Ch-27

733 68 0
                                    

သန်းကြွယ်ခြေလှမ်း (လင်းဖန်)

အခန်း(၂၇) စားသောက်ဆိုင်ဖွင့်တာ ပိုက်ဆံရဖို့ မဟုတ်ဘူး

လင်းဖန်အိမ်ကို ကြည့်ရှုပြီးနောက် ရှားရန်ရန်နှင့်အတူ ပြန်လာခဲ့သည်။

ရှဲ့ထျင်ထျင်က နယ်မြေဝင်ပေါက်တွင် ရပ်ကာ လင်းဖန်ကို စောင့်နေခဲ့ပါသည်။

"လင်းဖန် လူလိမ်ကောင်။ ဟွန်း နင်လိမ်တယ်။ နင့်မှာ အိမ်မရှိ၊ ကားမရှိဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလာား" ရှဲ့ထျင်ထျင်က လင်းဖန်ကို ကြည့်ကာ ပြောလိုက်ပါသည်။

"နင်က... ရှဲ့ထျင်ထျင်လား" လင်းဖန်က သူ့ရှေ့က ကောင်မလေးကို ကြည့်ကာ မေးလိုက်ပါသည်။

"ဟုတ်တယ်။ ဒီနေ့အတွက် ငါတောင်းပန်ပါတယ်။ ငါ နောက်မကျခဲ့သင့်ဘူး။ ဝီချက်မှာလည်း နင့်ကို မBlock ခဲ့သင့်ဘူး။"

"ဒါပေမယ့် လင်းဖန်၊ နင်က အရမ်းတော်ပြီး ချမ်းသာလွန်းတယ်။ နောက်ပိုင်း ဘယ်ကောင်မလေးက နင့်ကို သဘောကျရဲတော့မှာလဲ" ရှဲ့ထျင်ထျင်က လင်းဖန်ကို နှစ်နှစ်ကာကာ တောင်းပန်ပြီး ပြောလိုက်ပါသည်။

"ဟားဟား ငါတစ်ကိုယ်တည်းသမား ဖြစ်နေတာ ဝါရင့်နေပြီ။ မဟုတ်ရင် ဘာလို့ မျက်မမြင် ချိန်းတွေ့ဖို့ သွားမှာလဲ" လင်းဖန်က ရယ်မောလိုက်ပါသည်။ ရှဲ့ထျင်ထျင် နောက်ကျတာကို သူ ဂရုမစိုက်ပါဘူး။

ဘာပဲဖြစ်ဖြစ် ထိုစဥ်က သူလည်း ဝီချက်မှာ တခြားသူနဲ့ စကားပြောနေခဲ့တာ မဟုတ်လား။

"နင်က အရမ်းတော်တာကို ဘာလို့ မျက်မမြင် ချိန်းတွေ့ဖို့ လိုမှာလဲ။ ရန်ရန်ကို ဘယ်လိုသဘောရလဲ" ရှဲ့ထျင်ထျင်က သူမ၏ လက်မောင်းကို ကိုင်ကာ မျက်တောင်ခတ်လိုက်ပါသည်။

"ထျင်ထျင် နင်ဘာလို့..." ရှားရန်ရန်က ရှက်သွေးဖြာသွားခဲ့ပါသည်။

"မဆိုးပါဘူး" လင်းဖန်က ခေါင်းငြိမ့်လိုက်ပါသည်။

"ဒါဆိုလည်း အခု... အခန်းတစ်ခန်း သွားငှားကြပါလား။ ငါဆွဲမထားပါဘူး" ရှဲ့ထျင်ထျင်က တမင်တကာ ပြောလိုက်ပါသည်။

"ဟာ... ထျင်ထျင် မဟုတ်တာတွေ မပြောစမ်းပါနဲ့" ရှားရန်ရန်က ခေါင်းငုံ့လိုက်ပါသည် လင်းဖန်ရှေ့မှာ ဒီတိုင်း နေရင်တောင် ရှက်သွေးဖြာနေတတ်သည့် သူမကို ရှဲ့ထျင်ထျင်က ဒီလိုအရာများ ပြောခဲ့သေးသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now