Ch-117+118

484 34 0
                                    

လင်းဖန် 117+118

အခန်း(၁၁၇) အစ်ကိုကြီး ငါ ယောက်မ ရတော့မှာလား

လင်းယွီရှစ်တစ်ယောက် ရုတ်တရက်ကြီး သူဌေးမိသားစုတစ်ခုထဲသို့ ရောက်သွားသလို ခံစားလိုက်ရပါသည်။

အရင်တုန်းက သူမ၏ မိသားစုမှာ တကယ်ပဲ ဆင်းရဲပါသည်။ သို့သော်လည်း သိပ်မကြာခင်မှာပဲ ဘီလျံနာကြီးတစ်ယောက်ဖြစ်သွားလေပြီ။

အားလုံးက လင်းဖန်ကြောင့်သာ။

ဒီလိုအစွမ်းအစရှိသည့် အစ်ကိုမျိုး ရထားတာ ကံကောင်းသည်ဟု လင်းယွီရှစ် ခံစားမိပါသည်။

အနည်းဆုံးတော့ သူမအစ်ကို၏ ဘဝအတွက် စိတ်ပူစရာမလိုတော့ပေ။

သူမမှာလည်း သူမဘဝနဲ့ သူမ ရှိပါသည်။ သူမက တက္ကသိုလ်ကျောင်းသူတစ်ယောက်ဖြစ်ပြီး စာကိုကြိုးစားသင်ယူသည်။ လင်းဖန်က ချမ်းသာတာကြောင့်နဲ့ သူမှ ဘာမှမလုပ်ဘဲ အသက်ကြီးလာလို့ မဖြစ်ပါ။

သူမ အစ်ကိုက အလွန်တော်လွန်းသည်။ ထို့ကြောင့် သူမလည်း ကြိုးစားပြီး ပိုတော်သည့် ကောင်မလေးဖြစ်အောင် ကြိုးစားရမည်။

"ယွမ် သန်း ၁၀၀ ကျော်ကျော်လေးပဲတဲ့...  ဒါ သူဌေးတွေရဲ့ လောကကြီးလား" လင်းချမ့်ချမ့်က ပြောလိုက်ပါသည်။ သူမ မျက်လုံးထဲက လေးစားအားကျမှုများက ပိုနက်ရှိုင်းလာပါသည်။ သန်း ရာကျော်တန်ဖိုးရှိသည့် ပြိုင်ကားနှစ်စီးကို ပိုင်ဆိုင်ထားတာ ဘယ်လိုအဓိပ္ပာယ်သက်ရောက်သလဲ တခြားကောင်မလေးများထက် သူမက ပိုသိပါသည်။

တစ်နည်းအားဖြင့် လင်းဖန်တွင် အနည်းဆုံး ပိုင်ဆိုင်မှု ယွမ် ၁ ဘီလီယံလောက် ရှိရမည်။

လင်းဖန်၏ ပိုင်ဆိုင်မှုက အနည်းဆုံး ယွမ်  ၁ ဘီလီယံ သို့မဟုတ် ၂ ဘီလီယံလောက် ရှိလောက်ပါသည်။

သူမကို ယွမ် သန်း ၁၀၀ လာပေးရင်တောင် တစ်သက်လုံး သုံးကုန်မှာ မဟုတ်ပါ။

သို့သော်လည်း လင်းဖန်က ယွမ် သန်း ၂၀၀ ကို ပြိုင်ကားနှစ်စီးဝယ်ဖို့ ဆုံးဖြတ်ပြီး ဒီမှာ ပါကင်ထိုးထားပါသည်။

ဘယ်လိုသူဌေးမျိုးက ဒီလိုပြိုင်ကားမျိုး ဝယ်လိမ့်မလဲဟု စဥ်းစားခဲ့သည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now