Ch-109+110

510 33 0
                                    

လင်းဖန် 109+110

အခန်း(၁၀၉) လင်းဖန်က အဆိုလည်း ကောင်းတာပဲ

တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းပေါ်တွင် ကောမန့်များစွာ ဝင်ရောက်လာပါသည်။

"ဟားဟားဟား လင်းဖန်က ချောလွန်းပြီး ဂုဏ်သိက္ခာလည်းရှိလိုက်တာ။ ငါနည်းနည်းတောင် မနာလိုဖြစ်လာပြီ။ လခွမ်း သူက တကယ်ကြီး ငွေရေးကြေးရေး စိတ်မဝင်စားဘူးပဲ။"

"လင်းဖန်က တကယ်ချမ်းသာတယ်ထင်တယ်။ သူ့မှာ စံအိမ်ကြီးတွေ ပြိုင်ကားကြီးတွေ အများကြီးရှိတယ်လို့ ကြားတယ်။”

"လင်းဖန်မှာ စံအိမ်ကြီးတွေရှိတယ်ဆိုတဲ့ကောင် ငါ့မှာလည်း ဇိမ်ခံအိမ်ကြီးတွေ ရာနဲ့ချီပြီး ရှိတယ်ကွ။”

"လင်းဖန်က ငါ့မင်းသားလေးပဲ။ ဘဝရဲ့ပျော်ရွှင်မှုနဲ့ လင်းဖန် ဇာတ်ညွှန်းသစ်ရေးမှာကို မျှော်လင့်နေမိပြီ။ အရင်တုန်းက ရုပ်သံဒရမ်မာတွေကို မကြည့်နိုင်ဘူး။ အခုတော့ ငါကြည့်နိုင်တဲ့ ရုပ်သံဒရမ်မာတစ်ခု ပေါ်လာပြီ။”

"ဘဝရဲ့ပျော်ရွှင်မှုကို ရေးထားတာ အရမ်းကောင်းတယ်။ လင်းဖန်ရဲ့ ဇာတ်ညွှန်းရေးတဲ့ အဆင့်က တကယ့်ထိပ်တန်းပဲ။ အဓိကအချက်က ချောလည်းချောပြီး ဇာတ်ညွှန်းရေးစကေးက ဒီလောက်ကောင်းနိုင်ရတာလဲ။ သူ့ရုပ်ရည် တစ်ခုတည်းနဲ့ ဝင်ငွေရနိုင်တာလား။”

ဘဝရဲ့ပျော်ရွှင်မှုအား စတင်ထုတ်လွှင့်ပြီးသောအခါ အင်တာနက်အပေါ်က လူထု၏ အမြင်များ အလွန်ပြောင်းလဲသွားကြပြီ ဖြစ်ပါသည်။ လင်းဖန်ကို တိုက်ခိုက်သည့် လူများက ပျောက်ကွယ်သွားလေပြီ။ လက်ရှိ လင်းဖန်မှာ ပရိတ်သတ်သန်းဆယ်ချီရှိသည့် စူပါစတားတစ်ယောက် ဖြစ်လာခဲ့ပါပြီ။

ရုပ်သံဒရမ်မာတစ်ခုက လင်းဖန်ကို ပရိတ်သတ်များစွာ ပေးစွမ်းခဲ့၏။

ထိုရုပ်သံဒရမ်မာက လင်းဖန်ကို တကယ်ရေပန်းစားလာစေခဲ့ပါသည်။ သတင်းစာရှင်းလင်းပွဲတွင် မီဒီယာက ရှားဝမ်ချွေ့နဲ့ စုရှောင်းယွီတို့ကို မေးခွန်းများစွာ မေးခဲ့၏။

သတင်းစာရှင်းလင်းပွဲပြီးခါနီးသောအခါ တင်ဆက်သူက လင်းကျင်းကျင်းကို ကြည့်လိုက်ပြီး ပြုံးကာ ပြောလိုက်ပါသည်။ "လင်းကျင်းကျင်း ဘဝရဲ့ပျော်ရွှင်မှု ဇာတ်ဝင်တေးဖြစ်တဲ့ ထာဝရဆန္ဒက အရမ်းနားထောင်လို့ ကောင်းတယ်နော်။ လင်းကျင်းကျင်း ရေးစပ်ထားတာလား။ ကျွန်တော်တို့အတွက် အဲ့ဒီသီချင်းကို ဆိုပေးနိုင်မလားဗျ။”

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now