အပိုင်း ၃

787 47 2
                                    

ရှောင်ကျန့်အိမ်တော်ထဲမှာ စာဖတ်နေတုန်း

ယွဲ့ယယ် / သခင်လေး သခင်ကြီးခေါ်ပါတယ်

ရှောင်ကျန့်/ ကောင်းပြီ

ရှောင်ကျန့်လဲ အိမ်တော်ထဲကိုဝင်လာပြီး

ရှောင်ကျန့် / ပါး သားကိုခေါ်တယ်ဆို

ရှောင်ပါး / မင်းမနေ့က နန်းတော်ထဲဝင်ပြီး ဘာတွေလျောက်လုပ်လာတာလဲဟမ်!!! ပြောစမ်း! !!

ရှောင်မား / ဖေကြီးရယ် သားကိုဖြေးဖြေးပြောပါ သားကဒီလောက် ဆိုးသွမ်းနေတဲ့ ကလေးမဟုတ်ပါဘူး

ရှောင်ပါး / ဒါပေမဲ့ မင်းသားလုပ်ပုံကကောင်းသေးလို့လားကွ!!! ဟမ်!!!

ရှောင်ကျန့် / သား ဘာအပြစ်များကျုးလွန်မိလိူ့လဲ ပါး

ရှောင်ပါး / ဘာအပြစ်ကျူးလွန်မိလို့လဲ ဟုတ်လား...!!!
အေး မသိသေးရင်ပြောပြရမှာပေါ့
မင်းကို မိဖုရားကြီးက
မင်းကြီးရဲ့ ကြင်ယာတော်အဖြစ်
ရွေးချယ်လိုက်ပြီ အမိန့်စာထုတ်ပြီးကြေငြာတာကွ!!!
မင်းအဲ့တာကို သိရဲ့လား!!!

ရှောင်ကျန့် / ဗျာ!!!

ရှောင်ပါး / တောက်!!!
ရှက်ဖို့ကောင်းလိုက်တာကွာ
ညီလာခံမှာငါ့ကို တခြားအမတ်မင်းတွေ
ဘယ်ပုံဘယ်နည်းနဲ့ ကြည့်နေကြလဲဆိုတာ မင်းသိရဲ့လား...!!!
ယောက်ျားလေးမွေးထားပြီး
ဘုရင့် ကြင်ယာတော်အဖြစ် တော်ကောက်တာခံရတယ်လို့
လူကြားလို့မှမကောင်း...

ရှောင်မား / တော်ပါတော့ ဖေကြီးရယ် သားလေးဝမ်းနည်းနေပါ့မယ်

ထို့နောက် ရှောင်မားက ရှောင်ကျန့်ဘက်လှည့်ကာ
လက်လေးကို တယုတယ ကိုင်လိုက်ရင်း

ရှောင်မား / သား မားကိုပြောဒီကိစ္စဘယ်အချိန်ထဲက...

ရှောင်မားစကားမဆုံးခင်မှာပဲ ရှောင်ကျန့်က

ရှောင်ကျန့် / မဟုတ်ဘူး သားမသိဘူး
မား သားကိုယုံပါ သားတကယ်မသိတာ
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် သားမင်းကြီးကိူလက်မထပ်ဘူး

ထိုအခါရှောင်ပါးက

ရှောင်ပါး / မိဖုရားကြီးရဲ့ အမိန့်ကိုဆန့်ငြင်ပြီး
ငါတို့မိသားစုကို ခွေးဖြစ်အောင်လုပ်နေတာလား ရှောင်ကျန့်!!!

အဆိပ် အဆိပ္Where stories live. Discover now