Ch-33+34

711 52 0
                                    

အခန်း(၃၃) ရှားဝမ်ချွေ့ မဖွင့်ဟခဲ့တဲ့ အချစ်ဦးလေး

ဒုတိယ ရေပန်းအစားဆုံး ရှာဖွေမှုက...

လင်းဖန်၊ ရှားဝမ်ချွေ့။

တတိယ ရေပန်းအစားဆုံး အကြောင်းအရာက [ရှားဝမ်ချွေ့၏ မဖွင့်ဟခဲ့တဲ့ အချစ်ဦးလေး] ဖြစ်သည်။

စုစုပေါင်း ရေပန်းစားနေသည့် အကြောင်းအရာ ၃ ခုရှိပါသည်။ အားလုံးကလည်း စာရင်း၏ ထိပ်ဆုံးတွင် တန်းစီ တည်ရှိနေကြသည်။

အင်တာနက်အသုံးပြုသူများ၏ စွမ်းအားက ကြီးမားလွန်းသဖြင့် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ အထက်တန်းကျောင်းတုန်းက ပုံတွေကိုတောင် ပြန်တူးဆွခဲ့သည်။

ကျောင်းဖွင့်ပွဲ အခမ်းအနားများ၊ စကားရည် လုပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ၊ ဒုတိယနှစ် ကျောင်သားများ၏ ရှေးဟောင်း ကဗျာပြိုင်ပွဲများ၊ ရက်တစ်ရာ သစ္စာဆိုပွဲများ၊ ဘွဲ့နှင်းသဘင် အခမ်းအနားများ ရှိခဲ့သည်။ ထိုပွဲတော်ကြီးများမှတဆင့် အဖြစ်အပျက်တစ်ခုကို မြင်နိုင်ပါသည်။

အထက်တန်းကျောင်း လှုပ်ရှားမှုများတွင် လင်းဖန်နှင့် ရှားဝမ်ချွေ့တို့က အမြဲတမ်း ဓာတ်ပုံ အတူတူ ရိုက်ခဲ့ကြသည်။

အထက်တန်းကျောင်းက စပြီး နောက်ပိုင်းအထိ သူတို့နှစ်ယောက်က ချစ်သူအစစ်အမှန်များလိုပင်။

သူတို့အထက်တန်းကျောင်းတုန်းက လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ အဆင့်များက ကောင်းလွန်းသဖြင့် ဆရာ ဆရာမများက ဘာမှသိပ်မပြောခဲ့ကြပါ။

အထက်တန်းကျောင်းတက်စဥ်တုန်းက သူတို့နှစ်ယောက် အတူတူရှိနေတာ ပုံမှန်ပဲဖြစ်သည်။ သို့သော် အခုတော့ တက္ကသိုလ်မှ ဘွဲ့ရပြီးတာ ၃ နှစ်ကြာပြီဖြစ်ပြိး ရှားဝမ်ချွေ့က လင်းဖန်၏ စားသောက်ဆိုင်တွင် ပေါ်လာကာ အဆက်အသွယ် ရှိနေကြဆဲဖြစ်သဖြင့် ပုံမှန် မဟုတ်တော့ပါ။

လင်းဖန်ရှိသည့် နေရာတိုင်း ရှားဝမ်ချွေ့ရှိသည်။

ရှားဝမ်ချွေ့ရှိသည့်နေရာတိုင်း လင်းဖန်ကို တွေ့ရသည်။

အဓိပ္ပာယ်က တစ်ခုတည်းသာ ဖြစ်နိုင်ပါသည်၊။ လင်းဖန်နှင့် ရှားဝမ်ချွေ့တို့၏ ဆက်ဆံရေးက သာမန် မဟုတ်ပါဘူး။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now