Ch-41/42

606 54 0
                                    

အခန်း(၄၁) ငွေရေးကြေးရေး စိတ်မဝင်စားဘူး

"အစ်မ ဝမ်ချွေ့ နင်..." စုရှောင်းယွီက တခစ်ခစ် ရယ်မောရင်း ရှားဝမ်ချွေ့ကို မျက်တောင် ခတ်ကာ ကြည့်လိုက်သည်။

"မဟုတ်တာတွေ။ ပေါက်ကရတွေ မပြောနဲ့။"

"မနေ့ညက... ငါ ငါးပေါင်းပဲစားခဲ့တာ" ရှားဝမ်ချွေ့၏ မျက်နှာက နီရဲနေပြီး စုရှောင်းယွီကို စိတ်ဆိုးစွာ ကြည့်နေပါသည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ အစ်မဝမ်ချွေ့ ဘာမှ မလုပ်ခဲ့တာ ငါသိပါတယ်။"

"လင်းဖန် အစ်မဝမ်ချွေ့နဲ့ ငါအလုပ်လုပ်တော့မယ်နော်။ သြော် ဟုတ်သားပဲ။ ကုမ္ပဏီက ရှုယန်ကလည်း အစ်မဝမ်ချွေ့ကို သဘောကျနေတဲ့ပုံပဲနော်။ ဒီရက်ပိုင်းအတွင်း နင်ကုမ္ပဏီကို လာပြီး ငါတို့ကို ညစာကျွေးဖို့ လာခေါ်ရမယ်။ မဟုတ်ရင် အစ်မဝမ်ချွေ့ကို ခေါ်သွားတာ တခြားတစ်ယောက်ယောက် ဖြစ်သွားမယ်နော်" စုရှောင်းယွီက အပြစ်ကင်းပြီး ချစ်ဖို့ကောင်းသည့် အပြုံးတစ်ခု ပြုံးပြလိုက်ပါသည်။

"ရှောင်းယွီ အဓိပ္ပာယ် မရှိတာတွေ ထပ်ပြောမယ်ဆိုရင် ကုတ်မှာနော်" ရှားဝမ်ချွေ့က စုရှောင်းယွီကို ကြည့်လိုက်ပါသည်။

"အင်းပါ ငါနင်တို့တွေကို လာခေါ်ပါ့မယ်" လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။

လင်းဖန် လှည့်ပြန်ဖို့ ပြင်လိုက်စဥ် နူးညံ့သည့် အသံလေးတစ်ခု ထွက်လာခဲ့၏။

"မြောင်~"

ရှားဝမ်ချွေ့က လင်းဖန်ကို သူမ၏ လှပသော မျက်လုံးလေးများဖြင့် ကြောင်လေးတစ်ကောင်လို ကြည့်လိုက်ပါသည်။ ချစ်ဖို့ကောင်းသော လက်ဟန်ပုံစံလေးလုပ်လိုက်ပြီး လင်းဖန်၏ အင်္ကျီထောင့်လေးကို နူးညံ့စွာ ဆွဲလိုက်ပါသည်။

"ဟင်" လင်းဖန်က နောက်လှည့်ကာ ရှားဝမ်ချွေ့ကို ကြည့်လိုက်သည်။

"လင်းဖန် ဇာတ်ညွှန်းရေးပြီးရင် ငါ့ကို ပို့ပေးဖို့ မမေ့နဲ့နော်။"

"ငါ့အတွက် ဇာတ်ညွှန်းကောင်းကောင်း ရေးပေးပြီး... ငါနဲ့ အတူတူ သရုပ်ဆောင်မယ်လို့ နင်ကတိပေးထားတယ်နော်" ရှားဝမ်ချွေ့၏ မျက်နှာလေးက အနည်းငယ် နီရဲနေခဲ့ပါသည်။ သူမက ရေလို ဖြူစင်ပြီး နူးညံ့လွန်းပါသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Όπου ζουν οι ιστορίες. Ανακάλυψε τώρα