Ch-9

786 80 0
                                    

သန်းကြွယ်ခြေလှမ်း

အခန်း(၉) ယွမ် သန်း ၂၀တန် ကျောင်းနယ်မြေက အိမ်

အနားယူပြီး နိုးလာသောအခါ လင်းဖန်က စားသောက်ဆိုင်သို့ Bugatti ဖြင့် မောင်းမသွားတော့ပါ။ မဟုတ်ပါက အဒေါ်ကြီးများ ဓာတ်ပုံဝိုင်းရိုက်တာခံရဦးမည်။

ထို့အပြင် Bugatti က ပြိုင်ကားဖြစ်သဖြင့် ဟင်းချက်ပစ္စည်း များများစားစား ထည့်သယ်ဖို့ မလွယ်ကူပါ။ သူ့ သုံးဘီးဆိုင်ကယ်လောက် သက်တောင့်သက်သာ မရှိသဖြင့် လင်းဖန် သူ့သုံးဘီးဆိုင်ကယ်ပေါ်သို့သာ တက်စီးလာခဲ့ပါသည်။

လင်းဖန်က သူဌေးတစ်ယောက်၏ ဘဝကို တကယ်ဂရုမစိုက်ပါ။ သက်တောင့်သက်သာ နေချင်ရုံသာ ရှိသည်။ သူ့ကြွယ်ဝမှုကို ကြွားဖို့ ပြိုင်ကားကြီး ပတ်မမောင်းချင်ပါ။ သူ ပြိုင်ကား မောင်းချင်ရင် ပြိုင်ကားမောင်းနိုင်သည်။ သုံးဘီးဆိုင်ကယ် စီးချင်ရင်လည်း စီးနိုင်၏။ ဘယ်အရာဖြစ်ဖြစ် လင်းဖန်၏ စိတ်အခြေအနေပေါ်သာ မူတည်ပါသည်။

နှစ်စဥ်ဝင်ငွေ သန်းဆယ်ချီရသည့် အလုပ်တစ်ခုရှိပါက လင်းဖန် တစ်ပတ်ကို ၆ ရက် တစ်ရက်ကို မနက် ၉ နာရီမှ ည ၉ နာရီအထိ အလုပ်လုပ်ရသော အလုပ်မျိုးကို မလုပ်လိုပါ။ ထို့ကြောင့်လည်း လင်းဖန်က နာမည်ကျော် မဖြစ်လိုခြင်းဖြစ်ပါသည်။

လင်းဖန်နယ်မြေဝင်ပေါက်သို့ ရောက်သောအခါ လုံခြုံရေး အစောင့်များစွာက အံ့အားသင့်သွားကြသည်။

လင်းဖန်တွင် ယွမ် သန်း ၁၀၀ ကျော်တန်သည့် Bugatti ပြိုင်ကားကြီးတစ်စီးရှိပြီး အလွန်ချမ်းသာမှန်း သူတို့သိသည်။ သို့သော် ဒီနေ့တော့ လင်းဖန်က သုံးဘီဆိုင်ကယ်လေး စီးလာ၏။

"ဂွတ်မောနင်းပါ ညီလေးလင်း" လုံခြုံရေး ခေါင်းဆောင်က သူ့ထံလျှောက်လာပြီး ပြုံးပြလိုက်သည်။

"မောနင်းပါ" လင်းဖန်က ခေါင်းငြိမ့်လိုက်၏။

"ညီလေးလင်း ဒီနေ့ဘာလို့ သုံးဘီးဆိုင်ကယ် စီးလာတာလဲ" လုံခြုံရေး ခေါင်းဆောင်က စပ်စုစွာ မေးလိုက်ပါသည်။

လင်းဖန်က ပြုံးကာ ပြန်ပြောလိုက်၏။ "သုံးဘီးဆိုင်ကယ်စီးရတာ မကောင်းဘူးလားဗျ။ ခန္ဓာကိုယ်ကိုလည်း လေ့ကျင့်ပြီးသားဖြစ်တယ်။ တစ်ချိန်တည်းမှာ ကျွန်တော့် စားသောက်ဆိုင်ကိုသွားပြီး ကြည့်လို့ရတယ်။ ဟင်းချက်ပစ္စည်းတွေ ဝယ်ဖို့လည်း ပိုပြီး အဆင်ပြေတာပေါ့ဗျာ။"

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now