Ch-21

794 69 2
                                    

သန်းကြွယ်ခြေလှမ်း (လင်းဖန်)

အခန်း(၂၁) ငတုံးကောင်

လူအုပ်ကြီး၏ မျက်လုံးများ ပြူးကျယ်သွားကြသည်။

ကျောက်လီလီ၊ ရှဲ့ယွီထုံ၊ ကောင်းလိရှောင်းနှင့် ရွှယ်ယောင်ထင်းတို့ အုပ်စုသည် အိပ်ပျော်နေသော လင်းဖန်ကို ကြည့်လိုက်ကြသည်။

ဘုရားရေ...။

အဲ့တာကြောင့်လည်း ခေတ်သစ် လီရှန်း ဟိုတယ်၏ အများဆုံး ရှယ်ယာဝင်ဖြစ်သော ယန်ရွှယ်က လင်းဖန်ကို စည်းရုံးချင်ခြင်း ဖြစ်သည်။ သူ့ကို တစ်ပုလင်း ၁၀၀,၀၀၀ ယွမ် တန်သည့် Romanee Conti ဝိုင်ပင် ပေးခဲ့ပါသည်။

"ရှယ်ယာ ၂၀ ရာခိုင်နှုန်း၊ ကုမ္ပဏီရဲ့ ဒုတိယ အများဆုံး ရှယ်ယာဝင်... လခွမ်း ယောက်ဖဖန်က တော်တော် ပိရိအောင် ဖုံးကွယ်ထားတာပဲ" ရွှယ်ယောင်ထင်း ပြောလိုက်ပါသည်။

"အဲ့တာကြောင့် ယောက်ဖဖန်က ကြွေပန်းဥယျာဥ်အိမ်ရာမှာ သန်း ၂၀ တန်တဲ့အိမ်ကို ဘယ်လိုပိုင်ထားပါလိမ့်လို့ ငါတွေးနေတာ။ သူက ကုမ္ပဏီရဲ့ ဒုတိယ အများဆုံး ရှယ်ယာဝင် ဖြစ်နေတာကိုး။ အိမ်တစ်လုံးကို မပြောနဲ့ နှစ်လုံး သုံးလုံးလောက်ကို အသာလေး ဝယ်လိုက်လို့ ရတယ်" ကောင်းလိရှောင်းက ပြောလိုက်ပါသည်။

"လင်းဖန်က အရမ်းတော်တာပဲ..."

"ဒီတော့ လင်းဖန်က အဖုံးကွယ်ထားနိုင်ဆုံး လူပေါ့။"

"လင်းဖန်ကို အခုလိုက်ဖို့ နောက်ကျသွားပြီလား။ လင်းဖန်က သုံးဘီးစီးပြီး သူ့ကိုအလုပ်ရှာခိုင်းဖို့ စီစဥ်နေတယ်ထင်တာ။ အခုတော့ ငါသူ့ကို လိုက်မှ ဖြစ်တော့မယ်။"

"ငါ အံ့သြသွားပြီ။ လင်းဖန်က အရမ်းချော အရမ်းတော်ပဲ။ ငါသူ့ကို ချစ်မိသွားပြီထင်တယ်။ အခုဘာလုပ်ရမလဲ။"

"နင့် ရင်ဘတ်က သေးလွန်းတယ်။ ရင်ဘတ်သေးတာကို ကောင်လေးတွေ သိပ်မကြိုက်ကြဘူး။ လင်းဖန်သာ ရွေးမယ်ဆိုရင် ငါ့ကိုပဲ ရွေးမှာပေါ့။"

"အဓိပ္ပာယ်မရှိတာ။ လင်းဖန်က အဲ့လိုလူမျိုးမှ မဟုတ်တာ။ သူ့ကို အထက်တန်းကျောင်းမှာ သဘောကျတဲ့ ကောင်မလေးတွေ အများကြီး ရှိပေမယ့် ဘယ်တော့မှ ရည်းစားထားခဲ့တာ မဟုတ်ဘူး။ လင်းဖန်ရဲ့ စရိုက်ကို ဘာမှ ပြောဖို့မလိုဘူး။"

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Место, где живут истории. Откройте их для себя