Ch-89+90

558 34 0
                                    

လင်းဖန် 89+90

အခန်း(၈၉) လင်းကျင်းကျင်း အံ့သြသွားပြီ။ ကောင်းလိုက်တဲ့ တေးသွားပါလား။

ပိုက်ဆံရပြီးနောက် လင်းဖန်၏ ငွေရေးကြေးရေး အခက်အခဲတော့ ယာယီ ပြေလည်သွားပါပြီ။

ဘဝရဲ့ပျော်ရွှင်မှုအတွက် ရိုက်ကူးရေးကြေး ရှင်းပြီးသောအခါ လင်းဖန် တကယ် ချမ်းသာလာပါလိမ့်မည်။

ယွမ် ၃၀၀,၀၀၀ က သူ့ ငွေရေးကြေးရေး အခက်အခဲကို ပြေလည်သွားစေသည်။ သူ့ အိမ်ရာ ထိန်းသိမ်းရေးအခွန်များ၊ ရေဖိုး၊ မီတာခများအတွက် ထိုငွေကို သုံးနိုင်သည်။ သူ့ တန်ဖိုးကြီး ပြိုင်ကား ၃ စီးကို ထိန်းသိမ်းဖို့ ပိုက်ဆံအများကြီး လိုအပ်ပါသည်။

လင်းဖန်က ဘဝရဲ့ပျော်ရွှင်မှု ရိုက်ကူးရေးမှ ရိုက်ကူးရေးကြေး များများစားစား ရမှာ မဟုတ်ပေ။ လင်းဖန်၏ ရိုက်ကူးရေးကြေးက ယွမ် ၉ သန်းသာ ရှိသည်။ လောလောဆယ် လင်းဖန်က လူသစ်တစ်ယောက်သာ ဖြစ်သည်။ ဘဝရဲ့ပျော်ရွှင်မှုအတွက် ရင်းနှီးမြှုပ်နှံသူလည်း မလုံလောက်သဖြင့် သူ့လစာလည်း အများကြီး လျှော့ချခံလိုက်ရပါသည်။

ထုတ်လုပ်ရေးအဖွဲ့ထဲတွင် တည်းဖြတ်သည့်လုပ်ငန်းတချို့ လုပ်ဆောင်ပြီးနောက် အရေးအကြီးဆုံးအရာက နောာက်ခံအသံထည့်သွင်းခြင်း ဖြစ်ပါသည်။ ထုတ်လုပ်ရေးအဖွဲ့က နောက်ခံအသံဆရာကြီးဖြစ်သော မေ့လန်၊ ဆရာမမေ့ကို ဖိတ်ကြားခဲ့ပါသည်။

လုပ်ဆောင်ရမည့် အသေးစိတ် နောက်ခံအသံထည့်သွင်းခြင်းများ ရှိနေပါသေးသည်။ ဂီတကို  ရုပ်သံစီးရီးတစ်ခုလုံး၏ ဇာတ်ဝင်ခန်းများထဲ ထည့်သွင်းရပါဦးမည်။ ဇာတ်ကွက်နဲ့ ဇာတ်ဝင်ခန်းအားလုံးအတွက် မတူညီသည့် တေးဂီတများ ထည့်သွင်းရမည်။

ကုမ္ပဏီကလည်း ဘဝရဲ့ပျော်ရွှင်မှုအတွက် ဂီတမျိုးစုံ ဖန်တီးပေးဖို့ ဝန်ထမ်းများစွာကို ငှားရမ်းခဲ့ပါသည်။

မေ့လန်က ဝန်ထမ်းများကို ခေါ်ပြီး သက်ဆိုင်ရာ လုပ်ငန်းများ လုပ်ဖို့ ရောက်လာတော့ ၎င်းတို့ထဲမှာ ပရော်ဖက်ရှင်နယ် အသံသရုပ်ဆောင်များပင် ပါလာပါသေးသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Onde histórias criam vida. Descubra agora