Part _ 53 [Uni&Zaw]

18.6K 1.2K 126
                                    

Unicode

တစ်ရက်မရှိတရှိလောက် ကားပေါ်မှာပဲ အီစိမ့်နေအောင် နေခဲ့ရတာမို့ ကားကဂိတ်ဆုံးမှာ ဂိတ်ထိုးတာနဲ့ ဒုက္ခဆင်းရဲအပေါင်းမှလွတ်သွားသူလို ဇမ်းခပ်သွက်သွက်ထလိုက်မိသည်။အချိန်က ညနေ၅ခွဲမို့ မူဆယ်မြို့ရဲ့ ညဈေးအခင်းအကျင်းတွေက နေရာယူပြင်ဆင်နေကြလျက်။ကားဂိတ်ကနေ မြို့ထဲကိုသွားဖို့အချိန်ကနည်းနည်းပေးရအုန်းမည်ဖြစ်ကာ အစားအသောက်စားဖို့ထက် ကျောခင်းချင်တာကအရင်ဖြစ်နေပြန်သည်။

"အကို ဆိုင်ကယ်လား"

ဘေးနားမှာ ထိုးရပ်သွားတဲ့ ဆိုင်ကယ်ကို မျက်ဝန်းတွေမှေးစင်းကြည့်ရင်း ဇမ်းကသိသိသာသာနှာခေါင်းတစ်ချက်တွန့်သွားမိ၏။ပြီးတော့ ကျောပိုးအိတ်ကြိုးကို ပုခုံးတစ်ဖက်ကိုဖြစ်သလိုဆွဲချိတ်လိုက်ရင်း....၊

"Hotelကိုသွားချင်တယ်"

"ဟုတ်ကဲ့ အကို....တက်လေ"

"မတက်တော့ဘူး....လမ်းပဲညွှန်"

"ဗျာ!"

ဆိုင်ကယ်သမားက အံ့သြသလိုအသံထွက်လာပေမယ့် ဇမ်းက ဘောင်းဘီအိတ်ထဲလက်ထည့်ရင်း ပြောသာပြောလိုက်ပါဆိုသည့် ပုံစံနှင့်ဖြစ်သည်။ဒီလိုမြို့၊ဒီလူ၊ဒီနေရာမှာက အူတူတူ၊အတတနဲ့ မျက်လုံးလေး ကလယ်ကလယ် လုပ်နေရင် ဂုတ်ကဆွဲပြီးဖြတ်ရိုက်သွားမှာကိုသိထားသည်။အခုကလည်း စီစဥ်ပေးထားတာက ကိုယ့်ဆီရောက်မလာသေးတာမို့ စကားအပိုတွေပြောနေရခြင်း။

"Ring....Ring...."

ဇမ်း ရှေ့ကဆိုင်ကယ်သမားလေးနဲ့စကားပြောနေတုန်း အိတ်ထဲက အသံမြည်လာသည့်ဖုန်းကြောင့် စကားလက်စရပ်ရင်း ဖုန်းကိုင်လိုက်ရ၏။

"အင်း"

"......."

"အခုမှဝန်းထဲကထွက်လာတာ"

".........."

"ညာဘက်မျက်‌စောင်းထိုးလား"

စကားသံနှင့်အတူ မျက်ဝန်းတွေကပါ ဝန်းရဲ့ညာဘက်လမ်းတစ်ဖက်ခြမ်းကို ရောက်သွား၏။ပြီးတော့ တစ်ခုခုကိုရှာတွေ့သွားသလို ခေါင်းတစ်ချက်ညိတ်ပြလိုက်ရင်း....၊

"ငါတွေ့ပြီ၊ဒါပဲ"

အပြောထက် လက်ကအရင်ဖြစ်ကာ ဖုန်းချပြီးဖုန်းကို အိတ်ထဲပြန်ထည့်၏။ပြီးတော့ ဆိုင်ကယ်သမားလေးနဲ့ ခဏစကားပြောကာ လမ်းတစ်ဖက်ခြမ်းကိုခပ်မြန်မြန်ပဲလျှောက်သွားလိုက်သည်။

You are My BoneWhere stories live. Discover now