အပိုင်း ၈

650 35 7
                                    

မင်္ဂလာပွဲအခမ်းအနားမှာတော့
မင်းကြီးက အကြည်နူးဆုံးပြုံးပျော်လို့နေလေသည်။
ကြင်ယာတော် ကိုယ်တိုင်တက်ရောက်တဲ့ပွဲမို့ ဘယ်အမတ်မင်းမှလဲ
အတွန့်မတက်ရဲ့ကြပေ မင်းကြီးရဲ့မဟုတ်မမှန်တဲ့လုပ်ရပ်တွေကို
ကြည့်ရှု့နေရုံသာ

ရှောင်ကျန့် * ပျော်နေရဲ့လား အရှင်
အရှင်ချစ်မြတ်နိုးတဲ့ မိန်းကလေးနဲ့မို့ထင်ပါရဲ့ ကျွန်တော်မျိုးနဲ့
လက်ထပ်တုန်းကတောင် မတွေ့ခဲ့ရတဲ့ မျက်နှာထပ်က အပြုံးတွေက
အခုတော့ပေါပေါသီသီကို အသက်ဝင်လို့နေတာပဲ
အရှင်ချစ်မြတ်နိုးရသူနဲ့ တွဲလက်တွေမြဲပါစေလို့
ကျွန်တော်မျိုးရှောင်ကျန့်က ဆုတောင်းပေးပါတယ်*

ထိုလက်ထပ်ပွဲသတင်းကို
နန်းတော်အပြင်မပေါက်ကြားစေဖို့ ရှောင်ကျန့်က ကြင်ယာတော်အာဏာတချို့သုံးခဲ့ရသည်။အထူးသဖြင့် သူ့ဖခင်ဆီမပေါက်ကြားစေလိုသောကြောင့်ဖြစ်သည်။
သူ့ဖခင်နဲ့ အရှင့်ကြားက အစိုင်အခဲကို
ရှောင်ကျန့်အနည်းငယ်တော့ရိပ်မိပါ၏။
မင်းကြီး အခူလက်ထပ်လိုက်တဲ့မိန်းကလေးက
တောင်ပိုင်းသူဖြစ်တာမို့ တောင်ပိုင်းနယ်မြေ အမတ်ကြီးတွေကတော့
ပျော်မဆုံးတပြုံးပြုံးဖြစ်နေလေတော့သည်။
တောင်ပိုင်းအမတ်ကြီးတွေက ထိုမိန်းကလးအပေါ်
မင်းကြီးစိတ်ရှိနေတာကိုလဲ သိတာကြောင့်
နန်းသွေးရတနာကို သားဦးလေးမွေးဖို့ မျှော်လင့်နေပေတော့သည်။
ထိုတော့မှ ထိုမိန်းကလေးက မိဖုရားကြီးဖြစ်ကာ
တောင်ပိုင်းသားတို့အတွက်ဂုဏ်ယူစရာဖြစ်လာမှာပင်
​ပိုလိုအဆင်ပြေတာကာ သူတို့ တောင်ပိုင်းရဲ့
အာဏာတည်တံ့လာမည်လဲဖြစ်လေသည်။
လက်ထပ်ပွဲ အခမ်းအနားပြီးစီးလိူ့ ညနေပိုင်းရောက်တော့
မင်းကြီးကနန်းဆောင်မပြန်သေးပဲ
သောက်စားနေလေသည်။

ထိုအချိန် နန်းဆောင်၌

လုလု  / မမလေးရှင်းလျန် ကျွန်တော်မျိုးမက
မမလေးရဲ့ အစေခံ လုလုပါ အပါးတော်မြဲခစားပါရစေ

ရှင်းလျန် / တိတ်စမ်း! !! သခင်မလေးလိူ့ခေါ် ငါကအခု ဘုရင့်ကြင်ယာတော်!!!

လုလု / ဟုတ်...ဟုတ်ကဲ့
လုလုမှားသွားပါတယ် သခင်မလေး

ရှင်းလျန် / ဒါနဲ့ မင်းကြီးက ဘာလိူ့ မလာသေးတာလဲ

အဆိပ် အဆိပ္Where stories live. Discover now