Ch-153/154

390 27 0
                                    

လင်းဖန် 153+154

အခန်း(၁၅၃) နတ်ဘုရားအဆင့် လက်ရာနှစ်ခုကို ယှဥ်ရခက်တယ်

တချိန်တည်းမှာပင် အွန်လိုင်းပေါ်မှာ ရီဗျူးကောင်းကောင်းရတာ ဓားနှင့်နတ်သမီးဒဏ္ဍာရီပဲ မဟုတ်ပါ။

"ကြယ်ဥယျာဥ်"ကလည်း အလွန်ရေပန်းစားလာပါသည်။

အနုပညာလောက၏ နံပတ်တစ် အမျိုးသမီးသရုပ်ဆောင်အဖြစ် လင်းခယ့်ရှင်းက ပရိတ်သတ်နှင့် အာရုံစိုက်မှုများစွာကို ဆွဲဆောင်နိုင်ခဲ့ပါသည်။

ဟွာစဲရုပ်ရှင်၏ ထိပ်တန်းအဖွဲ့တစ်ခုဖြစ်သည့် ရွှေတံဆိပ် ဇာတ်ညွှန်းရေးဆရာ ၅ ယောက်နှင့် ပေါင်းစပ်လိုက်သောအခါ ကြယ်ဥယျာဥ်ဒရမ်မာကိုလည်း ကြည့်ရှုသူများက နှစ်သက်ကြပါသည်။

"လင်းခယ့်ရှင်းရဲ့ ဓာတ်ပုံလေးတွေက အရမ်းချိုမြိန်တာပဲ။ ဘာလို့ အဲ့လောက် လှနေရတာလဲ။"

"ဒီရုပ်သံဒရမ်မာက အရမ်းကောင်းတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီလောက် ကောင်းတယ်လို့ ထင်တယ်။"

"အဲ့တာ မသိသာဘူးလား။ ဒါက လင်းခယ့်ရှင်းနဲ့ ချူးယောင်ယောင်တို့ ပါတဲ့ ရုပ်သံဒရမ်မာလေ။ အရမ်းချောတဲ့ မင်းသားနှစ်ယောက်လည်း ပါသေးတယ်။"

"ချူးယောင်ယောင်က အရမ်းလှတယ်။ သူနဲ့ လင်းခယ့်ရှင်းတို့ မင်းသမီးကြီးတွေ အတူတူ ဖြစ်လာနိုင်တယ်။ အရမ်းလှတာပဲ။ သူက စုရှောင်းယွီထက်တောင် ပိုလှမယ်ထင်တယ်။"

"မဟုတ်တာတွေ။ စုရှောင်းယွီနဲ့ ချူးယောင်ယောင်တို့က တခြားစီပဲ။ လင်းခယ့်ရှင်းနဲ့ ယှဥ်ဖို့ဆိုတာ ပိုဝေးသေး နားလည်လား။"

"အပိုင်း ၂ ခဏနေရင် ထုတ်လွှင့်တော့မယ်။ ကြယ်ဥယျာဥ်က ဓားနှင့်နတ်သမီးဒဏ္ဍာရီကို ဘယ်လို အနိုင်ယူပြမလဲဆိုတာကို ဟိုဘက်အိမ်မှာ သွားကြည့်လိုက်မယ်။"

"ငါလည်း ဓားနှင့်နတ်သမီးဒဏ္ဍာရီကို သွားကြည့်လိုက်ဦးမယ်။ ငါက မုန်းတီးရေးနဲ့ ပတ်သတ်လာရင် ပရော်ဖက်ရှင်နယ်တစ်ယောက်ပဲ။ လာစမ်း ငါသွားကြည့်လိုက်ဦးမယ်။ မကောင်းတာ တစ်ခုခု တွေ့လို့ကတော့ အဖွဲ့ဖွဲ့ပြီး မုန်းတီးရေး စကြမယ်။"

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now