Chapter 28

2.3K 237 4
                                    

Empress with No Virtue
Chapter 28
Translator – Utopia

အရှင်မင်းကြီးက အခုနောက်ပိုင်း အတော်လေး စိတ်ဆတ်နေတယ်။

အခုတလော လွှတ်တော်ကိစ္စပဲ ဖြစ်ပါစေ အနောက်နန်းဆောင်ကိစ္စပဲ ဖြစ်ပါစေ ဘယ်သူမဆို ကျီဝူကျိုးကို တွေ့တာနဲ့ ဒီလိုအတွေးမျိုးကို တွေးမိကြလိမ့်မယ်။ သူ့မျက်နှာထားက တင်းမာနေပြီး မသိရင် တစ်ခုခု ဒေါသထွက်နေတာကို မျိုသိပ်ထားသလိုမျိုး ပေါက်ကွဲတော့မယ့် မီးတောင်လို ဖြစ်နေတယ်။ ကန်ချင်းနန်းဆောင်ကသူတွေကတော့ လမ်းလျှောက်ရင်တောင် ခြေသံမထွက်အောင် သတိထား လျှောက်နေရတယ်။ မဟုတ်လို့ အသံထွက်သွားပြီး အရှင်မင်းကြီးကို စိတ်တိုအောင် သွားလုပ်မိရင် ပြဿနာတက်လိမ့်မယ်။

ဒါ့ကြောင့်မို့ ကန်ချင်းနန်းဆောင်ထဲ သွားလာနေကြတဲ့ အစေခံနန်းတွင်းသူတွေ ကုန်းကုန်းတွေ အကုန်လုံး ငှက်မွှေးလေး လေပေါ်ပျံနေသလို တိတ်ဆိတ်ပြီး ရှိလို့ရှိမှန်း မသိအောင် နေရတယ်။ လေထုက တကယ် သက်တောင့်သက်သာမရှိဘူး။

ဖန့်ရှိုးချင်း ကန်ချင်းနန်းဆောင်က ထွက်လာတဲ့အခါ သူလည်း ကြောက်နေမိတယ်ဆိုတာ ခံစားလိုက်ရတယ်။ သူ့အင်္ကျီလက်စကို သပ်လိုက်တဲ့အခါ ချွေးစေးတွေ ပျံနေတာ တွေ့ရတယ်။ ကန်ချင်းနန်းဆောင်က ဧကရာဇ် နေထိုင်တဲ့ နန်းဆောင်ဖြစ်တာကြောင့် သာမန်အဆင့်လောက် အမတ်တွေက ဝင်ခွင့် မရှိဘူး။ ဒါပေမဲ့လည်း ဖန့်ရှိုးချင်းက ရာထူးကြီးတဲ့ အမတ်ကြီးဖြစ်တာကြောင့် အရှင်မင်းကြီးဆင့်ခေါ်တဲ့အခါ အခစား ဝင်ရတယ်။

တကယ်တော့ ဒီနှစ်ယောက်ဆုံလိုက်တိုင်း အများဆုံး ဆွေးနွေးဖြစ်ကြတဲ့အကြောင်းအရာက ယဲ့ရှိုးမင်ကို ဘယ်လို ဆန့်ကျင်ရမလဲ ဆိုတာပဲ။ ဒီတစ်ခေါက်လည်း ထို့အတူပဲ ဖြစ်တယ်။ ဒါပေမဲ့ ဖန့်ရှိုးချင်းကို အံ့အားသင့်စေတဲ့အရာက ယဲ့အိမ်တော်ကို ထောက်ခံတဲ့သူတွေကို ကိုင်တွယ်တဲ့နေရာမှာ အရှင်မင်းကြီးက ဘွင်းဘွင်းပဲ လုပ်ချနေတာ။ အရိုက်ခံသင့်တဲ့သူဆို အရိုက်ခံရပြီး အထုတ်ခံသင့်တဲ့သူဆို အထုတ်ခံရတယ်။ ဒါ့အပြင် ဒီအခွင့်အရေးကို ယူပြီး ကာကွယ်ရေးဝန်ကြီးဌာနကို သူ့လက်‌အောက်မှာ ထားလိုက်တယ်။ ဒီလိုနည်းနဲ့ ယဲ့ရှိုးမင်လက်ထဲမှာ ဝန်ကြီးဌာန ၃ခုပဲ ကျန်တော့တယ်။ အခုဆို ယဲ့ရှိုးမင်ကို ပြန်တိုက်ခိုက်ဖို့ သူ့မှာ အထောက်အပံ့ ရသွားပြီ ဖြစ်တယ်။

