌သူ့ကိုယ်သူ ပြောနေပေမဲ့ ရွှီချိုင်ရန်ရဲ့စကားတွေက သူ့စိတ်ထဲ ရောက်ရောက်လာနေတုန်းပဲ။
 
တိတ်ဆိတ်တဲ့ည၊ တိတ်ဆိတ်တဲ့ ခန်းမဆောင်မှာ ယောကျာ်းနဲ့ မိန်းမ နှစ်ယောက်ထဲ ... ပျော်ပျော်ရွှင်ရွှင် စကားပြောနေကြတယ် ... သူ့စိတ်ထဲ အဖြစ်အပျက်တွေက တကယ်လိုမျိုး ပေါ်လာနေတယ်။ ဒါတင်မကဘဲ အဲ့မြင်ကွင်းမှာ အသံတွေပါ ထည့်တွေးလာမိတယ်။ သူ့စိတ်ထဲက ကောင်မလေးက ချိုမြိန်တဲ့အသံနဲ့ “ ဝမ်းကွဲအစ်ကို” လို့ ချိုချိုမြိန်မြိန် ခေါ်နေတယ်။
 
 
အားလုံးကို ထွက်သွားခိုင်းပြီးတဲ့နောက် ကျီဝူကျိုး ထိုင်ခုံမှာ တွေတွေကြီး ထိုင်နေမိတယ်။ ၇နာရီ ၂၀ ကနေ ၉နာရီ ၅၀အထိ။ အဲ့တာက သူ ခွန်းနင်နန်းဆောင်မှာ မရှိတဲ့အချိန်ပဲ။ အခုတလော သူ ခွန်းနင်နန်းဆောင်မှာ အိပ်ဖြစ်နေတော့ သူ့စာရွက်စာတမ်းတွေကိုပါ ခွန်းနင်နန်းဆောင်ကို သယ်လာမလို့ပဲ။ ဒါပေမဲ့ စာရွက်စာတမ်းတွေကို ဟိုနန်းဆောင်ကနေ ဒီနန်းဆောင်ဆီ သယ်ရတာက ကရိကထ များတဲ့အပြင် ယဲ့ကျန်းကျန်းကလည်း မကြိုက်ဘူးဆိုတာနဲ့ ကျီဝူကျိုး ယန်ရှင်းနန်းဆောင်မှာပဲ အလုပ်လုပ်ပြီး ညကျမှ ခွန်းနင်နန်းဆောင်ကို ပြန်လာတတ်တယ်။ အဲ့အချိန်လောက်ဆို ယဲ့ကျန်းကျန်းလည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလောက်ပြီ။ သူမကို ဖက်ထားတဲ့အခါ သူမခန္ဓာကိုယ်က နွေးထွေးနေပြီး သူပါ မြန်မြန် နွေးထွေးသွားသလိုပဲ။ နှစ်ယောက်စလုံး အဲ့လိုပဲ အိပ်လိုက်ကြပြီး ဒီခံစားချက်က လုံခြုံစိတ်ချပြီး သိပ် ကောင်းမွန်တယ်။
အစတုန်းကတော့ သူတို့နှစ်ယောက်ကြားဆက်ဆံရေးက တိုးတက်လာနေတယ်လို့ ကျီဝူကျိုး ထင်ခဲ့တာ။ ဒါပေမဲ့ သူ မရှိတဲ့အချိန် ညတိုင်း ယဲ့ကျန်းကျန်း ဘာတွေလုပ်နေလဲဆိုတာ မသိခဲ့ဘူး။
သူ လုပ်တဲ့အထဲ ဘာအမှားများ ပါသွားလို့လဲ။ ကျီဝူကျိုး မသိလိုက်ဘဲ စိတ်က အလိုလို ထိုင်ခုံလက်ကိုင်ကို အားပြင်းပြင်းနဲ့ ဆုပ်ကိုင်ထားမိတယ်။ အမှန်တရားက သူ့အရှေ့မှာ ရှိနေတယ်၊၊ သူသာ စုံစမ်းချင်တယ်ဆို သိရဖို့က အလွယ်ကလေးပဲ။ ဒါပေမဲ့ သူ တကယ် စုံစမ်းချင်ရဲ့လား စိတ်ထဲ မသေချာဖြစ်နေတယ်။
အဲ့အကြောင်းကို တွေးမိတဲ့အခါ ကျီဝူကျိုးရဲ့အကြည့်က ရုတ်တရက် ပြောင်းသွားတယ်။ လက်ကလည်း ပိုအားထည့်လိုက်မိပြီး ‌ဖြောင်းကနဲဆိုတဲ့အသံနဲ့အတူ သူ့လက်ထဲကဟာလည်း နှစ်ပိုင်းကျိုးသွားတယ်။
 
