Ch-77+78

557 34 1
                                    

လင်းဖန် 77+78

အခန်း(၇၇) ရှုယန် : ဘာလို့ ငါ့ဘဝ ဒီလောက် ဆိုးရတာလဲ

"ဒါရိုက်တာလု လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းလွန်းတယ်။"

"ပြဿနာက သူက ဇာတ်ညွှန်းရေးဆရာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ရိုက်ကူးရေး လုပ်တတ်တာလဲ" မစ္စတာလျို့က မှင်သက်နေသော မျက်နှာဖြင့် မေးလိုက်ပါသည်။

ပုံမှန်ဆို သရုပ်ဆောင်နေချိန်တွင် သရုပ်ဆောင်များအပေါ် အပြစ်ရှာတာ ဒါရိုက်တာသာဖြစ်သည်။

သရုပ်ဆောင်က သရုပ်ဆောင် မကောင်းပါက ဒါရိုက်တာမှာ ပယ်ချခွင့်ရှိပြီး သူကျေနပ်သည်အထိ သရုပ်ဆောင်ကို ပြန်ရိုက်ခိုင်းနိုင်ပါသည်။

တစ်နည်းအားဖြင့် ဒါရိုက်တာတွင် အာဏာများစွာ ရှိပါသည်။

အခုလေးတင် လင်းဖန်နဲ့ မင်းသားတို့၏ အဖွင့်ဇာတ်ဝင်ခန်း၊ ဖိုက်တင်ဇာတ်ဝင်ခန်း၊ အကြည့်အားလုံးတို့မှာ အပြစ်ဆိုစရာမရှိပါ။

သို့သော်လည်း  ရိုက်ကူးပြီး လင်းဖန် ထိုဇာတ်ဝင်ခန်းကို မြင်သောအခါ ချက်ချင်း လုပမ်ခိုင်းကို အကြံတချို့ ပေးခဲ့သည်။ ကင်မရာကို ဘယ်လိုနေရာချရမလဲ။ ဘယ်ထောင့်ကနေ ရိုက်ရမလဲ စတာတွေ ပါဝင်သည်။ လုပမ်ခိုင်းထက် လင်းဖန် ကိုယ်၌တာ ပိုတော်သည့် အသေးစိတ်နေရာတချို့လည်း ရှိပါသေးသည်။

ထို့ကြောင့် လျို့မူ အံ့သြသွားရသည်။

လင်းဖန်က အံ့သြဖို့ ကောင်းလွန်းပါသည်။

"ငါ ဘယ်လိုလုပ်ပြီး သိမှာလဲ။ လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်က ကောင်းရုံတင်မကဘူး အဓိကအချက်က သရုပ်ဆောင်မှုအပေါ် သူ့ရဲ့ သဘောထားပဲ။ ငါ့ထက် ရိုက်ကူးရေးပညာကို ပိုသိနေသေးတယ်။ သေချာပေါက် ဘက်စုံထူးချွန်တဲ့ ပါရမီရှင်တစ်ယောက်ပဲ။"

"ဒုတိယတစ်ကြိမ် ပြန်ရိုက်ရအောင်။ ပြီးပြည့်စုံတဲ့အထိ ပြန်ရိုက်ကြမယ်။ အရင်တုန်းက လင်းဖန်ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ငါစိုးရိမ်နေတာ။ အခုတော့ ငါ့စိုးရိမ်ဖို့ မလိုဘူးထင်ပါတယ်။ ဒီလို သရုပ်ဆောင်ကောင်းနဲ့၊ စွမ်းရည်မြင့် ဝါရင့်သရုပ်ဆောင်အများကြီးနဲ့သာဆိုရင် သေချာပေါက် ဘဝရဲ့ပျော်ရွှင်မှုကို ဂန္တဝင်လက်ရာဖြစ်အောင် ငါတို့ရိုက်နိုင်တယ်။" လုပမ်ခိုင်းက လျို့မူ၏ ပခုံးကို ပုတ်ရင်း ပြောလိုက်ပါသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now