ဒါပေမဲ့လည်း ယဲ့ရှိူးမင်က လွှတ်တော်ထဲ လွှမ်းမိုးမှုရှိနေဆဲဖြစ်တာကြောင့် ကျီဝူကျိုး ဒီဆုံးဖြတ်ချက်ကို ချတဲ့အခါ အမတ် တော်တော်များများ သူ့ကို ဝိုင်းဆူပူကြတော့တယ်။ နောက်ပြီး သူတို့အကုန်လုံးကိုလည်း ကျီဝူကျိုး ရိုက်ပစ်လို့ မရပြန်ဘူး။ သူတို့ကို ပိုရိုက်လေ ပျော်လေဖြစ်နေကြတာ။ အိမ်ပြန်ရောက်တဲ့အခါ သူတို့မိန်းမကို ဖင်လှန်ပြရင်း ကြည့်ကြည့် အရှင်မင်းကြီးက ငါ့ကို ရိုက်ပြီး အပြစ်ဒဏ်ပေးလိုက်တယ် တွေ့လား။ ဧကရာဇ်ကို ခစားရတဲ့အလုပ်ဆိုတာ ဒီလိုဂုဏ်ယူစရာ ကောင်းတာကွ လို့ ပြောကြလိမ့်မယ်။

ကျီဝူကျိုး တွေးမိတယ်။ ဒီအမတ်အုပ်စုက ဆူရုံပူရုံတင်မကဘဲ တကယ် တကယ်ကို နိမ့်ကျလွန်းတယ် !

ပုံမှန်လိုဆိုရင်တော့ သူ သည်းခံရင် သည်းခံလိမ့်မယ်။ ကျီဝူကျိုး သည်းခံနေခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။ ဧကရာဇ်အနေနဲ့ သူကြုံတွေ့ရတဲ့အခက်အခဲတွေက ဒီလောက်လေးတင် မဟုတ်ဘူး။ ဒါပေမဲ့ ဒီတစ်ခေါက်တော့ သူ စိတ်အခြေအနေ ကောင်းမနေခဲ့ဘူး။ နဂိုကတည်းကမှ ဒေါသက ဘယ်ကိုထွက်လို့ ထွက်ရမှန်းမသိတဲ့ ဖြစ်နေပါတယ်ဆိုမှ သူတို့တွေက လာတောင်းဆိုနေတော့လည်း အခွင့်အရေးကောင်း ဖြစ်သွားတာပေါ့။

အမတ်တွေကို ရိုက်လို့မရဘူးမလား ?? ဒါဆို သူ့အဖေကိုတော့ ရိုက်လို့ရတယ်မလား ? သူ့သားကိုတော့ ရိုက်လို့ရတယ်မလား ? သူ့အစ်ကို၊ ဦးလေး၊ ဝမ်းကွဲ ... သူငယ်ချင်းတွေ .... သူတို့ကိုလည်း ရိုက်လို့ရတာပဲ ?

ဘယ်လောက်ပဲ ရိုးသားဖြောင့်မတ်တဲ့ အမတ်လို့ပြောပြော နိုင်ငံရေးမှာ ဘယ်သူ့ဖင်မှ ပြောင်သန့်နေတယ်ဆိုတာ မရှိဘူး။ ဒါ့ကြောင့် အမှားရှာချင်တယ်ဆို ရှာရလွယ်တယ်။ ကျီဝူကျိုး သူ့ဒေါသအပုံချခံရမယ့်သူတွေကို ရွေးတဲ့အခါ ကျန်းမာရေးကောင်းပြီး သစ်သားပြားနဲ့အရိုက်ခံလို့လည်း ဘာမှမဖြစ်မယ့် သန်သန်မာမာသူကို ရွေးရိုက်ခိုင်းတယ်။ ရိုက်တာကိုလည်း အချက်၂၀ထိပဲ သတ်မှတ်ထားတယ်။ ဒါမှ အိမ်ပြန်ရောက်တဲ့အခါ အပြစ်တင်လို့ ရမှာ။

ဒီလိုနဲ့ နောက်ဆုံးတော့ အမတ်တွေရဲ့ ထောင်လွှားမှုကလည်း ဧကရာဇ်ရဲ့ ထူးဆန်းတဲ့ နည်းလမ်းအောက်မှာ အမှုန့်ကြိတ်ခံလိုက်ရတော့တယ်။

