Chapter 98.1

1K 76 1
                                    

Empress with no Virtue
Chapter 98.1
Translator – Utopia

ကျီဝူကျိုး နန်းပြင်ကို ထွက်ဖို့လုပ်ခဲ့ပေမဲ့ ယဲ့ကျန်းကျန်းက အပြင်းအထန် ကန့်ကွက်နေတယ်။

သူ တောင်ပိုင်းကို သွားပြီး ထန်ရိဆီမှာ ကူကို ထုတ်ချင်နေတာ ယဲ့ကျန်းကျန်းလည်း သိတယ်။ သူမလည်း သူ့ကို ကူထုတ်ပစ်ဖို့ ဆန္ဒရှိတာပါပဲ၊ ဒါပေမဲ့ အခု ကျီဝူကျိုးရဲ့ကျန်းမာရေးအခြေအနေက အတော်လေးကို ဆိုးရွားနေခဲ့တယ်၊ ဒါ့အပြင် မယ်တော်ကြီးကိစ္စကလည်း ပြင်းထန်တဲ့ထိုးနှက်ချက်တစ်ခုပဲ။ အခု သူ့ပုံစံက စက္ကူမီးအိမ်လိုပဲ အချိန်မရွေး လေတိုက်ရင် လွင့်ထွက်သွားတော့မယ့်အတိုင်းပဲ။ ဒီခရီးက တောင်ပိုင်းကို လီ ၁၀၀၀လောက် ခရီးထွက်ရမယ့်အပြင် လမ်းတလျှောက်လည်း အန္တယ်ရယ်များတဲ့တောတွေတောင်တွေက မနည်းဘူး။ တကယ်လို့ မြောင်ရွာကို ရောက်သွားတယ်ဆိုရင်တောင်မှ သူက ဧကရာဇ်မှန်းသိသွားရင် ထန်ရိက ကူကို ထုတ်ပေးဖို့နေနေသာသာ နောက်ထပ် ကူပါ ထပ်ထည့်လိုက်မလား ပြောလို့မရဘူး .....

ယဲ့ကျန်းကျန်းရဲ့အကြံကတော့ နစ်နာသူရဲ့ဇနီးအနေနဲ့ ချန်းနန်က မြောင်ရွာကို ကိုယ်တိုင်သွားပြီး ထန်ရိကို လိုက်ခဲ့ဖို့ တောင်းဆိုမှာပဲဖြစ်တယ်။ ကိုယ်ဝန်‌ဆောင်သည်ဆိုရင် ပိုပြီး သနားဖို့ လွယ်တယ်လေ။ ကူအထည့်ခံထားရတဲ့သူမှာ ကလေးနဲ့ မိန်းမရှိနေပြီး ကူရဲ့အကျိုးဆက်က သူတို့ဘဝအတွက် အဆိုးရွားဆုံးတွေ ဖြစ်သွားစေမှာပဲ။ ဒီလိုအချက်တွေနဲ့ဆို ထန်ရိကို ဖြောင်းဖြရပိုလွယ်လောက်တယ်။

ကျီဝူကျိုးကလည်း တွင်တွင်ကို ကန့်ကွက်နေတယ်။ တခြားဟာတွေပြောမနေနဲ့ဦး ယဲ့ကျန်းကျန်းက ကိုယ်ဝန်ကြီးနဲ့ဟာ ဒီခရီးကြမ်းကို ဘယ်လိုလုပ် ပို့လိုက်နိုင်မှာလဲ။ သူမက ဘေးလူတွေဝိုင်းပြီး စောင့်‌ရှောက်တာ ခံယူရင်း ဘယ်မှကို မသွားသင့်တာ။

ဒီကိစ္ဏမှာ နှစ်ယောက်လုံး ညှိမရဖြစ်နေပြီး ဘယ်သူကမှ မလွှတ်လိူက်ချင်ဘူး။ ရက်အတော်ကြာ အချိန်နောက်ကျသွားတဲ့ နောက်မှာတော့ ကျီဝူကျိုးရဲ့ကျန်းမာရေးက ဆိုးသထက် ဆိုးလာနေတယ်။ သွေးအန်တဲ့ အကြိမ်အရေအတွက်လည်း များသထက် များလာနေတယ်။ ယဲ့ကျန်းကျန်းရဲ့ကိုယ်ဝန်ကလည်း စိုးရိမ်သောကတွေရဲ့ သက်ရောက်မှုကို ခံနေရတယ်။ သမားတော်က သူမကို စိုးရိမ်စိတ်လျှော့ပြီး စိတ်ကို အနားပေးဖို့ သတိပေးလာတယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now