Ch-159/160

399 24 0
                                    

လင်းဖန် 159+160

အခန်း(၁၅၉) အနှစ် ၃၀ စံချိန်ကို ချိုးဖျက်ခြင်း

အင်တာနက် တစ်ခွင်လုံး လုံးဝ တုန်လှုပ်သွားခဲ့ပါသည်။

အဓိက ဆိုရှယ်ပလက်ဖောင်းများ အားလုံးက ဓားနှင့်နတ်သမီးဒဏ္ဍာရီအကြောင်း ပြောဆိုနေကြသည်။

ဒီရုပ်သံဒရာမာ၏ ရေပန်းစားမှုနဲ့ ကြည့်ရှုသူ အရေအတွက်က အလွန်များပြားစွာ စတင်တိုးမြင့်လာပါပြီ။

ဒီရုပ်သံဒရာမာက အစကတည်းက အလွန်ပြီးပြည့်စုံခဲ့သည်။ ကမ္ဘာ့ရှုခင်းကို အပြည့်အဝ ချပြပြီးနောက် ရုပ်သံဒရာမာတစ်ခုလုံး၏ ရေပန်းစားမှုလည်း တိုးမြင့်လာခဲ့ပါသည်။

ဓားနှင့်နတ်သမီးဒဏ္ဍာရီ ရုပ်သံဒရာမာက အလွန်ရေပန်းစားလာဖို့ အလားအလာ ရှိပါသည်။

ဆွေးနွေးမှုများ၏ ပမာဏက ဘဝရဲ့ပျော်ရွှင်မှုထက်ပင် ပိုများနေပါသေးသည်။

"ဓားနှင့်နတ်သမီးဒဏ္ဍာရီက အရမ်းကြည့်လို့ကောင်းတာပဲ ခေါင်းဆောင်မင်းသားနေရာမှာ သရုပ်ဆောင်တဲ့ ကောင်လေးက ဘယ်သူလဲ။ သူက တော်တော်ချောတယ်။ ငါ့သမီးလေးနဲ့ မိတ်ဆက်ပေးလို့ရရင် သိပ်ကောင်းမှာပဲ။"

"ငါ ရုပ်သံဒရာမာရဲ့ ထုတ်လွှင့်ပြသပြီးတဲ့ အပိုင်း အကုန်လုံးကို ကြည့်ပြီးသွားပြီ။ စုစုပေါင်း အပိုင်း ၉ ပိုင်း ရှိတယ်။ ဒီလောက် ကောင်းတဲ့ ဒရာမာမျိုး မမြင်ဖူးဘူးကွာ။"

"ဓားနှင့်နတ်သမီးဒဏ္ဍာရီကို လင်းဖန်က ရိုက်ကူးထားတာလေ။ သူ့ကို ဒါရိုက်တာလင်းလို့ ပြောင်းခေါ်သင့်တယ်။ ဒါရိုက်တာလင်းက အရမ်းတော်တာပဲ။"

"ငါ အဲ့ဗီဒီယိုတွေ ဘယ်မှာ သွားကြည့်လို့ရလဲ။ အဲဒီ ရုပ်သံဒရာမာကို မကြည့်ရသေးဘူး။ အွန်လိုင်းပေါ်မှာ အတိုလေးတွေပဲ ရှိတယ်။ အပိုင်းအပြည့်မရှိဘူး။ အပိုင်းအပြည့်ကို ဘယ်မှာသွားကြည့်လို့ရမလဲဆိုတာ ဘယ်သူသိလဲ။"

"ငါလည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီ အပိုင်း ၁ ကနေ ၉ အထိ ပြန်ကြည့်လို့ရမယ့်နေရာကို ရှာနေတာလေ။"

"ငါလည်း ဒုက္ခရောက်နေတယ်။ ဒီရုပ်သံဒရာမာက အရမ်းကောင်းလွန်းတယ်။ အဓိက အချက်က ခေါင်းဆောင်မင်းသား လင်းဖန်က အရမ်းချောနေတာပဲ။"

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now