Ch-75+76

563 41 0
                                    

လင်းဖန် 75+76

အခန်း(၇၅) လင်းဖန်က... တကယ်ကော လူသစ်ဟုတ်ရဲ့လား

ဘဝရဲ့ပျော်ရွှင်မှု ရုပ်သံဒရမ်မာအတွက် သရုပ်ဆောင်များ နောက်ဆုံးတော့ ဆုံးဖြတ်ပြီးသွားပြီ ဖြစ်ပါသည်။

ဇာတ်လိုက်မင်းသား လင်းဖန်။

ဇာတ်လိုက်မင်းသမီး ရှားဝမ်ချွေ့။

ရှုယန်၊ စုရှောင်းယွီ၊ လင်းကျင်းကျင်းနဲ့ တခြားသူများအားလုံးက အရေးပါသည့် ဇာတ်ပို့များ ဖြစ်ကြသည်။

ဒီရုပ်သံဒရမ်မာတွင် ပါဝင်သည့် တခြား နာမည်ကျော် သရုပ်ဆောင်များနဲ့ ဝါရင့်သရုပ်ဆောင်များပါ ရှိသေးသည်။

သူတို့ကြားထဲတွင် ဘဝရဲ့ပျော်ရွှင်မှုရုပ်ရှင်၌ ချင်းဧကရာဇ်နေရာက ပါဝင်သရုပ်ဆောင်သည့် နာမည်ကြီး ဆရာချန်ချင်းလည်း ပါပါသည်။

ချန်ချင်း၏ သရုပ်ဆောင်စွမ်းရည်များက အလွန်ကောင်းမွန်ပြီး တစ်နိုင်ငံလုံးနဲ့ ကြည့်ရှုသူ ပရိတ်သတ်များစွာက အသိအမှတ်ပြုထားကြသော မင်းသားကြီး ဖြစ်သည်။ ထို့ကြောင့် လူများစွာက သူ့ကို ဆရာချန်ချင်းဟု ခေါ်ကြပါသည်။

ထို့အပြင် မင်းသားကြီး ဆရာဝူလည်း ရှိသည်။ သူလည်း အလွန်အရေးပါသောာနေရာက ပါဝင်ရပါသည်။

ဘဝရဲ့ပျော်ရွှင်မှုတွင် ခေါင်းဆောင်မင်းသမီး လင်းဝမ်အာ၊ ချင်းဧကရာဇ် ချန်းဖျင်ဖျင်၊ အကြီးဆုံး မင်းသမီး ဖန်းယွေ့ယွေ့၊ ဝမ်ချီညမ်၊ စစ်လီလီ၊ ဖန်းစစ်ကျဲနဲ့ တခြား အရေးပါသည့် ဇာတ်ကောင်များ ပါဝင်ကြပါသည်။ အားလုံးက ခေါင်းဆောင်မင်းသားနဲ့ အရေးကြီးသည့် ဆက်ဆံရေးများ ရှိကြပြီး လိုက်ဖက်ညီဖို့ အလွန်ကောင်းမွန်သော သရုပ်ဆောင်စွမ်းရည်များ လိုအပ်ကြပါသည်။

ထို့အပြင် ထိုဇာတ်ကောင်များကို အလွန်အမင်း သရုပ်ဆောင်ကောင်းသော သရုပ်ဆောင်များက သရုပ်ဆောင်ကြခြင်းဖြစ်သည်။

လင်းဖန်တစ်ယောက်တည်းသာ လူသစ်ဖြစ်နေပါသည်။

လင်းဖန်က ရိုက်ကူးရေးနေရာသို့ ကားမောင်းလာခဲ့သည်။

လင်းဖန်နဲ့ ရှားဝမ်ချွေ့တို့ ကားတစ်စီးတည်းတွင် ထိုင်နေကြပါသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Nơi câu chuyện tồn tại. Hãy khám phá bây giờ