Ch-19

757 80 0
                                    

သန်းကြွယ်ခြေလှမ်း (လင်းဖန်)

အခန်း(၁၉) Romanee Conti La Romanee-Conti

လင်းဖန်၏ မက်ဆေ့ချ်ကို အားလုံးမြင်သွားကြသောအခါ ကြက်သေသေသွားကြသည်။

ညစာစားချိန်လေး အတွင်းမှာပင် သူ ၈၄၀,၀၀၀ ယွမ်ကို ရရှိခဲ့ပါသည်။

ခုနက စာချုပ်နဲ့ ယွမ် ၈၄၀,၀၀၀ တို့နဲ့ဆို ကြွေပန်းဥယျာဥ်အိမ်ရာမှာ လင်းဖန် အိမ်တစ်လုံး ပိုင်ကြောင်း သက်သေခိုင်လုံသွားပြီ ဖြစ်သည်။

အနည်းဆုံး ယွမ် သန်း ၂၀ တန်သည်။

"လခွမ်း ယွမ် သန်း ၂၀ တောင်"

"ယောက်ဖဖန်။ ဘယ်တုန်းက မင်း ဒီလောက် တော်လာတာလဲကွာ။ အဓိကအချက်က မင်းဇာတ်နိမ့်နေလွန်းတယ်။ ကြွေပန်းဥယျာဥ်အိမ်ရာက အိမ်တစ်လုံး ပိုင်ဖို့ဆိုရင် ငါ ၁၀ နှစ် ကျော်လောက် အလုပ်လုပ်ရမယ်။ ယောက်ဖဖန် မင်းကတော့ ယွမ် သန်း ၂၀ တန်တဲ့အိမ်တောင် ပိုင်ဆိုင်ထားပြီးပြီပေါ့" ကောင်းလိရှောင်းက လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။

"ကြွေပန်းဥယျာဥ်အိမ်ရာက အိမ်တစ်လုံးဆိုတာ သာမန်လူတွေ ဝယ်နိုင်တဲ့ အရာမျိုးမဟုတ်ဘူး။ လင်းဖန် နင်ဘာလို့ ဒီလောက်တောင် တော်ရတာလဲ။"

"ဒီလောက်ထိ အိမ်ကောင်းကောင်းရှိနေတာတောင် ဇာတ်နိမ့် နေနေသေးတယ်။ နင်က သာမန် နေရာတစ်နေရာမှာ နေတယ်ပြောပြီး ဒီလောက်ကောင်းတဲ့ အိမ်ကြီးတစ်လုံးရှိနေတာကိုး။ လင်းဖန်။ နင်ဘယ်တုန်းက ဒီလောက် ချမ်းသာသွားတာလဲ။"

ကောင်မလေးများစွာက လင်းဖန်ကို ဝိုင်းရံလိုက်ကြပြီး သူ့ကို အံ့အားသင့်စွာ ကြည့်နေကြပါသည်။

သူတို့က လင်းဖန်၏ မိသားစုနောက်ခံ အကြောင်းကို သိထားကြသည်။ သို့သော်လည်း လင်းဖန်၏ အိမ်က ယွမ် သန်း ၂၀ တန်ကြေး ရှိနေ၏။

လူများစွာက အဆင့်မြင့် ကျောင်းခရိုင်တွင် အိမ်တစ်လုံး ပိုင်ဆိုင်ဖို့ စိတ်ကူးယဥ်ကြသည်။

"ငါက အဲ့လောက် မချမ်းသာပါဘူး။ အိမ်နည်းနည်းပဲ ရှိတာပါ။ ဘာမှအရေးမကြီးဘူး။ အားလုံးပဲ ကိုယ်စားစရာရှိတာ စားကြပါ။" လင်းဖန်က လက်ခါပြလိုက်ပြီး ဂရုမစိုက်ပါ။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now