Ch-45

585 47 1
                                    

အခန်း(၄၅) ဇာတ်ညွှန်းရေးဆရာ အဆင့် : မာစတာ အဆင့်

"မစ္စတာလင်း... ကျွန်မ အိပ်မက်မက်နေတာလား" အရောင်းဝန်ထမ်းမလေး လင်လင်က လင်းဖန်ပေးသည့် ဘဏ်ကတ်ကို ကြည့်ရင်း ဘာတွေဖြစ်နေသလဲ မယုံကြည်နိုင်ဖြစ်နေပါသည်။

ဒါက ယွမ် ၆.၄ သန်း တန်ဖိုးရှိသည့် ကားတစ်စီးဖြစ်၏။ Rolls-Royce Cullinan ကားတစ်စီး ဖြစ်သည်။ သာမန်လူတွေဆို ယွမ် ၁၀၀,၀၀၀ တန်ကားဝယ်ဖို့ပင် အချိန်အကြာကြီး တွန့်ဆုတ်နေတတ်ကြသည်။ သူတို့က မေးခွန်းအများကြီး မေးကြပြီး လျှော့စျေးပင် တောင်းတတ်ကြသေး၏။ သို့သော်လည်း လင်းဖန်ကတော့ သူ့ဘဏ်ကတ်ကို တစ်ခါတည်း ဖြတ်ခိုင်းလိုက်ပါသည်။ ဒါက အလွန်တဲ့တိုးဆန်ပြီး ဒီကားအကြောင်း ပိုသိရဖို့ သူမကို မေးခွန်းများပင် မေးမသွားခဲ့ပါ။

သူဌေးတွေ အကုန်လုံးက ဒီလိုပဲလား။

"အိပ်မက်မက်နေတာ မဟုတ်ပါဘူးဗျာ။ ကျွန်တော့်ကတ်ကို ဖြတ်ပြီး ကျန်တဲ့ လုပ်ငန်းစဥ်တွေ အကုန်လုံး ဆက်လုပ်ကြမယ်လေ" လင်းဖန်က ပြုံးလိုက်သည်။ အာမခံအတွက်တော့ ကားရောင်းဝယ်ရေးကိုသာ တာဝန်ပေးထားလိုက်ပါသည်။

"ကောင်းပါပြီ၊ ကောင်းပါပြီ။ မစ္စတာလင်း ကျေးဇူးပြုပြီး ခဏလောက် စောင့်ပေးပါနော်။"

"အကောင်းဆုံး တဟုန်ဖောင်ကနေ ထုတ်လုပ်ထားတဲ့ လက်ဖက်ရည်ရှိပါတယ်။ မစ္စတာလင်း ကျေးဇူးပြုပြီး ခဏထိုင်ပါဦးနော်။ ကျေးဇူးပြုပြီး ခဏလောက် စောင့်ပါဦးနော်" လင်လင်က ပြောရင်းဆိုရင်း လင်းဖန်အတွက် လက်ဖက်ရည်ကရားတစ်ခု ချပေးလိုက်ပါသည်။

ကားရောင်းဝယ်ရေးထဲက အကောင်းဆုံး လက်ဘက်ခြောက် တဟုန်ဖောင်က ဗီအိုင်ပီများ နှင့် ဗီအိုင်ပီကတ်စတမ်မာများအတွက် ပြင်ဆင်ထားခြင်းဖြစ်သည်။

လင်းဖန်က သူတို့ဆိုင်တွင် ဗီအိုင်ပီကတ်စတမ်မာအဆင့်သို့ ရောက်သွားပြီဖြစ်သည်။

ဒီလိုလူမျိုးကို စကားတစ်ခွန်းတည်းဖြင့်သာ ဖော်ပြနိုင်သည်။ ချမ်းသာလိုက်တာ။

"အင်း..." လင်းဖန်က ဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး တဟုန်ဖောင် လက်ဖက်ရည်ကို တစ်ငုံသောက်ကြည့်လိုက်ပါသည်။ တကယ်ပဲ အရသာကောင်းမွန်လှ၏။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now