“မင်းပြောချင်တာက ဧကရီမိဖုရားခေါင်က ငါ့ကို ယင်းဟွာခန်းမဆောင်မှာ တစ်ခုခု ဆွေးနွေးစရာရှိလို့ ည ၇နာရီ၅၀ မှာ လာတွေ့ခိုင်းတယ်ပေါ့လား”
 
“အဲ့အတိုင်းပါပဲ”
 
 
 
ဒါပေမဲ့ ဒီကိစ္စမှာ ယဲ့ကျန်းကျန်းပါ ပါနေမှတော့ ဘာပဲဖြစ်ဖြစ် သူ သွားရလိမ့်မယ်။ တကယ်လို့ တစ်ယောက်ယောက်ကသာ ‌ယောကျာ်းမိန်းမကြားက ကိစ္စမျိုးနဲ့ ကျန်းကျန်းကို စွပ်စွဲဖို့ ကြံနေတာဆိုရင် အဲ့လူကို မြန်မြန် ဖယ်ထုတ်ပစ်တာ အကောင်းဆုံးပဲ။
 
ညစာစားပြီး ခဏအနားယူပြီးတဲ့နောက် ယဲ့ကျန်းကျန်း စာအုပ်တစ်အုပ်ယူပြီး နန်းဆောင်က ထွက်လာခဲ့တယ်။ စူးယွဲ့တစ်ယောက်တည်းကိုပဲ သူမ ခေါ်လာလိုက်တယ်။
 
ဆောင်းတွင်းညက အေးစိမ့်နေတာမို့ သူတို့နှစ်ယောက်လုံး ထူထူထဲထဲ ဝတ်ထားကြတယ်။ စူယွဲ့ မီးပုံးကို ကိုင်ရင်း လက်တစ်ဖက်က ယဲ့ကျန်းကျန်းကို ကိုင်ကာ သူမကို နားချနေတယ်။
 
စာအုပ်ထဲမှာ ရေးထားတာက ...
 
ဒီသိုင်းကိုကျင့်ဖို့ဆို တိတ်ဆိတ်ငြိမ်သက်ပြီး လူသူဝေးတဲ့နေရာကို သင် ရှာဖို့လိုတယ်။ အကောင်းဆုံးနေရာက တောနက်ထဲ ဒါမှမဟုတ် ရေတံခွန်ရှိတဲ့နေရာမျိုး၊ ယဲ့ကျန်းကျန်း သွားမရတဲ့နေရာမျိုးတွေပေါ့။ ဒါ့ကြောင့်မို့ အနောက်နန်းဆောင်ထဲ တိတ်ဆိတ်ငြိမ်သက်တဲ့နေရာဆိုလို့ ယင်းဟွာနန်းဆောင်ကိုပဲ သူမ ရှာလို့တွေ့တယ်။
 
ဒါ့ကြောင့်မို့ ဒီရက်ပိုင်းထဲ ညဝိုင်း သူမ ယင်းဟွာခန်းမဆောင်ကိုလာပြီး သိုင်းလေ့ကျင့်နေတာဖြစ်တယ်။ ယင်းယန်ကျင်းဆိုတာက အတွင်းအားကွန်ဖူးသိုင်းတစ်မျိုးဖြစ်ပြီး သူမ တရားထိုင်နိုင်ပြီဆိုရင်ကို အတော် ကောင်းနေပြီဖြစ်တယ်။
 
 
“ဒါကို သေချာသိမ်းထားပါ။ မယ်မယ့်ကို ပစ္စည်းတွေ မပျောက်ရှစေနဲ့”
 
စူးယွဲ့ စစ်ဆေးကြည့်ပြီးတဲ့အခါ ပိုလို့တောင် အံ့အားသင့်သွားရတယ်။
 
“ဒါက တကယ်ပဲ ဟိုးရှေ့ရက်တွေတုန်းက ကျပျောက်သွားတဲ့အိတ်ပဲ။ ဘယ်လိုလုပ် ဗိုလ်ကြီးလက်ထဲ ရောက်နေတာလဲ”
 
အထဲက တံခါးက ပွင့်သွားပြီး သူမ လုလီကို မြင်တဲ့အခါ ပြုံးရင်း
“ငါ ဒီမှာအကြာကြီးနေလို့မရဘူး။ မင်း ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့လိုတယ်”
 
