Chapter 77

960 86 1
                                    

Empress with no Virtue

Chapter 77

Translator – Utopia

ကျီဝူကျိုး ယဲ့အိမ်တော်ကို လာလည်မယ်လို့ ယဲ့ကျန်းကျန်း မထင်ထားခဲ့ဘူး။

အတွင်းအိမ်ခန်းဆောင်တွေက သူစိမ်းတွေ ဝင်ဖို့ မသင့်တော်တာကြောင့် ကျီဝူကျိုး သူမရဲ့ အိမ်ခန်းဆောင်ကို သွားလို့ မရဘဲ ပန်းမန်ရှုမျှော်ဆောင်လေးမှာပဲ သူမကို စောင့်နေရတယ်။ လောစရာမလိုပါဘူးလို့ သူ ပြောခဲ့ပေမဲ့ တကယ်တမ်းကျ ကျန်းကျန်းရဲ့မျက်နှာလေးကို မြင်ချင်လွန်းလို့ လည်ပင်းရှည်‌အောင် တကြည့်ကြည့်နဲ့ စောင့်နေမိတော့တယ်။

နောက်ဆုံးတော့ ယဲ့ကျန်းကျန်း ရောက်လာခဲ့ပြီ။

သူမနှုတ်ဆက်တာ ပြီးအောင်ထိတောင် ကျီဝူကျိုး မစောင့်နိုင်တော့ဘူး၊ ချက်ချင်းပဲ သူမကို ရင်ခွင်ထဲ ဆွဲဖက်လိုက်တယ်။ သူတို့ကို ခစားနေတဲ့ အစေခံတွေလည်း ချက်ချင်းပဲ နေရာကနေ ရှောင်သွားပေးပြီး ဇနီးမောင်နှံနှစ်ယောက်သာ ပန်းမန်ရှုမျှော်ဆောင်ထဲ ကျန်ခဲ့တော့တယ်။

မတွေ့ရတဲ့ရက်အတောအတွင်း သူမ ပိန်ကျသွားတာမြင်တဲ့အခါ ကျီဝူကျိုးရင်ထဲ နာကျင်သွားတယ်။ သူ ကျန်းကျန်းကို ထိုင်ခုံနား ခေါ်လာပြီး သူ့ပေါင်ပေါ် ထိုင်စေတယ်။

ယဲ့ကျန်းကျန်းကတော့ နေ့ခင်းဘက်ကြီး ဒီလိုနီးနီးကပ်ကပ်နေတာက မသင့်တော်ဘူးထင်တာကြောင့် ပြန်ထမလို့လုပ်လိုက်တယ်။

ကျီဝူကျိုးက သူမကို ပြန်ဆွဲလိုက်ပြီး

"ကောင်းကောင်းသာ ထိုင်ချေ၊ ကိုယ်တို့ စကားခဏပြောကြမယ်လေ"

အဲ့ကျမှပဲ သူမလည်း ထိုင်တော့တယ်။

"အရှင်မင်းကြီး ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ"

ဘာလို့ဆို ကိုယ် မင်းကို လွမ်းလို့ပေါ့၊ ကျီဝူကျိုး စိတ်ထဲကနေပဲ ပြောလိုက်တယ်။ သူမမျက်နှာနံဘေးက ဆံပင်လေးတွေကို သပ်ပေးလိုက်ရင်း

ရွှေနန်းထက်က ဧကရီWhere stories live. Discover now