Chapter 84

913 86 3
                                    

Empress with no Virtue

Chapter 84

Translator _ Utopia

တကယ်လို့ ကျီဝူကျိုးကို လူတစ်ယောက်ကို အသတ်ချင်ဆုံးအချိန်က ဘယ်အချိန်ဖြစ်မလဲလို့ မေးခဲ့ရင် အဲ့တာက သူ ကျန်းကျန်းနဲ့ လူကြီးသဘာဝ ကျီစယ်ဆော့ကစားနေချိန် လာနှောင့်ယှက်ခံရတဲ့အချိန် ဖြစ်လိမ့်မယ်။

သူ ကျန်းကျန်းနဲ့ နည်းနည်းပိုပြီး ကျီစယ်ဖို့ လုပ်ခဲ့တာကို ကျေးဇူးတင်ရမယ်။ ကျန်းကျန်းရဲ့အဝတ်တွေအားလုံးကို မဖယ်ပစ်ခင် သူမရဲ့ ဘောင်းဘီရှည်ကိုသာ ချွတ်ထားရသေးတယ်၊ သူ့ကိုယ်ပေါ်ကော အဝတ်အစား ဘယ်လောက်ကျန်သေးလဲဆိုတာကတော့ လောလောဆယ် မပြောကြရအောင်လား။

တစ်ခုခု မှားနေပြီဆိုတာ ယဲ့ကျန်းကျန်းက အရင် သတိထားမိလိုက်တယ်။ သူမ အိပ်ရာပေါ်မှာ လှဲနေပြီး သူမခြေထောက်တွေကြား ကျီဝူကျိုးက နမ်းရှိုက်နေတယ်။ ဒါ့ကြောင်မို့ အပြင်က အသံတစ်ခုထွက်လာတာကို သူမ ကောင်းကောင်း ကြားလိုက်ရတာ။ တစ်ခုခုက အပြင်ကနေ လှေကို လာရိုက်မိနေတဲ့အသံလိုမျိုး။ သူမစိတ်ထဲ နည်းနည်း တစ်မျိုးဖြစ်လာတာကြောင့် ကျီဝူကျိုးကို မေးလိုက်တယ်။

"ငါးအကြီးကြီးတစ်ကောင်များ ကျွန်တော်မျိုးမတို့လှေကို လာတိုက်နေတာလား"

ကျီဝူကျိုးကတော့ သူမ ရုတ်တရက် ဘာလို့မေးတာလဲ သေချာမသိတာကြောင့် ခပ်ဖွဖွ ကိုက်လိုက်ရင်း

"ဒီကိုသာ အာရုံစိုက်လေ"

ဒုန်း !

နောက်ထပ်အသံတစ်ခုက ထွက်လာပြန်တယ်။ ယဲ့ကျန်းကျန်း မျက်မှောင်ကြုတ်သွားတယ်။

"လူလုပ်တာတော့ မဟုတ်လောက်ပါဘူးမလား"

ကျီဝူကျိုးခေါင်းထဲ ကစားဖို့အတွေးနဲ့ပဲ ပြည့်နေပေမဲ့ ရုတ်တရက် အသိက ချက်ချင်းပြန်ဝင်လာပြီး .... သူတို့ရောက်လာပြီပဲ!

ရွှေနန်းထက်က ဧကရီWhere stories live. Discover now