Ch-49/50/51

684 56 0
                                    

အခန်း(၄၉) လင်းဖန်က ဘာလို့ အရမ်းချောရတာလဲ

လင်းဖန် : "ငါ အခုချက်ချင်း လာခေါ်မယ်နော်။ ခုနက အလုပ်များနေလို့ပါ။"

ရှားဝမ်ချွေ့ : "~~~"

စုရှောင်းယွီ : "ဆရာ မြန်မြန်လာပါတော့။ မလာရင် အစ်မဝမ်ချွေ့ အနိုင်ကျင့်ခံရလိမ့်မယ်။"

လင်းဖန် : "???"

စုရှောင်းယွီ : "ငါရှိရင် အစ်မဝမ်ချွေ့ကို တခြားသူတွေ အနိုင်ကျင့်လို့မရဘူး။ ဆရာ ငါဗိုက်ဆာတယ်။ အာဝူး အများကြီး စားချင်တယ်~"

စုရှောင်းယွီ၏ မက်ဆေ့ချ်ချ်ကို လင်းဖန်မြင်သောအခါ အနည်းငယ် ဒေါသထွက်သွား၏။

ကြောင်မလေးက အနိုင်ကျင့်ခံရမယ် ဟုတ်လား။

ဘယ်သူက သူ့ကြောင်မလေးကို အနိုင်ကျင့်ရဲတာလဲ။

ရှုယန်... ရှုယန်ဖြစ်မယ်။

အရင်တစ်ခေါက် ရှုယန်က လင်းဖန်ကို ယွဲ့ဟွာအင်တာတိန်းမန့်ကို ဖိတ်ကြားလိုက်တာက စစ်ကြေညာလိုက်ခြင်း ဖြစ်သည်။

လင််းဖန်က Rolls-Royce Cullinan ထဲသို့ ဝင်လိုက်၏။ လီဗာကိုနင်းပြီး ယွဲ့ဟွာအင်တာတိန်းမန့်သို့ လာခဲ့ပါသည်။

လမ်းတစ်လျှောက်တွင် အားလုံးက အံ့အားသင့်သွားခဲ့ကြသည်။ ရှန်ဟိုင်းမြို့ကြီးက အလွန်ကြီးမားသည်။ သို့သော် နေ့တိုင်း ပြိုင်ကားကို မြင်နိုင်သည့်လူက အလွန်နည်းပါသည်။

SUV ကားအင်ဂျင်ကြီး၏ ဟိန်းသံနှင့် ၎င်း၏ မိုက်မိုက်လန်းလန်း တန်ဖိုးကြီးသော ပုံသဏ္ဌာန်က ရှန်ဟိုင်းလမ်းမများပေါ်တွင် ပြိုင်ဘက်ကင်းသော မြင်ကွင်းတစ်ခု ဖြစ်လာစေခဲ့၏။

ယွဲ့ဟွာအင်တာတိန်းမန့်။

ထိပ်တန်း ဖျော်ဖြေရေး ကုမ္ပဏီကြီးတစ်ခု ဖြစ်သောကြောင့် ယွဲ့ဟွာလက်အောက်တွင် ထိပ်တန်း နာမည်ကျော်များစွာ ရှိပါသည်။

ရှုယန်၊ ရှားဝမ်ချွေ့၊ စုရှောင်းယွီနှင့် တခြား နာမည်ကျော်များစွာမှာ ယွဲ့ဟွာအင်တာတိန်းမန့်၏ လက်အောက်တွင် ရှိပါသည်။ မိန်းကလေးအိုင်ဒေါအုပ်စုအဖြစ် ပွဲဦးထွက်ရဖို့ မျှော်လင့်ချက်ဖြင့် ပါဝင်ကြသည့် ထရိန်နင်များကိုလည်း ပြုစုပျိုးထောင်ပေးကြသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now