ယဲ့ရှိုးမင်ကတော့ ဒီနည်းလမ်းကြောင့် ဒေါသတွေထွက်နေပြီး အိမ်ထဲ ၂ရက် အခန်းပိတ်နေကာ “ သောက်လူညစ်ကောင်လေး” ဆိုပြီး မြည်တွန်တောက်တီးနေတယ်။ ဒါကို ယဲ့ခန်းလဲ့ အခန်းပြင်က ကြားတဲ့အခါ အမြန်ပဲ အရပ်လေးမျက်နှာကို အစောင့်တွေ ပြေးချရတယ်။ ဒီလိုစကားမျိုးက တကယ်လို့ အရှင်မင်းကြီးသာ ကြားသွားခဲ့ရင် တစ်မိသားစုလုံး ပြဿနာတက်သွားနိုင်တယ်။ တော်သေးတာက ယဲ့ရှိုးမင်က ဒေါသထွက်နေပေမဲ့ အကျိုးအကြောင်းတော့ ဆင်ခြင်နိုင်သေးတယ်။ သောက်လူညစ်ကောင်လေးဆိုပြီး ဆူဆဲနေတာက ဘယ်သူ့ပြောတာလဲဆိုတာ သူတစ်‌ယောက်ပဲ သိလိမ့်မယ်။ တကူးတကကြီး နာမည်ထုတ်ပြောနေစရာ မလိုဘူး။ တကယ်လို့ တစ်ယောက်ယောက်က အပြစ်ရှာဖို့ လုပ်မယ်ဆိုရင်လည်း သူတို့အိမ်မှာ မြေးတွေအများကြီးရှိတာပဲဟာ ကြိုက်တဲ့တစ်ယောက် လက်ညှိုးထိုးလိုက်လို့ရတယ်။

အမှန်အတိုင်းပြောရရင် ဖန့်ရှိုးချင်း ကျီဝူကျိုးကို နည်းနည်းတော့ လေးစားသွားတယ်။ တကယ်လို့ သူသာ ကျီဝူကျိုးနေရာမှာဆိုရင် အမတ်တွေက ကိုယ့်ကို ဆန့်ကျင်ပြီးဆူပူပြစ်တင်နေတဲ့အခါမျိုးမှာ ဒီလိုကောက်ကျစ်ရုံတင်မကဘဲ အခြေအနေကိုပဲ ထိန်းချုပ်နိုင်တဲ့နည်းလမ်းမျိုးကို စဉ်းစားမိမှာ မဟုတ်ဘူး။ အမြဲတမ်း ကျီဝူကျိုးကို ဧကရာဇ်ကောင်းတစ်ပါးဖြစ်လာလိမ့်မယ်လို့ ဖန့်ရှိုးချင်း တွေးခဲ့တယ်။ မဟုတ်ရင် ဘာလို့ သူ့ဘက်မှာ ရပ်တည်ပြီး ယဲ့ရှိုးမင်နဲ့ တိုက်ခိုက်ပေးမှာလဲ။ ဒါပေမဲ့ ပုံမှန်ဆို စိတ်ရှည်တွေးဆတတ်တဲ့ဧကရာဇ်ကနေ ရုတ်တရက်ကြီး သူ့ဒေါသသူ မထိန်းနိုင် ဖြစ်သွားတာလဲဆိုတာ သူလည်း သေချာမသိတော့ဘူး။ မြင်မြင်သမျှက ကျီဝူကျိုးကို ဒေါသထွက်စေတယ်။ သူက တကယ်တော့ ငယ်ရွယ်သေးတာပဲ။ အခုထိ မရင့်ကျက်သေးဘူး။

တကယ်တော့ မျှမျှတတပြောရရင် အမတ်တွေက ... အပြစ်ကင်းတယ်။ အိပ်ရာပေါ်မှာ မိန်းကလေးတစ်ယောက်ဆီကနေ အထင်သေးခံလိုက်ရတော့ ... ဒီလိုဖြစ်ရပ်မျိုးကို ဖြစ်နိုင်တာက ကုန်းကုန်းတွေကပဲ နားလည်လောက်မယ်။


ဖန့်ရှိုးချင်း သူ့ကိုယ်ပေါ်က ချွေးတွေကို သပ်ချလိုက်ပြီးနောက် သူ့ကို အပြင်ခေါ်လာပေးတဲ့ ဖုန့်ရိုးတျယ်ကို ပြုံးရင်း

