Ch-113+114

490 35 0
                                    

လင်းဖန် 113+114

အခန်း(၁၁၃) အတော်ဆုံးပါရမီရှင်

လုပမ်ခိုင်းက ဝေ့ပေါ် ပို့စ်ကို ပြန်တင်လိုက်ပြီး ပြောလိုက်ပါသည်။  "တကယ်တော့ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်တချို့ကို ပရိသတ်ကို ပြောပြချင်ပါတယ်။”

"ကျွန်တော်က ဘဝရဲ့ပျော်ရွှင်မှုအတွက် ဒါရိုက်တာဖြစ်ပြီး အလုပ်အများကြီးအတွက် တာဝန်ရှိသူဆိုပေမယ့်လို့ ဒီရုပ်သံစီးရီး အရမ်းရေပန်းစားလာရတဲ့ အကြောင်းအရင်းက ကျွန်တော့်ကြောင့် မဟုတ်ဘဲ လင်းဖန်ကြောင့်ဖြစ်ပါတယ်။”

"ဒီရုပ်ရှင်စီးရီးထဲက ဆန်းသစ်တဲ့ ရိုက်ကူးနည်းလမ်းများစွာကို လင်းဖန်က ကျွန်တော့်ကို သင်ပေးသွားတာပါ။ ပြီးတော့လည်း ဒီရုပ်သံစီးရီးကို ရိုက်ကူးရေးလုပ်နေတုန်း လင်းဖန်က ကျွန်တော့်ကို အသေးစိတ် ကူညီပေးခဲ့တာတွေလည်း အများကြီး ရှိပါတယ်။ ကျွန်တော် လင်းဖန်ဆီကနေ အများကြီး သင်ယူခဲ့ရပါတယ်။”

"လောလောဆယ် ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံစီးရီးက ကောင်းမွန်လွန်းတယ်။ အားလုံးကိုပြောချင်တာက ဒါတွေအားလုံး လင်းဖန်ကျေးဇူးကြောင့် ဆိုတာပါပဲ။ သူက နာမည်မယူချင်ပေမယ့် လင်းဖန်ရဲ့စရိုက်က တော်တော်လေးက ကောင်းတယ်လို့ ပြောရမယ်။ အဲ့တာကြောင့်လည်း ကျွန်တော်ပြောချင်တဲ့ အမှန်တရားဆိုတာ ဒါပါပဲ။ လင်းဖန်ကြောင့်သာ မဟုတ်ရင် ဒီရုပ်သံစီးရီးထဲက ရိုက်ကူးရေး နည်းလမ်းတွေကို ပြီးပြည့်စုံအောင် အသုံးပြုနိုင်မှာ မဟုတ်ပါဘူး။"

တစ်ချိန်တည်းမှာပင် ထုတ်လုပ်ရေးအဖွဲ့က ရွှယ်ခဲ့ရှင်းကလည်း ဝေ့ပေါ် ပေါ်တွင် ပို့စ်တင်ခဲ့ပါသည်။ "ဒါရိုက်တာလျို့ပြောတာ အမှန်ပါ။ လင်းဖန်က တကယ့်ပါရမီရှင်တစ်ယောက်ပဲ။ အရမ်းလည်း တာဝန်သိတတ်တယ်။ ကျွန်တော်တို့ ဒီရုပ်သံစီးရီးအတွက် နောက်ဆက်တွဲထုတ်လုပ်ရေးကို လုပ်နေတုန်း လင်းဖန်က မနက် ၇ နာရီကနေ သန်းခေါင် ၁၂ နာရီအထိ အလုပ်လုပ်တယ်။ ကျွန်တော်တို့ကို ရုပ်သံစီးရီးအတွက်နောက်ဆက်တွဲထုတ်လုပ်ရေးတွေ ဘယ်လိုလုပ်ရမလဲဆိုတာ အပြည့်အဝကို လမ်းညွှန်ပေးခဲ့တာပါ။”

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now