နောက်ပြီးကျ သူ့လက်ကို မြှောက်ပြီး ဟိုအရင်လုပ်နေကျအတိုင်း သူမခေါင်းကို ထိမိတော့မလို့ ဖြစ်သွားပေမဲ့ အချိန်မှီပဲ ပြန်ရုတ်လိုက်ပြီး မလှုပ်တော့ဘူး။
 
“ဝမ်းကွဲအစ်ကို ခဏစောင့်”
သူ ထွက်သွားတော့မယ့်ဟန်မြက်တဲ့အခါ ယဲ့ကျန်းကျန်းက အမြန်ပြောလိုက်ပြီး သိုင်းစာအုပ်ကို လုလီဆီ ကမ်းပေးလာတယ်။
 
လုလီ စာအုပ်ကို တချက်ဖွင့်ကြည့်လိုက်ပြီး
“ဒါက တုနှိုင်းမမှီတဲ့သိုင်းကျမ်း”
 
“ဟုတ်လား။ ဒါဆို ငါ သေချာမကြည့်မိတာ ဖြစ်မယ်။ တုနှိုင်းမမှီတဲ့သိုင်းကျမ်းကို ရခဲ့တဲ့အတွက် ဂုဏ်ယူပါတယ် ဝမ်းကွဲညီမလေး”
 
ထို့နောက် ခပ်လှမ်းလှမ်းကနေ ယောကျာ်းတစ်ယောက်ရဲ့အသံက ထွက်လာတယ်။
 
“ကြည့်ရတာ ကိုယ်တော် အချိန်ကောင်းမှ လာမိပြီနဲ့တူတယ်”
 
ရုတ်တရက် တစ်ခုခုတော့ မှားနေပြီဆိုတာ ယဲ့ကျန်းကျန်း သိလိုက်တယ်။ ဒီအချိန်ကိုက်၊ ဒီနေရာ၊ ဒီမြင်ကွင်းမှာ၊ သူမနဲ့ဝမ်းကွဲအစ်ကိုကြားက ဆက်ဆံရေး ... လူတွေအထင်လွဲဖို့ အလွယ်ဆုံးပဲ။ ဒါ့အပြင် ကျီဝူကျိုးက အစကတည်းက သူမနဲ့လုလီကို တစ်ခုခု မရိုးမသားဖြစ်နေတယ်လို့ သံသယဝင်နေခဲ့တာ။
သစ်ပင်နောက်ကနေ ကျီဝူကျိုး လျှောက်လာတယ်။ အေးတာကြောင့်ပဲလား ဒေါသကြောင့်ရယ်လားမသိ သူ့မျက်နှာက ဖြူဖျော့နေတယ်။ ယဲ့ကျန်းကျန်း သူ့မျက်နှာထားကို မမြင်နိုင်ပေမဲ့လည်း မျက်လုံးတွေက အေးစက်နေတယ်လို့တော့ တွေးမိတယ်။ ရေခဲလို အေးစက်ပြီး မြှားတစ်စင်းလို ချွန်မြနေတယ်။ သူမဆီ ချိန်ရွယ်ထားပြီး သူမကို ကြောက်လန့်စေတယ်။
 
 
ဒီတစ်ကြိမ် သူမဘက်က လွန်တာမို့ ယဲ့ကျန်းကျန်း ကောင်းကောင်း ရှင်းပြဖို့ လိုနေပြီ
 
ဒါပေမဲ့ သူမ မပြောနိုင်ခင်မှာတင်ပဲ ရုတ်တရက် အပြင်မှာ မီးရောင်တွေအများကြီး ပေါ်လာတယ်။ ကုန်းကုန်းနှစ်ဖွဲ့က လမ်းကို အလင်း‌ပေးဖို့ မီးပုံးတွေကို ကိုင်ဆောင်လာပြီး ‌အစေခံတွေက နောက်က လိုက်ပါလာတယ်။ အားလုံး အရေးကြီးတဲ့ မျက်နှာထားနဲ့ ဖြစ်တယ်။
 
ယဲ့ကျန်းကျန်း ရုတ်တရက် သဘောပေါက်သွားတယ်။ ဒါက သေချာပေါက် ထောင်ချောက်ပဲ။ သူတို့က သေချာကို အစီအစဉ်ဆွဲထားပြီး သူမကို လော်လီဖောက်ပြားနေပါတယ်လို့ စွပ်စွဲဖို့ ကြံထားကြတာပဲ။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now