“ ဖုန့်ကုန်းကုန်း အရှင်မင်းကြီးကို နေ့တိုင်း သင်ပဲ ဂရုစိုက်ပေးနေတာ။ အခုလိုစိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်ပေးမှုကြောင့် ကျုပ် တကယ်ပဲ စိတ်ပူ‌တာတွေ လျှော့ထားနိုင်တာပါပဲ”

ဖုန့်ရိုးတျယ်ကလည်း ပြုံးကာ

“ လူကြီးမင်းက နှိမ့်ချလွန်းနေပါပြီ။ အရှင်မင်းကြီးကို ဂရုစိုက်ပေးရမှာက ကျုပ်တို့ရဲ့ တာဝန်ပါပဲ”

“ဖုန့်ကုန်းကုန်း အရှင်မင်းကြီး အခုတလော ဘယ်လိုနေလဲ”

“ အမတ်ကြီးဖန့်က အရှင်မင်းကြီးကို စိတ်ပူပန်ပေးနေတာက တကယ်ကို သစ္စာရှိမှုကို ပြသနေတာပါပဲ ” “ စိတ်ပူပန်စရာ မလိုပါဘူး။ အရှင်မင်းကြီး ကျန်းမာရေးကောင်းပါတယ်လို့ တော်ဝင်သမားတော်က ပြောတယ်။ သူ ဒီအတိုင်း သူ့ရင်ထဲ တစ်ခုခုကို မျိုသိပ်ထားရတာကြောင့် စိတ်အခြေအနေ မကောင်းဘူးဖြစ်နေတာပါ။

“ ဘာက အရှင်မင်းကြီးကို အခုလို ဖြစ်စေတာလည်း သေချာမသိနိုင်ဘူး ... ”

“ ဒါက‌ ... ကျုပ်လည်း မသေချာဘူး။ ကျုပ် သိတာကတော့ ဆောင်းပွဲတော်နေ့ည ခွန်းနင်နန်းဆောင်က ထွက်လာကတည်းက သူ အဲ့လိုဖြစ်နေတော့တာပဲ”

ဒီစကားတစ်ခွန်းနဲ့တင် ဖန့်ရှိုးချင် သဘောပေါက်လိုက်ပြီ။ သူတို့က ပါးနပ်တဲ့သူတွေပဲဟာ တကူးတကကြီး ရှင်းရှင်းလင်းလင်း ပြောပြနေစရာ မလိုဘူး။ ဖန့်ရှိုးချင်း ဘယ်ညာ အရိပ်အခြေကြည့်လိုက်ပြီး မေးလိုက်တယ်။

“ ကျုပ်သမီးကကော ပြဿနာတွေ မဖြစ်စေဘူးမလား”

“ ဖန့်အမတ်ကြီး ဘာတွေပြောနေလဲ။ ရှန်ကိုယ်လုပ်တော်က အရှင်မင်းကြီးရင်ထဲက ရတနာတစ်ပါးပါပဲ။ အခုလတ်တလောမှာ သူမက အနောက်နန်းဆောင်ရဲ့ တာဝန်တွေကို စီမံခန့်ခွဲပေးနေပြီး ဉာဏ်ပညာရှိတဲ့အပြင် ဘယ်ပြဿနာ‌မျိုးကိုမှ မဖြစ်စေဘူး”

ဖန့်ရှိုးချင်းလည်း ဆက်မမေးတော့ဘဲ နှုတ်ဆက်ကာ ထွက်သွားတော့တယ်။

ဖန့်ရှိုးချင်းထွက်သွားတဲ့နောက် ဖုန့်ရိုးတျယ်လည်း နောက်ကို လှည့်လိုက်တဲ့အခါ ကန်ချင်းနန်းဆောင်က ကုန်းကုန်းလေးတစ်ယောက် နံရံတွေနောက်မှာ ရပ်ရင်း သူ့ကို ကြည့်နေတာ တွေ့လိုက်ရတယ်။

ဖုန့်ရိုးတျယ် ဆူပစ်လိုက်တယ်။

“ မင်းက ဘာလို့ အထဲမှာ နေပြီး ခိုင်းမှာကို စောင့်မနေတာလဲ။ ဒီနေရာမှာ ဟိုချောင်း‌ဒီချောင်းလုပ်နေတာက သံသယဖြစ်စရာ အပြုအမူပဲ။ အရှင်မင်းကြီးသာ သိသွားရင် ဘယ်လိုလုပ်မလဲ။ မင်း အသက်ဆက် မရှင်ချင်တော့ဘူးလား?”

