Part _ 54 [Uni & Zaw]

18.8K 1.2K 149
                                    

Unicode

ရောက်နေတာ တစ်ပတ်လောက်ရှိပြီဖြစ်ပေမယ့် တိကျသေချာတဲ့ အချက်အလက်တွေကဘာမှ ရှာမရနိုင်ဘဲဖြစ်နေသည်။ဒီနေ့တော့ နောက်ဆုံးနေရာဖြစ်တဲ့ ဒီBar ကို နောက်ဆုံးမျှော်လင့်ချက်နေရာအဖြစ် ဇမ်းစိတ်အားထက်သန်နေခဲ့သည်။

Bar!
ဟုတ်သည် Gay Barပါပင်။
တစ်နည်းပြောရရင် ရွှေလိပ်ပြာဂိုဏ်းရဲ့ သွေးကြောမျှင်တွေထဲကတစ်ခုပင်။ထို့ကြောင့် အနည်းဆုံးတော့ ဒီနေရာကနေ တစ်ခုမဟုတ်တစ်ခု သူသိသွားရမှဖြစ်မည်။

Barထဲရောက်လာတော့ ခပ်မြူးမြူးသံစဥ်တွေနဲ့ရောက်စုံတဖျတ်ဖျတ်မီးတွေကြောင့် ဇမ်းစိတ်ရှုပ်သွားမိသည်။ဆူညံတာတွေသိပ်မကြိုက်ပေမယ့် သူ့ဘဝတစ်လျှောက်လုံးမှာ ဆူညံ့‌နေခဲ့တာတွေမှ မနည်းပေ။

ခဏလောက်ကြာအောင်မျက်စိကိုအလုပ်ပေးလိုက်ပြီးနောက် ခုံမှာဝင်ထိုင်ကာ အရက်စပ်သမားကို အဆင်ပြေမဲ့တစ်ခုခု မှာလိုက်သည်။ပြီးနောက် ဘာဆက်လုပ်ရမယ်ဆိုတာကို အတွေးထဲမှာတိတ်တဆိတ် အစီစဥ်ချနေမိသည်။

"ဒီနေရာက ဘယ်အစီအစဥ်တွေနဲ့ ဖြန့်ကျက်တာလဲ"

"အကို့ ကိုကြည့်ရတာအခုမှဒီကိုရောက်ဖူးတာထင်တယ်"

"အင်း....ဆိုပါတော့"

"ဒီနေရာက ဒီမြို့မှာတော့ အကောင်းဆုံးနတ်နိဗ္ဗာန်လို့တောင်ပြောလို့ရတဲ့ နေရာပဲ....၊လုံခြုံတယ်လွတ်လပ်တယ်....၊ဒါမဲ့တစ်ခုပဲ...."

"ဘာများလဲ"

"ဒီမှာ ဘာမဆိုလိုချင်တာအကုန်ရတယ်....ဒါပေမယ့် သတင်းအချက်အလက်တော့မရဘူး"

"ဟွန်း!"

ဇမ်းကိုစိုက်ကြည့်ပြောလာသည့်လူရဲ့လေသံက တည်ငြိမ်ကာ အရှိန်အဝါတစ်ခုခုနှင့်စည်းချလိုက်သလို။သို့ပေမယ့် ဇမ်းက သိပ်ဂရုမစိုက်သလို ခပ်ပေါ့ပေါ့ပါးပါးသာ  ဟွန်းခနဲတစ်ချက်ရယ်လိုက်ရင်း ပခုံးတစ်ဖက်ကို တွန့်ပြသည်။

အနီးအနားကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ သံစဥ်ခပ်ဆူဆူတွေကြားမှာ ကကြိုးစုံအောင်ကနေသောသူတစ်ချို့နဲ့ သူတို့ကိုဖျော်ဖြေနေသောအမျိုးသားငယ်တစ်ယောက်။လူပုံစံက ဖြူဖြူသွဲ့သွဲ့လေးနှင့်ခန္ဓာကိုယ်အချိုးအစားက မိန်းကလေးတွေနည်းတူကြည့်ကောင်းနေသည်။ဆံပင်ကိုတစ်ခေါင်းလုံး ပန်းရောင်အဖျော့ဆိုးထားပြီး နူတ်ခမ်းတွေကပါစိုလဲ့နေ၏။ရုတ်တရပ် ဇမ်းအတွေးထဲ တစ်စုံတစ်ယောက်ကို ဖျတ်ခနဲသတိရသွားပေမယ့် ဘယ်သူမှန်းလည်းသေချာစဥ်းစားလို့မပေါ်။ထို့ကြောင့် မျက်မှောင်တို့ကိုတွန့်ကုတ်ထားရင်းသာ စဥ်းစားခြင်းအလုပ်ကိုပေးမိနေပြီး ထိုကောင်လေးဆီကနေ အကြည့်လွဲခြင်းလည်း မပြုနိုင်‌ပေ။

You are My BoneWhere stories live. Discover now