အပိုင်း ၁

833 7 2
                                    

ဝမ်ပြည်ထောင်ရဲ့ ၁၉ဆက်မြောက်
ဝမ်ဧကရာဇ်က ပြည်သူတွေရဲ့ ပါးစပ်ဖျားမှာ အသုံးမကျတဲ့
သူတစ်ယောက်ဖြစ်နေခဲ့တယ်
အချိန်ပြည့်သောက်စားနေပြီး အပျော်အပါးကျူးနေတဲ့သူတစ်ယောက် အိမ်ရှေ့စံရာထူးကတည်းက ဆောင်ကြယမြိုင်မှာပဲ အချိန်ကုန်နေတဲ့ သူတစ်ယောက်အဖြစ် ဂုဏ်သတင်းက အပုတ်နံ့ထွက်နေတဲ့ သူတစ်ယောက်ပါပဲ
သူရဲ့မယ်တော် မိဖုရားခေါင်းကြီးကြောင့်မဟုတ်ရင်
သူကဝမ်ပြည့်ရှင်ဖြစ်လာမှာ မဟုတ်ဘူးလို့လဲ
အမတ်မင်းတွေက ပုတ်ချခဲ့ကြတယ်
၁၉ဆက်မြောက် ဝမ်ဘုရင် ဝမ်ရိပေါ်
လူတကာက သူ့မိခင် အာဏာကြောင့်
ကြောက်ဒူးတုန်နေရပြီး
သူ့ရဲ့ အပြုအမူတွေကြောင့် မနှစ်သက်ကြပေ...

မိဖုရားကြီး/ "လျန်အာ မင်းကြီး ဘယ်မှာရှိနေလဲ "

လျန်အာ / "ဘုရင့် နန်းဆောင်မှာပါ မယ်တော်ကြီး...ဒါပေမဲ့..."

မိဘုရားကြီး / " ဒါပေမဲ့... ? ဘာအကြောင်းကိစ္စရှိနေသေးတာလဲ"

လျန်အာ / "အပျော်မယ်တွေပါ ရှိနေတယ်လို့
ကြားသိရပါတယ် မယ်တော်ကြီး"

မိဖုရားကြီး / " ကျစ်!!!ဒီကလေးနဲ့တော့ ခက်တာပဲ နန်တွင်းမှာ ပြောဆိုနေကြတာတွေကို မျက်စိပိတ်နားပိတ်လို မကြားပဲနေ နေတာလား
ဟင်းးးမင်းကြီးကို ဒီအတိုင်းလွှတ်ထားလို့မဖြစ်တော့ဘူး
ငါလဲ တသက်လုံးမင်းကြီးကို ကာကွယ်ပေးနိုင်မှာမဟုတ်ဘူး
မင်းကြီးအတွက် ပြီးတော့ ဝမ်ထီးနန်းအတွက် တစ်ခုခုလုပ်မှဖြစ်တော့မယ်"

လျန်အာ / "ကျွန်တော်မျိုးမ သိတဲ့ တောင်ပေါ် နတ်ဆရာမတစ်ယောက်တော့ရှိပါတယ် မယ်တော်ကြီး သူကကူညီပေးနိုင်လောက်မယ်ထင်တယ် ဒါပေမဲ့ သူကတောင်ပေါ်ကနေ တောင်အောက်ကို လုံးဝမဆင်းပါဘူးတဲ့"

မိဖုရားကြီး / "နတ်ဆရာမကြီး ?ဟုတ်လားလျန်အာ"

လျန်အာ / "ဟုတ်ပါတယ် မယ်တော်ကြီး သွားတွေ့ဖို့ အခက်အခဲတွေ့နိုင်လောက်ပေမဲ့..."

မိဖုရားကြီး / " ကောင်းပြီ ငါတို့ အဲ့ကိုသွားကြတာပေါ့ အနည်းဆုံးတော့ အကြံတစ်ခုရလာမှာပါ"

နောက်တစ်ရက်မှာတော့ မိဖုရားကြီးဟာ
တောင်ပေါ် ဘုရားကျောင်းကို ဝတ်ပြုဆုတောင်းဖို့ သွားမယ်လို့
ပြည်သူတွေကြား သတင်းလွှင့်ကာ
ထိုနတ်ဆရာမနဲ့ သွားရောက်တွေ့စုံခဲ့တယ်
လျန်အာက အပြင်မှာရပ်စောင့်နေခဲ့ကာ
မိဖုရားကြီးနဲ့ နှစ်ယောက်တည်း တွေ့စုံခဲ့တယ်
မိဖုရားကြီး ပြန်ထွက်လာတော့...

အဆိပျ အဆိပ်Where stories live. Discover now