Ch-64/65/66

644 47 1
                                    

အခန်း(၆၄) ငါထင်ထားတာနဲ့ ဘာလို့လွဲနေတာလဲ

ရှားဝမ်ချွေ့ ထိုင်လိုက်သောအခါ သူမ၏ အရှိန်အဝါက အရင်ကလို ချစ်ဖို့မကောင်းတော့ပါ။

ဖျော်ဖြေရေးလောကထဲတွင် ပြိုင်ဆိုင်မှုများက ကြမ်းတမ်း ပြင်းထန်လွန်းသည်။

ဒီဒရမ်မာက တကယ်ပဲ ကောင်းမွန်သဖြင့် ဒီဒရမ်မာထဲက ဇာတ်လိုက်မင်းသမီးနေရာအတွက် ပြိုင်ဆိုင်မည်ဖြစ်သည်။ တခြားနည်းလမ်းမရှိပါ။

လင်းဖန်ရှေ့တွင် သူမ၏ သာမန်ပုံစံအတိုင်းရှိတတ်သည်။ အလွန်ချစ်ဖို့ကောင်းပြီး လှပ၏။

ကုမ္ပဏီထဲက အားလုံးရဲ့ရှေ့မှာတော့ လုံးဝ ခြားနားနေပါသည်။ နတ်သမီးအစစ် တစ်ပါးလိုပင်။ ရှားဝမ်ချွေ့ ထိုင်လိုက်သောအခါ တခြား အမျိုးသမီး သရုပ်ဆောင်အားလုံး အနည်းငယ် လန့်သွားကြ၏။

ရှားဝမ်ချွေ့တောင် ဒီဒရမ်မာ၏ ခေါင်းဆောင်မင်းသမီးနေရာအတွက် ယှဥ်ပြိုင်တော့မည်။

သို့သော်လည်း ရှားဝမ်ချွေ့ သရုပ်မဆောင်တာ တစ်နှစ်လောက်ရှိပြီ။ ထို့အပြင် သူမ၏ အချစ်ရေး ဇာတ်ဝင်ခန်းများအတွက် သရုပ်ဆောင်စွမ်းရည်ကလည်း သူတို့လောက် ပိုမကောင်းနိုင်ပါ။ ခေါင်းဆောင်မင်းသမီးနေရာအတွက် ဘယ်သူက ယှဥ်ပြိုင်နိုင်မှန်း မသေချာဘဲ အမျိုးသမီး သရုပ်ဆောင်များစွာကလည်း လက်လျှော့ဖို့ အစီအစဥ်မရှိပါ။

ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းနှင့် တချို့ လှပသော အမျိုးသမီးသရုပ်ဆောင်တချို့က ခေါင်းဆောင်မင်းသမီးနေရာအတွက် လာရောက်ယှဥ်ပြိုင်ကြသည်။

ခဏတာလောာက် ပရိုဂျူဆာ၊ ဒါရိုက်တာနဲ့ တခြား ဇာတ်ညွှန်းဆရာအားလုံး ကြက်သေ သေသွားခဲ့ကြပါသည်။

ဒရမ်မာတစ်ခုတွင် ဇာတ်ညွှန်းက အသက်ဝိညာဥ်ဖြစ်သည်။ ထိုဇာတ်ညွှန်းကို ပုံဖော်ပေးနိုင်သည့် လူများကလည်း သရုပ်ဆောင်များသာဖြစ်၏။

ပရိုဂျူဆာလျို့က ပြုံးလိုက်ပြီး အခန်းတစ်ခန်းလုံးကိုကြည့်လိုက်သည်။ "လင်းဖန် မင်းက ဒီဒရမ်မာအတွက် ဇာတ်ညွှန်းရေးထားတာဆိုတော့ ခေါင်းဆောင်မင်းသမီးလုပ်ဖို့ ဘယ်သူက ပိုသင့်တော်မယ်ထင်လဲ။"

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now