ယွီကျီလည်း အရှေ့ကို လျှောက်လာပြီး တောင်းပန်လိုက်တယ်။

“ ဖုန့်ကုန်းကုန်း ဒီနေ့ ကျွန်တော့်တာဝန်ကျတဲ့နေ့ မဟုတ်ပါဘူး ..... အခုတလော အရှင်မင်းကြီးက စိတ်မကြည်ဘူးဖြစ်နေတာ ... တကယ်ပဲ ဘာကိစ္စများ ဖြစ်ခဲ့လို့လဲ”

ဖုန့်ရိုးတျယ် သူ့နဖူးကို ခေါက်လိုက်တယ်။

“ မင်းက မင်းအလုပ်ကိုသာ ရိုးရိုးသားသားနဲ့ တာဝန်ကျေအောင်လုပ်ရင် ရပြီ။ မမေးသင့်တဲ့အရာတွေကို လိုက်မေးမနေနဲ့”

ဒီနေရာမှာ ဘယ်သူမှမရှိတာကို တွေ့တဲ့အခါ ယွီကျီ သူ့အသံကို တိုးလိုက်ရင်း

“ ကျွန်တော် စည်းကျော်တာတော့ မဟုတ်ပေမဲ့ ကုန်းကုန်း ဒီလိုကိစ္စမျိုးနဲ့ပတ်သက်ပြီး တွေးမိတာမျိုး မရှိတာတော့ မဟုတ်ဘူးမလား ... ”

“ မင်း ပြောချင်တာ ဘာလဲ”

“ အရှင်မင်းကြီး ကြင်ရာတော်တွေဆီ မသွားတာ ရက်အတော်ကြာ ရှိနေပြီ”

ဖုန့်ရိုးတျယ် ရုတ်တရက် တွေးမိသွားတယ်။ အရှင်မင်းကြီး အားနည်းနေပြန်ပြီလား၊ ထပ်ပြီး အားဖြည့်ပေးဖို့ လိုအပ်နေတာလား ?? ဒါပေမဲ့ ငယ်ရွယ်သန်မာဆဲ လူငယ်တစ်ယောက်အဖို့ အဲ့အပိုင်းနဲ့ပတ်သက်ပြီး အားဆေးတွေသောက်နေရတယ်ဆိုတာက ပြဿနာတွေ ဖြစ်လာနိုင်တယ် ....

“ ကုန်းကုန်း နားမလည်တာတွေ ရှိတယ်။ မိန်းကလေးတွေဆိုတာက ဟင်းပွဲတွေလိုပဲ။ များများစားရင် အီလာတတ်တယ်။ ကြည့်ရတာ အရသာအသစ်အဆန်း ပြောင်းပေးသင့်ပြီ မထင်ဘူးလား”

“ အရသာကို ပြောင်းတယ် ? ”

“အရိုင်းဆန်တဲ့ အရသာ ”

ရုတ်တရက် ယွီကျီ ပြောချင်တာ ဘာလဲဆိုတာ ဖုန့်ရိုးတျယ် သဘောပေါက်သွားတယ်။ လက်မြှောက်လိုက်ပြီး သူ့ကို ရွယ်လိုက်ကာ

“ အရှက်မရှိတဲ့တိရိစ္ဆာန်ကောင် ငါ မင်းကို ရိုက်ပစ်မယ်။ ဘယ်လိုလုပ် ဒါမျိုးကို ပြောရဲနေတာလဲ ! အဓိပ္ပာယ်မရှိတာ !! အရှင်မင်းကြီးသာ သိရင် မင်းကို သေချာပေါက် ခေါင်းဖြတ်ပစ်လိမ့်မယ်”

နောက်ဆုံးတော့ ဖုန့်ရိုးတျယ် သူ့ကို တစ်ချက်ကန်လိုက်ပြီး “ ထွက်သွားစမ်း ”

ယွီကျီ ထွက်သွားပြီးတဲ့နောက် ဖုန့်ရိုးတျယ် လျှောက်လမ်းမှာ တစ်ယောက်တည်း လမ်းလျှောက်ရင်း ကျန်ခဲ့တယ်။ သူ့မျက်နှာထက်မှာတော့ အဖြေရှာရခက်တဲ့ မျက်နှာထားမျိုး ရှိနေခဲ့တယ်။

