Ch-7

811 74 0
                                    

သန်းကြွယ်ခြေလှမ်း

အခန်း(၇) ကြမ်းတမ်းပြီး ချစ်ဖို့ကောင်းသူ

လင်းဖန်တစ်ယောက် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီးသွားသောအခါ ရှားဝမ်ချွေ့ကလည်း သူမ၏ ခေါက်ဆွဲကို စားပြီးသွားပြီဖြစ်သည်။

ကြက်ဥခေါက်ဆွဲ တစ်ပန်းကန်ကို ၇ ယွမ် ဖြစ်၏။

"လင်းဖန် နင့်ကို WeChat ကနေ ပိုက်ဆံ ပို့ပေးလိုက်တယ်နော်" ရှားဝမ်ချွေ့က ဗိုက်ပြည့်အောင် စားသောက်ပြီးနောက် ပြောလိုက်ပါသည်။

သူတို့က အတန်းဖော်ဟောင်းများဖြစ်ကြပြီး ရင်းနှီးကြသော်လည်း လင်းဖန်က ရှားဝမ်ချွေ့ကို ကျသင့်ငွေ သက်ညှာမပေးဘဲ သူမကလည်း ဦးစွာ ရှင်းတတ်သည်။

လင်းဖန်သာ ကျသင့်ငွေကို မတောင်းပါက သူတို့၏ ဆက်ဆံရေး သဘောသဘာဝ ပြောင်းလဲသွားပြီး သူမကိုပင် သဘောကျသွားနိုင်သည်။

ထို့အပြင် လင်းဖန်မှာသာ စနစ်မရှိပါက သူ့ကိုယ်သူ ထောက်ပံ့ဖို့တောင် ခက်ခဲနိုင်ပါသည်။ ၇ ယွမ်ကလည်း ပိုက်ဆံ ဖြစ်၏။

"ကောင်းပါပြီ" လင်းဖန်က ခေါင်းငြိမ့်ကာ ဖုန်းကိုတော့ ထုတ်မကြည့်တော့ပေ။

"လင်းဖန် ဒီမှာ နင့်စီးပွားရေးကလည်း သိပ်မကောင်းဘူး။ နင်ပိုက်ဆံများများစားစား မရဘူး မလား" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်ကာ ပြောလိုက်သည်။

"ပိုက်ဆံတော့ အများကြီး မရပေမယ့် ကိစ္စမရှိပါဘူး။" လင်းဖန်က ပြန်ပြောလိုက်ပါသည်။ သူ့တွင် ယွမ်သန်းရာချီ တန်ကြေးရှိသည့် ဇိမ်ခံကားနှင့် စံအိမ်ကြီးများ ရှိသည်။ ဘဏ်အကောင့်ထဲမှာလည်း ယွမ် ၁၀၀,၀၀၀ ရှိသေး၏။ အနည်းဆုံးတော့ လောလောဆယ်အတွက် စားစရာ ဝတ်စရာ အတွက် စိုးရိမ်ဖို့ မလိုတော့ပေ။ နောက်ပိုင်းတွင် ပိုကောင်းတာ တစ်ခုခုပင် ရလာနိုင်သည်။ ထို့ကြောင့် စားသောက်ဆိုင်ငယ်လေး၏ စီးပွားရေးကို သူသိပ်မမှုပါ။

"နင်က ဒီလောက် ချောတာကို ငါတို့ကုမ္ပဏီထဲ ဝင်လို့ ရတယ်လေ။ ပြီးရင် အရမ်းတော်တဲ့ သရုပ်ဆောင်တစ်ယောက် လုပ်လို့တောင် ရတယ်။ အချိန်တန်ရင် ပရိတ်သတ်တွေ အများကြီး ရလာမှာပဲ" ရှားဝမ်ချွေ့က သူမ၏ လက်ထဲက ကြောင်လေးကို ပွတ်သပ်ပေးရင်း ပြောလိုက်ပါသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now