Ch-20

803 81 0
                                    

သန်းကြွယ်ခြေလှမ်း (လင်းဖန်)

အခန်း(၂၀) မစ္စတာလင်းရဲ့ သရုပ်မှန်

"ဒီဝိုင်ပုလင်းခြောက်ပုလင်းကို ခင်ဗျားတို့ မှာထားတာ မဟုတ်ပါဘူး။ ဒါတွေက မစ္စယန်ရဲ့ စေတနာကို ပြသဖို့အတွက်ပါ။ အားလုံး အခမဲ့ပါခင်ဗျ။ မစ္စတာလင်း ကျေးဇူးပြုပြီး သုံးဆောင်ပါနော်။"

"Romanee Conti ထပ်အလိုရှိသေးရင် ကျွန်တော့်ကို အသိပေးလိုက်ပါ။ အချိန်မရွေး ပြင်ဆင်ပေးပါ့မယ်။ တခြား လိုအပ်ချက်ရှိရင်လည်း ဒီစားပွဲထိုးမလေး နှစ်ယောက်ကို ဆက်သွယ်နိုင်ပါတယ်။ အဆင်ပြေကြပါစေ"။ မန်နေဂျာ အနည်းငယ် ဦးညွှတ်ကာ ထွက်သွားပါသည်။

မန်နေဂျာက ကုမ္ပဏီ၏ ဒုတိယ အများဆုံး ရှယ်ယာဝင်ဟူသည့် လင်းဖန်၏ သရုပ်မှန်ကို တိုက်ရိုက်ကြီး ဖော်ပြမသွားပါ။ ယန်ရွှယ်က သူ့ကို ဒီလိုပဲ လုပ်အောင် သေသေချာချာ ညွှန်ကြားထားခြင်းဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် လင်းဖန်က ဇာတ်နိမ့်နေရတာ သဘောကျတယ် မဟုတ်လား။

တစ်ဖက်တွင်လည်း လင်းဖန်အား ကုမ္ပဏီ၏ ရက်ရောမှုကို အသိပေးချင်သေးသည်။ ကုမ္ပဏီ၏ ဒုတိယ အများဆုံး ရှယ်ယာဝင် တစ်ယောက်အနေဖြင့် ဒီလိုအထူးအခွင့်အရေးမျိုးကို ရသင့်ပါသည်။

နောက်တစ်ဖက်တွင်တော့ ယန်ရွှယ်က ကုမ္ပဏီ၏ ဒုတိယ အများဆုံး ရှယ်ယာဝင်ကို မျက်နှာသာပေးခြင်းဖြစ်ပါသည်။

ကုမ္ပဏီ၏ ရှယ်ယာ ငါးပုံ တစ်ပုံက လင်းဖန်၏ လက်အောက်တွင် ရှိနေပါသည်။

ရှန်ဟိုင်းမြို့က ကြယ်ငါးပွင့် ဟိုတယ်ကြီး၏ အဓိက ရှယ်ယာဝင်တစ်ယောက်အနေဖြင့် ပုလင်း ၆၀ သို့မဟုတ် ၆၀၀ ဆိုရင်တောင် တိုက်ဖို့ ထိုက်တန်ပါသည်။ Romanee Conti ၆ ပုလင်းလောက်ကတော့ မပြောပလောက်ပါ။

ယန်ရွှယ်အတွက် လင်းဖန်၏ နောက်ကြောင်းက ဒီကုမ္ပဏီကြီး တစ်ခုလုံးထက် ပိုကောင်းမွန်နေပါသေးသည်။

ရှန်ဟိုင်းမြို့မှာပင် သန်းရာချီပြီး တန်ဖိုးရှိသော ဗီလာတစ်လုံးနှင့် ပြိုင်ကားတစ်လုံးကို ပိုင်ဆိုင်ထားပါသည်။ သူ့ပုံသေ ပိုင်ဆိုင်မှုတစ်ခုတည်းနှင့် သန်း ၂၀၀ ကျော်နေပါပြီ။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now