ကျီဝူကျိုးတစ်ယောက် ရှုမျှော်ဆောင်မှာ ဗျပ်စောင်းတစ်လက်ကိုင်ရင်း ထိုင်နေတယ်။ ဗျစ်စောင်းကနေ နားဝင်ပီယံရှိတဲ့ တင်တင်တောင်တောင် ဂီတသံက ပျံ့လွင့်နေတယ်။ ဒါပေမဲ့ သေချာနားထောင်ကြည့်မယ်ဆိုရင်တော့ ဗျစ်စောင်းသံထဲ လူသတ်တော့မယ့်အရိပ်အငွေ့တွေ ပါနေတယ် မထင်ဘူးလား။

ရွှီချိုင်ရန်က တေးသံနဲ့အတူ လိုက်က‌လျက်ရှိတယ်။ သူမက အစိမ်းရောင်အင်္ကျီကို ဝတ်ဆင်ထားပြီး ပျော့ပျောင်းနူး‌ညံ့တဲ့ အသားဖြစ်တာကြောင့် သူမ ကလိုက်တိုင်း သူမကိုယ်လေးနဲ့အတူ ယိမ်းနွဲ့နေတယ်။

ကျီဝူကျိုးစိတ်ထဲ သူမကို အာရုံမရှိဘူး။ သူ့မျက်လုံးတွေကလည်း ဘယ်ကိုမှ ကြည့်မနေဘူး။ ဗျပ်စောင်းတီးနေတဲ့လက်က တဖြေးဖြေး အရှိန်မြန်လာပြီး တေးသံကလည်း ရန်သူဆီ အရှိန်အဟုန်နဲ့ ပြေးလာတဲ့ စစ်မြင်းထောင်ချီရဲ့ အသံလိုဖြစ်လာတယ်။ ရွှီချိုင်ရန်ရဲ့ ကကွက်တွေက ဖရိုဖရဲဖြစ်ကုန်ပြီး နောက်ဆုံးတော့ အကွက်များကာ သူမ လဲကျသွားတယ်။

ရုတ်တရက် ဗျပ်စောင်းသံကလည်း ရပ်တန့်သွားတယ်။

ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ ယဲ့ကျန်းကျန်းကို ကျီဝူကျိုး လှမ်းကြည့်လိုက်တယ်။ သူ့လက်တွေက ဗျပ်စောင်းကြိုးပေါ် တင်ထားဆဲဖြစ်တာကြောင့် ကျားစောင်းကြိုးက သူ့လက်ချောင်းတွေကို နာကျင်စေတယ်။

သူ စိတ်အခြေအနေ ကောင်းမနေဘူး။ ဒါပေမဲ့ ဘယ်သူက ထင်မလဲ ယဲ့ကျန်းကျန်းလည်း ပျော်ရွှင်မနေခဲ့ဘူး။ သူမဘက်ကကြည့်ရင် အိပ်ရာပေါ်မှာ ယောကျာ်းတစ်ယောက်နဲ့ လုပ်နေရင်း အခုလို ထူးထူးဆန်းဆန်း ရွံရှာတဲ့ ခံစားချက်မျိုး ဖြစ်လာတယ်။ နောက်ပြီး အဓိကတရားခံကလည်း ကျီဝူကျိုးပဲ။ ဒါ့ကြောင့်မို့ သူပေါ်လာတာနဲ့ “ မင်းက နေမကောင်းဖြစ်နေတာ ” ဆိုတဲ့ဟာကြီးက သူမကို ပြန်အမှတ်ရနေစေတယ်။

ဘယ်လိုလုပ် သူမ ဒေါသမထွက်ဘဲ နေနိုင်မှာလဲ ??

