Ch-37/38

636 44 0
                                    

အခန်း(၃၇) ရေပန်းအစားဆုံးလူ

လင်းဖန်မျက်လုံး မှိတ်လိုက်သည်။ သူ့ရင်ထဲတွင် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေခဲ့သည်။

ရှားဝမ်ချွေ့က ဖန်သားပြင်ပေါ်မှာ ဘယ်လို ယောက်ျားလေးမျိုးနဲ့မှ မထိတွေ့ဖူးပါ။

ဒါက သူမ၏ ပထမဆုံး အနမ်းဖြစ်နိုင်ပါသည်။

ရှားဝမ်ချွေ့က လှပသော သူမ၏ မျက်လုံးလေးများကို မော့ကြည့်ရင် သတ္တိမွေးလိုက်သည်။ သူမ၏ နှလုံးသား တစ်ဒုတ်ဒုတ် အခုန်မြန်နေပြီး ရှေ့သို့ တိုးကာ ဖြည်းဖြည်းချင်း လင်းဖန်နား ကပ်လာခဲ့ပါသည်။

သူမ လင်းဖန်နှင့် နီးသွားသောအခါ သူ့မျက်လုံးကို ဖွင့်လိုက်ပြီး ရှားဝမ်ချွေ့၏ မျက်လုံးလေးများကို ကြည့်လိုက်သည်။

ရှားဝမ်ချွေ့လင်းဖန်ကို မြင်သောအခါ သူမ၏ မျက်နှာ နီရဲသွားရ၏။

သူမ မတုန့်ပြန်လိုက်နိုင်ခင်မှာပဲ လင်းဖန်က သူမ၏ နဖူးကို နူးညံ့စွာ နမ်းလိုက်ပါသည်။ မွှေးပျံ့သည့် ရနံ့တစ်ခုက သူမနှာခေါင်းထဲ တိုးဝင်လာပြီး နွေးထွေးသည့် ခံစားချက် တစ်ခုက သူမနှလုံးသားထဲ ဝင်ရောက်လာခဲ့သည်။

"ငါနင့်အတွက် ညစာချက်ပေးမယ်။ နင်ဘာစားချင်လဲ" လင်းဖန်က သူ့ရှေ့ကကောင်မလေးကို ကြည့်ကာ နူးညံ့စွာ မေးလိုက်ပါသည်။

"အမ်း... ဘာဖြစ်ဖြစ် ရပါတယ်" ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်ပါသည်။ သူမ၏ လှပသော မျက်လုံးလေးများက ညစာချက်ပြုတ်နေသည့် လင်းဖန် နောက်ကျောကို ကြည့်နေပါသည်။ ထိုအခါမှ ခုလေးတင် လင်းဖန်သူမ၏ နှဖူးကို နမ်းသွားမှန်း သတိရသွား၏။

'လူဆိုးကောင် လင်းဖန်။ နင်ငါ့ကို ထပ်အနိုင်ကျင့်ပြီးရင်း ကျင့်ပြန်ပြီ၊ ချီးထုပ်ပဲ။" ရှားဝမ်ချွေ့က နှုတ်ခမ်းစူလိုက်ပါသည်။ သို့သော် သူ့ကိုတော့ ပိုသဘောကျသွားမိသည်။

လင်းဖန်နှင့် အဆင်ပြေရသည့် ခံစားချက်က တကယ်ကောင်းမွန်ပါသည်။

လင်းဖန်က ရုပ်ချောပြီး သဘောလည်း ကောင်းသည်။ ယောက်ျားလေးတစ်ယောက်ကို သူမဘက်က အရင်ဆုံးနမ်းရတာ ရှက်ဖို့ အရမ်းကောင်းသဖြင့် လင်းဖန်က သူမကို အရင်နမ်းလိုက်ခြင်းဖြစ်ပါသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now