Chapter 74

1K 82 1
                                    

Empress with No Virtue

Chapter 74

Translator – Utopia

ကျီဝူကျိုးက ကျီလီယို့အကြောင်းကို မေးလိုက်ချိန်မှာ လျိုယွဲ့ အံ့သြသွားတယ်။

"လူကြီးမင်း ဘယ်သူကိုပြောနေတာလဲ? ကျွန်မ ကျီလီယို့ဆိုတဲ့သူက တစ်ခါမှ မကြားဖူးဘူး"

"မင်း မသိဘူးလား"

ကျီဝူကျိုး သူမကို ပျင်းတွဲ့တွဲ့ ကြည့်လိုက်တယ်။

"လီယို့ဆိုရင်‌တော့ မင်း မှတ်မိလောက်ပါရဲ့ ဟုတ်တယ်မလား"

လျိုယွဲ့က သနားစဖွယ်မျက်နှာလေးနဲ့ ပြန်ဖြေလာတယ်။

"လူကြီးမင်း ဘာတွေ ပြောနေတာလဲ ကျွန်မ နားမလည်တော့ဘူး။ ကျွန်မ အမြဲတမ်း ဥပဒေကို လိုက်နာခဲ့တာပါ၊ ကျွန်မစိတ်ထင် ... လူကြီးမင်း လူမှားဖမ်းမိတာများလား။ လူကြီးမင်းက လူကောင်းတစ်ယောက်ဆိုတာ ကျွန်မပြောနိုင်ပါတယ်။ ဒါကြောင့်မို့ ဒီအမှုကို သေချာစစ်ဆေးပြီး ကျွန်မကို လွှတ်ပေးပါတော့နော်၊ ဒီနေရာက တကယ် ကြောက်စရာကြီး"

သူမမျက်ဝန်းတွေက နီရဲနေပြီး မျက်ရည်တွေ ဝိုင်းလို့ မြင်တွေ့ရသူအဖို့ သနားကရုဏာသက်ဖွယ်ပင်။ တကယ်လို့ သာမန်ယောကျာ်းတစ်ယောက်သာဆို သူမကို ကာကွယ်ပေးချင်စိတ်တွေ ပိုတိုးလို့ လာမှာဖြစ်တယ်။ ဒါပေမဲ့ ကျီဝူကျိုးကတော့ သူမရဲ့လှည့်ကွက်မှာ မပါသွားဘူး။ ကျီဝူကျိုး သူ့ခြေထောက်ကို မြှောက်လိုက်ပြီး သူ့အနားတိုးလာနေတဲ့ လျိုယွဲ့ကို ကန်ထုတ်လိုက်တယ်။ သူမကို ကန်ထုတ်လိမ့်မယ်လို့ မမျှော်လင့်ထားတာကြောင့် လျိုယွဲ့ ကြမ်းပြင်ပေါ် ဖင်ထိုင်လျက် လဲကျသွားတယ်။ ဒီတစ်ကြိမ်မှာတော့ သူမ တကယ် ငိုရပြီဖြစ်တယ်။

"ငါသာ သေချာမစစ်ဆေးဘူးဆို မင်းကို ဒီနေရာကိုတောင် ခေါ်လာမှာ မဟုတ်ဘူး"

ကျီဝူကျိုးက ဖြေးဖြေးချင်း ပြောလာတယ်။

"ငါ အရင်ကတည်းက တွေးမရဘူးဖြစ်နေခဲ့တာ။ အခုလို ကြွယ်ဝအေးချမ်းနေတဲ့ တချီကို နွီကျန်းတွေ၊ တာတာနဲ့ တုလုဖန်တို့က ဘာဆေးမှားသောက်လိုက်လို့ တစ်ချိန်တည်းမှာ တိုက်ခိုက်ချင်ကြရတာလဲ။ ဘယ်လောက်ပဲ တွေးကြည့်ကြည့် ဖြစ်နိုင်ချေက တစ်ခုတည်း ရှိတယ်။ အဲ့တာက တစ်ယောက်ယောက်က သူတို့ကို အကျိုးအမြတ်တစ်ခု ရစေရမယ်လို့ ပြောထားလို့ပဲ။ ဒီလူက အပြင်လူတော့ မဖြစ်နိုင်လောက်ဘူး၊ အတွင်းလူပဲ။ သာမန် သစ္စာဖောက်မျိုးလည်း မဟုတ်ဘူး၊ သေချာပေါက် သူက တော်ဝင်မျိုးနွယ်ထဲကပဲ။ ဒါမှ သူ့ကိုယ်သူ ဧကရာဇ်အနေနဲ့ ထီးနန်းသိမ်းနိုင်မှာ။ ငါ ပြောတာ ဟုတ်လား"

ရွှေနန်းထက်က ဧကရီWhere stories live. Discover now