နေရာမှာ ရှိနေတဲ့ အစေခံတွေက ရွှီချိုင်ရန်ကို ထူပေးလိုက်ကြတယ်။ သူမ ကျီဝူကျိုးကို ကြည့်ရင်းနှုတ်ခမ်းစူကာ

“ ဝမ်းကွဲအစ်ကို အစောနက တီးတာ တအားမြန်တာပဲ ”

ကျီဝူကျိုး ထလိုက်ပြီး သူမဆီ သွားလိုက်တယ်။ ရွှီချိုင်ရန်ကို ကိုင်ထားရင်း

“ မင်း အဆင်ပြေရဲ့လား ”

သူ ရွှီချိုင်ရန်ကို ပြောနေပေမဲ့ သူ့အကြည့်တွေက ယဲ့ကျန်းကျန်းဆီမှာပဲ ရှိနေတယ်။ ယဲ့ကျန်းကျန်းမျက်နှာမကောင်းတာကို တွေ့တဲ့အခါ ရွှီချိုင်ရန့်ပုခုံးကို ဖက်လာပြီး သူ့ကို မှီစေလိုက်တယ်။

ရွှီချိုင်ရန်ကတော့ ရှက်သွေးဖြာပြီး ကျီဝူကျိုးကို ကြည့်လာတယ်။

ယဲ့ကျန်းကျန်း သူတို့ကို ကြည့်နေလိုက်တယ်။ သူမ ကျီဝူကျိုးကို အနိုင်ကျင့်လို့မရဘူးဆိုမှတော့ သူ့ချစ်လှစွာသော ဝမ်းကွဲညီမလေးကိုပဲ သွားအနိုင်ကျင့်ရတော့မှာပေါ့ ...

ဒါ့အပြင် ဒီရွှီချိုင်ရန်က အပြစ်ပေးဖို့လိုနေတာ ကြာပြီ။ သူမက မယ်တော်ကြီးရဲ့တူမ၊ ဧကရာဇ်ရဲ့ ဝမ်းကွဲညီမဆိုတဲ့ ဂုဏ်ပုဒ်ကို ကိုင်စွဲထားပြီး နန်းတော်စည်းကမ်းတွေက သေချာမလိုက်နာဘူး။ မယ်တော်ကြီးနဲ့ သူမပေါင်းပြီး အကွက်တွေ နည်းနည်းချင်း ချနေတာ ယဲ့ကျန်းကျန်း မသိဘူးများ ထင်နေတာလား။

ငါလေးက တော်လိုက်တာ !

“ ဝမ်းကွဲအစ်ကို သွားရအောင် ”

“ ငါ့ကိုတွေ့တာတောင်မှ ဒူးညွှတ်ပြီး နှုတ်ဆက်စရာ မလိုဘူးပေါ့လား ? ဝမ်းကွဲယောင်းမလေး ? ”

ယဲ့ကျန်းကျန်း ပြောရင်း သူတို့ဆီ လျှောက်လာလိုက်တယ်။

ရွှီချိုင်ရန် ကျီဝူကျိုးကို မသိမသာ ကြည့်လိုက်တယ်။ သူ သူမကို လွှတ်လိုက်ပြီး ပြောလာတယ်။

“ ဧကရီပြောတာ မှန်တယ်။ မင်း စည်းမျဉ်းစည်းကမ်းတွေကို ဒီအတိုင်း ကျော်သွားလို့ မရဘူး ”

ရွှီချိုင်ရန် မောက်‌မာနေဖို့ လုပ်လို့မရဘူး။ အခုအချိန်မှာ သူမရာထူးက ဘာမှမဟုတ်သေးဘူး။ ကျီဝူကျိုး သူမကိုပဲ ကြည့်နေအောင်ဆို သူမ ရိုးသားပြဖို့လိုတယ်။ ဒါ့ကြောင့်မို့ ဒူးညွှတ်လိုက်ရင်း နှုတ်ဆက်လိုက်တယ်။

“ ဧကရီမိဖုရားခေါင်ကို နှုတ်ခွန်းဆက်သပါတယ် ”

ယဲ့ကျန်းကျန်း သူမကို ထခွင့်မပေးဘဲ ငုံ့ကြည့်ပြီး ပြုံးရင်း

“ နင်က အရှင်မင်းကြီးကို ဝမ်းကွဲအစ်ကိုလို့ ခေါ်မှတော့ တို့ကိုလည်း ဝမ်းကွဲယောင်းမလို့ ဘာလို့ မခေါ်တာလဲ”

ရွှီချိုင်ရန် ချက်ချင်း မျက်နှာပျက်သွားတယ်။ ကျီဝူကျိုးကို ဝမ်းကွဲအစ်ကိုလို့ ခေါ်တာက ချွဲချွဲနွဲ့နွဲ့ ရှိပေမဲ့ ယဲ့ကျန်းကျန်းကိုပါ ဝမ်းကွဲယောင်းမလို့ ခေါ်ရင် သဘောက သူမက ကျီဝူကျိုးရဲ့ ဝမ်းကွဲညီမပဲ ဖြစ်နေတော့မှာပေါ့”

