Ch-35+36

650 48 0
                                    

အခန်း(၃၅) ကောင်မလေး အယောင်ဆောင်ခြင်း

အကြာကြီး ပြေးလွှားပြီးကြသောအခါ။

ရှားဝမ်ချွေ့၏ မျက်နှာ နီရဲနေပြီး အသက်မရှူနိုင်တော့ပါ။ လင်းဖန်ဘေးတွင်လိုက်လာခဲ့ပြီး အချိန်မရွေး ပေါ်လာနိုင်သည့် ပရိတ်သက်နှင့် မီဒီယာများထံမှ ပုန်းကွယ်ခဲ့ပါသည်။

တခြားသူများတွေ့သွားလည်း သူမ ဂရုမစိုက်ပါ။ သို့သော် လင်းဖန်က သူမ၏ အနာဂတ်အတွက် ထည့်တွက်ပေးနေသဖြင့် ရှားဝမ်ချွေ့၏ နှလုံးသား နွေးထွေးသွားခဲ့ပါသည်။

"ရပြီ။ ဒီလောက်ဆို ဘယ်သူမှ မရှိလောက်တော့ဘူး။" လင်းဖန်က ပြုံးလိုက်ပြီး ရှားဝမ်ချွေ့ကို ပြန်လှည့်ကြည့်လိုက်ပါသည်။ သူမ၏ လက်ကို ကိုင်ထားဆဲဖြစ်ပြီး သူမ၏ နွေးထွေးမှုကို ခံစားနေရဆဲဖြစ်သည်။

"ဟာ ငါ့ကိုလွှတ်တော့လေ" ရှားဝမ်ချွေ့က ခေါင်းငုံ့ကာ နူးနူးညံ့ညံ့လေး ပြောလိုက်ပါသည်။

"ဆောရီး လောနေတာနဲ့ သတိမထားမိလိုက်ဘူး" လင်းဖန်က ခေါင်းကုတ်ရင်း ရှားဝမ်ချွေ့၏ လက်ကို လွှတ်လိုက်ပါသည်။ သူ ရှားဝမ်ချွေ့လက်ကို ကိုင်ထားသည့် ဓာတ်ပုံတစ်ပုံသာ ထွက်လာပါက သူတို့ဆက်ဆံရေးကို အွန်လိုင်းပေါ်မှာ အတည်ပြုပြီးသား ဖြစ်သွားပါလိမ့်မည်။

"အခုချိန်ကစပြီး... ငါ့ခွင့်ပြုချက်မရရင် လက်မကိုင်နဲ့။"

"ငါနင့်ကောင်မလေး မဟုတ်သေးဘူး" ရှားဝမ်ချွေ့က နူးညံ့စွာ ပြောလိုက်ပါသည်။ သူမ၏ ပါးပြင်လေးများ နီရဲနေ၏။

"နင်သာ ငါ့ကောင်မလေးဆိုရင် နင့်ပရိသတ် သန်း ၈၀ က ငါ့ကိုဓားတွေနဲ့ တိုက်ခိုက်နေလောက်ပြီ" လင်းဖန်က ပြုံးကာ အတည်မယူခဲ့ပါ။ သူနဲ့ရှားဝမ်ချွေ့တို့က အတော်လေး အဆင်ပြေကြသော်လည်း ရည်းစား အဆင့်တော့ မဟုတ်သေးပေ။

လင်းဖန် ချောကြောင်း ဝေ့ပေါ်တွင် ချီးကျူးသူများရှိသောာ်လည်း လင်းဖန်ကို နာမည်ဖျက်နေသော လူတချို့လည်း ရှိပါသေးသည်။ သူတို့ဆက်ဆံရေးကိုသာ အတည်ပြုလိုက်ပါက လင်းဖန်နောက်ကို တကယ်လူတွေ လိုက်လာနိုင်ပါသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now