Ch-151/152

350 24 0
                                    

လင်းဖန် 151+152

အခန်း(၁၅၁) အံ့သြစရာသတင်း၊ ပွဲကြီးပွဲကောင်း

"ကြယ်ဥယျာဥ်"နဲ့ "ဓားနှင့်နတ်သမီးဒဏ္ဍာရီ"တို့ တစ်ချိန်တည်း ကြေညာခဲ့ပြီးနောက် ဝေ့ပေါ် ပေါ်က ရေပန်းစား အကြောင်းအရာစာရင်းများ ထပ်ပြီး ဗြောင်းဆန်သွားပြန်ပါသည်။

"လခွမ်း အစ်ကိုဖန်က ကြမ်းလိုက်တာ။ ကြယ်ဥယျာဥ်ကို ထိပ်တိုက် ရင်ဆိုင်ချင်နေတာပဲ။"

"သူတို့ တစ်ချိန်တည်း ထုတ်လွှင့်ပြသကြမှာပဲ။ အစ်ကိုဖန်ရဲ့ သတ္တိကိုတော့ လေးစားတယ်။ ဓားနှင့်နတ်သမီးဒဏ္ဍာရီကို သေချာပေါက် Follow လုပ်ထားဦးမှပါ။"

"ဟုတ်တာပေါ့။ ဒီလောက်ကောင်းတဲ့ ရုပ်သံဒရမ်မာကို ငါကြည့်ရမှာပေါ့။ ဟီးဟီး အစ်ကိုဖန်နဲ့ ရှားဝမ်ချွေ့တို့ ခေါင်းဆောင်မင်းသားမင်းသမီးတွေ ထပ်ဖြစ်ကြပြန်ပြီ။ ဒီဒရမ်မာထဲမှာ အချစ်ရေးဇာတ်ဝင်ခန်းတွေ အများကြီး ပါဝင်လောက်တယ်။"

"ပြောနေစရာတောင် မလိုဘူး။ ဒီရုပ်သံဒရမ်မာက အရမ်းချိုမြိန်မယ်ထင်တယ်။ ငါ Follow လုပ်ထားလိုက်တော့မယ်။ အဓိကအချက်ကတော့ အစ်ကိုဖန်က အနုပညာလောကထဲမှာ အချောဆုံးလို့ ထင်လို့ပဲ။"

"အစ်ကိုဖန်က ရဲတင်းလိုက်တာ။ ဟွာစဲရုပ်ရှင်နဲ့ ရင်ဆိုင်ခဲ့ဖူးတဲ့ ရေပန်းစားတဲ့ ဒရမ်မာမျိုး မရှိခဲ့ဖူးဘူး။ ဒါပေမယ့် ဒီ'ဓားနှင့်နတ်သမီးဒဏ္ဍာရီ'က တော်တော်ကောင်းမယ့်ပုံပဲ။ ကြည့်ကြည့်ရအောင်။"

"အရင်တုန်းက ရှားဝမ်ချွေ့ကို ဝေဖန်ပြီး နာမည်ဖျက်တဲ့လူတွေ ရှိတယ်နော်။ သူ့ရဲ့ ကုမ္ပဏီထောက်ခံချက်တွေလည်း ဖျက်သိမ်းသွားကြတယ်။ အစ်ကိုဖန် အရမ်းဒေါသထွက်သွားတာ ဖြစ်မယ်။ 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ'ကို အားပေးကြပါ။"

အင်တာနက်ပေါ်တွင် 'ဓားနှင့်နတ်သမီးဒဏ္ဍာရီ'ကို အားပေးသူများ သာမကဘဲ 'ကြယ်ဥယျာဥ်'ကို အားပေးသူများလည်း ရှိပါသည်။

အရင်တစ်ခေါက် ရှားဝမ်ချွေ့ အနိုင်ကျင့်ခံရပြီးကတည်းက ရှားဝမ်ချွေ့၊ စုရှောင်းယွီ၊ လင်းဖန်နှင့် ရှုယန်တို့၏ ပရိတ်သတ်အားလုံး လှုပ်ရှားခဲ့ကြသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now