“ ကျွန်တော်မျိုးမ မဝံ့ပါဘူး”

“ မဝံ့ဘူး ?? တို့မြင်တာတော့ နင် အရှင်မင်းကြီးကိုကျ ခပ်လွယ်လွယ်ပဲ ဝမ်းကွဲအစ်ကိုလို့ ခေါ်ထွက်တာပဲဟာ။ အဲ့တာကျ ဘာလို့ ခေါ်ဝံ့သွားတာလဲ”

ရွှီချိုင်ရန် ခဏလောက် တိတ်ဆိတ်သွားတယ်။ ကျီဝူကျိုးကို လှမ်းကြည့်လိုက်တော့ သူမကို ကူညီမယ့်အရိပ်အခြေမမြင်ရတဲ့အခါ “ ကျွန်တော်မျိုးမ အပြစ်ကို ဝန်ခံပါတယ် ” လို့သာ ဖြေနိုင်တော့တယ်။

“ ကိုယ့်အပြစ်ကိုယ် သိတယ်ဆိုတော့ ကောင်းပါတယ်။ နန်းတော်ထဲကသူတွေသာ နင့်လို သိကြမယ်ဆိုရင် အလုပ်များရမှာ မဟုတ်ဘူး။ နင်နဲ့ အရှင်မင်းကြီးက ရင်းနှီးတဲ့ဆက်ဆံရေး ရှိကြတယ်ဆိုပေမဲ့လည်း ဒီနေ့ နင့်ကို ငါ အပြစ်မပေးရင် နောင်မှာ နောက်လူတွေက နင့်ဆီကနေ သင်ယူနိုင်ဖို့ဆိုတာ ... ”

“ ကျွန်တော်မျိုးမ အပြစ်ဒဏ်ကို ခံယူပါ့မယ်”

“ ဒီလိုဆိုမှတော့ ခွန်းနင်နန်းဆောင်အပြင်မှာ လေးနာရီ ဒူးထောက်စေ ”

ခွန်းနင်နန်းဆောင်က ထွက်လိုက်ရင် တော်ဝင်ဥယျာဉ်က ဘေးမှာ ရှိနေတာ။ အဲ့နေရာက နန်းတော်ထဲ လူအသွားအလာ အများဆုံး နေရာပဲ။ ရွှီချိုင်ရန် ဒီနေရာမှာ ဒူးထောက်နေရတယ်ဆိုတာက နာမည်ကြီးသွားမှာပဲ။ သူမကို သိတဲ့သူကော မသိတဲ့သူပါ အခု သူမ ဘယ်သူဆိုတာ သိသွားကြလိမ့်မယ်။

ဆောင်းတွင်းဖြစ်တာကြောင့် ကြမ်းခင်းက အေးစက်နေတယ်။ ရွှီချိုင်ရန်က အဝတ်ထူထူဝတ်ထားတယ်ဆိုပေမဲ့လည်း ချမ်းလို့ တုန်ယင်နေတယ်။ အေးလွန်းလို့ ဖြူဖျော့နေပြီး သူမမျက်လုံးထဲမှာ အာဃာတ အပြည့်နဲ့ ဖြစ်နေတယ်။ ခွန်းနင်နန်းဆောင်ဝကနေ အဓိကခန်းမဆောင်ကို မျက်ထောင့်နီနဲ့ စိုက်ကြည့်နေခဲ့တယ်။

ယဲ့ကျန်းကျန်း ဘေးခပ်လှမ်းလှမ်းကနေ လှမ်းကြည့်နေလိုက်ပြီး ကျီဝူကျိုးကို မေးလိုက်တယ်။

“ အရှင်မင်းကြီး စိတ်မပူဘူးလား”

“ ဘာလို့ ကိုယ်က စိတ်ပူသင့်တာလဲ”

နှစ်ယောက်စလုံး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ခေတ္တမျှ တိတ်ဆိတ်သွားတယ်။ ထို့နောက် အရင်နေ့ကဟာကို ပြန်မြင်ယောင်မိတဲ့အခါ နှစ်ယောက်လုံး လှည့်သွားပြီး တစ်ယောက်ကို တစ်ယောက် မကြည့်ကြတော့ဘူး။

ဟွန့် !!




ရွှေနန်းထက်က ဧကရီWhere stories live. Discover now