Ch-179/180

557 41 2
                                    

လင်းဖန် 179+180

အခန်း(၁၇၉) ဒီနေ့ ငါဖွင့်ပြောမယ်

"အင်း ကျွန်တော့်ကို နည်းနည်းလောက် ပြပေးပါဦး" လင်းဖန်က ပြုံးလိုက်ပါသည်။

"ဒီလည်ဆွဲလေးက Bulgari ကပါ။ Bulgari က အီတလီမှာ ၁၈၈၄ ခုနှစ်က စတင်ခဲ့တာလေ။ ကမ္ဘာကျော် အဆင့်မြင့် လက်ဝတ်ရတနာ ဘရန်းတစ်ခုပေါ့။ အဲ့ဒီဘရန်းနာမည်အောက်က လက်ဝတ်ရတနာတွေက ဒီဇိုင်းဆန်းသစ်မှုနဲ့ အရောင်အသွေးစုံလင်မှုတို့ကြောင့် လူသိများကြတယ်။ ကောင်မလေးတွေ ဝတ်ဖို့ အရမ်းလိုက်ဖတ်တယ်။ မစ္စတာလင်း ရှင့်ရဲ့ ကောင်မလေးသာ ဒီလည်ဆွဲကို ဝတ်လိုက်ရင် သေချာပေါက် အရမ်းလှသွားမှာပါ" ဆိုင်ဝန်ထမ်းက ပြုံးကာ ပြောလိုက်ပါသည်။ဓ

လင်းဖန်ရဲ့ ကောင်မလေး ဘယ်သူဘယ်ဝါဖြစ်သည်ဆိုတာကိုတော့ ဆိုင်ဝန်ထမ်းက မေးမှာ မဟုတ်ပေ။

ဒါတွေက လင်းဖန်၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြစ်သည်။

"အင်း ကြည့်ပါရစေ။ မဆိုးပါဘူး။ ကျွန်တော် ယူလိုက်မယ်။ ဘယ်လောက်လဲ။" လင်းဖန်က မေးလိုက်၏။

"ဒီ  Bulgari လည်ဆွဲလေးက ၁၃၈,၀၀၀ ယွမ် တန်ပါတယ်။ မစ္စတာလင်း အမြင်ရှိသားပဲ။ ရှင့်ကောင်မလေးကတော့ ရှင့်လိုကောင်လေးမျိုး ရထားလို့ အရမ်းဝမ်းသာနေတော့မှာပဲ" အမျိုးသမီးဝန်ထမ်းက ပြုံးလိုက်ပါသည်။

"ကျွန်တော် ယူမယ်။ ထုတ်ပိုးလိုက်ပါ။"

"ကျွန်တော် စိန်လက်စွပ်တွေ ကြည့်ဦးမယ်...  အင်း... ဒီတစ်ခုက ဘယ်လိုလဲ" လင်းဖန်က မေးလိုက်ပါသည်။ သူ စိန်လက်စွပ် တစ်ကွင်းကို ကြည့်လိုက်၏။ အဆိုပါ စိန်လက်စွပ်က တောက်ပနေကာ အလွန် ဆွဲဆောင်မှုရှိလွန်းနေပါသည်။

"မစ္စတာလင်း အမြင်ရှိလိုက်တာရှင်။ ဒီစိန်လက်စွပ်လေးက ကျွန်မတို့ဆိုင်ရဲ့ ရတနာလိုပါပဲ။ နာမည်အပြည့်အစုံက Van Cleef & Arpels Bonheur မင်္ဂလာလက်စွပ် လို့ ခေါ်ပါတယ်။"

"ဒီစိန်လက်စွပ်လေးမှာ အရမ်း လေးနက်တဲ့ အဓိပ္ပာယ်ရှိတယ်။ Bonheur ဆိုတာက စိန်လို မာကျောပြီး ထာဝရတည်မြဲတဲ့အချစ်ကို ကိုယ်စားပြုတယ်။ Bonheur လက်စွပ်တွေရဲ့ သွန်းလုပ်တဲ့နည်းလမ်းက Van Cleef & Arpels ရဲ့ ပြောင်မြောက်တဲ့ လက်ရာတွေနဲ့ အရည်အသွေးတွေကို သဘောကျတဲ့လူတွေ အတွက်ပါ။ သူ့ရဲ့ ရိုးရှင်းတဲ့စတိုင်ကို Bonheur လက်စွပ်က ဖော်ပြထားတယ်။ စိန်ရဲ့ မျက်နှာပြင်ပေါ်က အပေါက်ပါတဲ့ ဒီဇိုင်းကြောင့် စိန်ရဲ့ အလင်းကို ပိုပြီး တောက်ပစေတယ်။ ဘေးမှာလည်း ကျောက်မျက်ရတနာတွေနဲ့ ခြယ်ထားတဲ့ ဘောင်လေးခုက စိန်ရဲ့ တောက်ပမှုကို ပိုလေးနက်စေတယ်" အမျိုးသမီး ဝန်ထမ်းက ပြောလိုက်ပါသည်။

You've reached the end of published parts.

⏰ Last updated: Mar 07 ⏰

Add this story to your Library to get notified about new parts!

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now