Chapter 81

1K 86 2
                                    

Empress with No Virtue

Chapter 81

Translator – Utopia

နောက်တစ်နေ့က နားရက်ဖြစ်တာကြောင့် ကျီဝူကျိုးတစ်ယောက် ကျန်းကျန်းထက် နောက်ကျအောင် အိပ်နေမိတယ်။ ယဲ့ကျန်းကျန်း နိုးလာတဲ့အခါ သူမဘေး ကျီဝူကျိုး လှဲနေတာမြင်လိုက်ရတယ်။ ရာသီဥတုက ပူအိုက်တာမို့ သူမကို ဖက်ထားလို့မရဘူး၊ ဆိုတော့ကာ ကျီဝူကျိုး သူမနဲ့ လက်ချင်းချိတ်ပြီးပဲ အိပ်နေတာဖြစ်တယ်။

ယဲ့ကျန်းကျန်း လက်တစ်ဖက်က သမ်းနေတာကို အုပ်လိုက်ရင်း လက်တစ်ဖက်ကို မြှောက်ကြည့်လိုက်တယ်။ သူမ ထထိုင်လိုက်ပြီး သူ့မျက်နှာကို ငုံ့ကြည့်လိုက်တယ်။ ကျောက်စိမ်းပန်းပုလို လှပချောမောတဲ့ မျက်နှာလေးမှာ အရေးအကြောင်းတွေလည်း မရှိဘဲ သဘာဝအတိုင်းလေး ရှိနေတယ်။ သူ အိပ်နေပုံလေးက ပန်းချီကားတစ်ချပ်လိုပဲ အေးချမ်းနေတယ်။

သူမ ငုံ့လိုက်ပြီး သူ့ပါးလေးကို နမ်းလိုက်တယ်။

သူ့ကို နမ်းပြီးနောက်မှပဲ ယဲ့ကျန်းကျန်း ဦးနှောက်က အသိပြန်ဝင်လာတယ်။ မနေ့က ဖြစ်ခဲ့တာတွေကို ပြန်တွေးမိတော့ သူမဘေး အိပ်ပျော်နေတဲ့သူက သောက်မြင်ကပ်စရာကောင်းလာတယ်။ ဖြေးဖြေးချင်း လက်ချောင်းတွေကို ဖြည်လိုက်ပြီး ကျီဝူကျိုးကို အိပ်ရာပေါ်ကနေ တစ်လက်မချင်း တွန်းချလိုက်တယ်။

ဒုန်း ! ကျီဝူကျိုး အိပ်ရာပေါ်က ဒုတိယအကြိမ် ကန်ချခံရပြီး ကြမ်းပြင်နဲ့ ညားပြန်ပြီ။

ယဲ့ကျန်းကျန်း အမြန်ပဲ အိပ်ရာပေါ် ပြေးတက်ပြီး အိပ်ချင်ယောင်ဆောင်လိုက်တယ်။

ကျီဝူကျိုးတစ်ယောက် အိပ်ချင်မူးတူးနဲ့ သူ ဘာလို့ ကြမ်းပြင်ပေါ် ကျသွားတာပါလိမ့်လို့ တွေးနေတယ်။ ကုတင်တိုင်ကို အားယူရင်း ပြန်ထလာတော့ အိပ်ရာပေါ်က တစ်ယောက်သောသူလေးက အိပ်နေတုန်းပဲဆိုတာ တွေ့လိုက်ရတယ်။

မျက်နှာအရည်ထူထူနဲ့ပဲ အိပ်ရာပေါ် ပြန်တက်လာပြီး ကျန်းကျန်းကို နောက်ကနေ သိုင်းဖက်ထားလိုက်တယ်။ ယဲ့ကျန်းကျန်းလည်း ဟန်ဆောင်မနေနိုင်တော့ဘဲ သူမခါးပေါ်က သူ့လက်ကို ဖယ်ထုတ်လိုက်တယ်။ ကျီဝူကျိုးက ပြုံးလိုက်ပြီး သူ့မေးစေ့ကို သူမပုခုံးပေါ် မှေးထားလိုက်တယ်။

ရွှေနန်းထက်က ဧကရီWhere stories live. Discover now