အပိုင်း ၇

636 34 4
                                    

ဘုရင့်နန်းဆောင်ထဲတွင်

ရှင်းလျန် / မင်းကြီး ကြင်ယာတော်ရှောင့်ကို အပြစ်မတင်ပါနဲ့နော်
သူလဲ ကျွန်တော်မျိုးမလို မင်းကြီးရဲ့ ချစ်ခြင်းမေတ္တာတွေမရလို့ လုပ်မိလုပ်ရာလုပ်လိုက်တာနေမှာပါ

မင်းကြီးက ဘာမှပြန်မပြောပဲ နှုတ်ဆိတ်နေလေတော့သည်။

ရှင်းလျန်က အလိုမကျစွာ

ရှင်းလျန် / မင်းကြီး ရှင်းလျန်​ပြောတာကို နားထောင်နေရဲ့လား

ထိုအချိန် မင်းကြီး နန်းဆောင်ထဲကို မယ်တော်ကြီး ကြွချီလာခဲ့ပေသည်။

အထိန်းတော်ကြီး / မယ်တော်ကြီးကြွချီလာပါတယ်...

အသံမဆုံးခင်မှာပဲ မယ်တော်ကြီးက စိတ်မရှည်စွာ တံခါးကိုဆွဲဖွင့်ဝင်လာခဲ့ပေသည်။

မယ်တော်ကြီး ကဒေါသတကြီးနဲ့ ထိုမိန်းကလေးအားကြည့်ကာ

မယ်တော်ကြီး  / မင်းကြီး!!!

မင်းကြီးက ရှင်းလျန်ရှေ့ကာ ကာကွယ်ထားရင်း

မင်းကြီး  / မယ်တော်!!!
ဘာကိစ္စရှိလို့ ဆင့်မခေါ်ပဲ ကိုယ်တိုင် ရောက်လာတာလဲ

မယ်တော်ကြီးက ဘာစကားမှပြန်မပြောပဲ
မင်းကြီးလက်ကိုကိုင်ကာ မင်းကြီးကို ကွယ်ပြီး
ပုန်းနေတဲ့ မိန်းကလေးကို ဒေါသမျက်ဝန်းတွေနဲ့
တချက်ကြည့်လိုက်သည်။ ထို့နောက်

မယ်တော်ကြီး / ကြာကန်မှာ သားတော်နဲ့ ကြင်ယာတော်ရှောင်တို့
ပြသာနာတက်ကြတယ်လို့
ကြင်ယာတော်ရဲ့ အစေခံတွေကပြောတယ်
ဘာဖြစ်ကြတာလဲ

မယ်တော်ကြီးက မသိချင်ယောင်ဆောင်ပြီး
ထိုသို့မေးလိုက်တော့ မင်းကြီးက နှုတ်ဆိတ်လို့နေ၏။
ထို့နောက်တော့

မင်းကြီး / သားတော်ရဲ့ကိစ္စကို
သားတော် ကိုယ်တိုင်ပဲဖြေရှင်းပါရစေမယ်တော်

မယ်တော်ကြီး / ကောင်းပြီလေ သားတော်က ဝင်မပါစေချင်ဘူးဆိုမှတော့
မယ်တော်ကဘာတက်နိုင်တော့မှာလဲ

ထို့နောက်မယ်တော်ကြီးက မင်းကြီးနန်းဆောင်ကနေပြန်သွားပြီး
​ကြင်ယာတော်နန်းဆောင်ကိုဝင်ကာ

အဆိပ် အဆိပ္Where stories live. Discover now