Ch-4

976 90 1
                                    

သန်းကြွယ်ခြေလှမ်း

အခန်း(၄) Sign-in ဝင်ခြင်းနှင့် ယွမ် ၁ သိန်း

"Bugatti ကားကြီးက မောင်းလို့ကောင်းလိုက်တာကွာ။ ကမ္ဘာကြီးရဲ့ Limited Edition ပြိုင်ကားဆိုတာ ဒါမျိုးလားကွ" လင်းဖန် သူငှားရမ်းထားသည့် တိုက်ခန်းဆီ ပြန်ရောက်လာခဲ့သည်။ ဇိမ်ခံကားကြီးတစ်စီးထဲ စီးရတာ ဇိမ်ကျလိုက်တာ။

လင်းဖန်က နေ့ဘက်တွင် အလွန်ဇိမ်ကျစွာ နေထိုင်ခဲ့ရသည်။ အခု စံအိမ်ကြီးတစ်လုံးနှင့် မီလီယံ ရာချီ တန်ဖိုးရှိသည့် ဇိမ်ခံကားကြီး တစ်စီး ပိုင်ဆိုင်ထားပြီ ဖြစ်သဖြင့် သူ့ဘဝက ပိုပိုပြီး သာယာလာပါပြီ။

ရှန်ဟိုင်းတွင် အိမ်တစ်လုံး ကားတစ်စီး ရှိထားပါက ဖိအား သိပ်မရှိပေ။ လင်းဖန်တွင် စားသောက်ဆိုင် အသေးစားလေး တစ်ခုလည်း ရှိနေ၏။ အစားအစာနှင့် အဝတ်အစားအတွက်တော့ စိတ်ပူစရာ မလိုပေ။ သူစိတ်အေးနေပြီး ကျေနပ်နှစ်သိမ့်နေပါသည်။ ကောင်မလေးတစ်ယောက် မရှိတာကလွဲပြီး အနာဂတ်တွင် သူ့ဘဝ ဘယ်လောက်တောင် လှပလာမလဲ မသိတော့ပါ။

သူ့ဘဏ်အကောင့်ထဲတွင် ပိုက်ဆံ များများစားစား သိပ်မရှိခြင်းသာ ရှိသည်။

အနားယူပြီးနောက် နောက်တစ်နေ့ သွားတိုက် မျက်နှာသစ်ဖို့ အိပ်ယာထလာခဲ့သည်။

"နေ့သစ်လေးပဲ။ ဒီနေ့ ငါ ဘာရမလဲ မသိဘူး။ နောက်ထပ် ဗီလာတစ်လုံးလား" လင်းဖန်က မျှော်လင့် စောင့်စားနေပြီး Sign-in လုပ်ရန် ပြင်လိုက်သည်။

Sign-in လုပ်ပြီးနောက် စနစ်၏ စက်ရုပ်အသံက ထွက်လာခဲ့ပါသည်။

"ဒင်! အောင်မြင်စွာ Sign-in လုပ်နိုင်ခဲ့ပြီး RMB လက်မှတ် သုံးစောင်ကို ရရှိခဲ့ပါပြီ။ သခင်လေးမှာ RMB  ၁ မှ ၉၉၉,၉၉၉,၉၉၉ အတွင်း ရရှိနိုင်ခြေ ရှိပါသည်။ ကံစမ်းမဲ၏ ရလဒ်အား ပိုင်ရှင်၏ ဘဏ်ကတ်ထဲ အလိုအလျောက် ပေးပို့ပေးပြီး သံသယဖြစ်မှုများလည်း ရှိမည်မဟုတ်ပါ။"

Sign-in ဝင်ပြီးနောက် RMB လက်မှတ်သုံးစောင် စနစ်သိုလှောင်ကွက်ထဲ ဝင်လာခဲ့ပါသည်။

လင်းဖန် ရွှင်လန်းသွားသည်။ စနစ်က မမိုက်လွန်းဘူးလား။

အခု လင်းဖန်က ဇိမ်ခံကားရတာပဲဖြစ်ဖြစ် ဗီလာကြီး တစ်လုံးရတာပဲဖြစ်ဖြစ် အရေးအကြီးဆုံးက ငမွဲတစ်ကောင် ဖြစ်နေဆဲပင်။ ဇိမ်ခံကားကိုကော ဗီလာကိုကော ရောင်းလို့ မရသဖြင့် ငွေအဖြစ် ပြောင်းလဲပြစ်လို့မရနိုင်ပါ။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now