အပိုင်း ၁၂

524 19 0
                                    

ယင်းကတော်/ စစ်သူကြီးမင်း ယင်းအိမ်တော်မှာ
နေရတာအဆင်ပြေရဲ့လား

ကျန်းချန် / ဟုတ်ကဲ့ အစစအရာရာအဆင်ပြေပါတယ် ယင်းကတော်

ယင်းကတော် / တော်သေးတာပေါ့ ဧည့်ဝတ်မကြေမှာစိုးရိမ်နေတာ
အော်ဒါနဲ့ သမီးလတ်နဲ့သမီးငယ်ကို စစ်သူကြီးနဲ့မိတ်ဆက်ပေးရဦးမယ်

ကျန်းချန် အနည်းငယ်တော့ နှာခေါင်းရှုံ့မိသည်။
ဘယ်စကားက ဘယ်ခြေလှမ်းလှမ်းနေတယ်ဆိုတာ မသိနိုင်စရာအကြောင်းမရှိ
စစ်သူကြီးရဲ့ နှာခေါင်းရှုံ့မှု့ကိုမမြင်လိုက်တဲ့ ယင်းကတော်ကတော့ သူ့သမီးတွေကို လှမ်းခေါ်နေလေသည်။

ယင်းကတော်  / သမီးတို့ရေ ခဏလာပါဦး
စစ်သူကြီးအတွက် အချိုပွဲလေးပါယူခဲ့

ထိုအခါ ဘယ်အချိန်ထဲက လာချောင်းနေမှန်းမသိတဲ့
မိန်းမပျိုလေးနှစ်ယောက်ဟာ အကွယ်တနေရာကနေထွက်လာခဲ့ပါတော့သည်။

မိန်းမပျိုလေးများ / ဟုတ်ကဲ့ လာပါပြီမား...

ယင်းကတော်ကတော့ တပြုံးပြုံးဖြင့် ပထမဆုံးရောက်လာတဲ့ မိန်းကလေးကို သူမ၏ သမီးလတ် ယင်းလန်ဖြစ်ကြောင်း မိတ်ဆက်ပေးနေလေသည်။
ထိုမိန်းကလေးကလဲ မရဲတရဲဖြင့်ရှက်သွေးဖြာနေတဲ့ အကြည့်တွေပေးနေပြန်၏။
စစ်သူကြီးက အနည်းငယ်အသိအမှတ်ပြုဟန် ခေါင်းငြိမ့်ပြတော့ နောက်တစ်ယောက်နဲ့ထပ်မံမိတ်ဆက်ပေးပြန်လေ၏။

ယင်းကတော်/ ဒါကတော့ သမီးငယ် ယင်းချန်

စစ်သူကြီးက အသိအမှတ်ပြုပြုံးပြလာတော့ ထိုမိန်းကလေးကလဲ ရှက်သွေးဖြာနေကာ
လက်က ယက်တောင်လေးဖြင့် မျက်နှာကိုကွယ်လျက် ခိုခိူခစ်ခစ် အသံများဖြင့်
ရယ်သံလွင်လွင်လေးများထွက်ပေါ်လာ၏။
စစ်သူကြီးလဲ ထိုအချင်းအရာကိုမြင်တော့
စစ်သူကြီးအဖြစ် ရွေးချယ်မခံရခင်က
နန်းတွင်းဝင်ရမယ်လို့အမိန့်စာရလာတာကြောင့်
သူ့အစား အပျော်ကြီးပျော်နေတဲ့ကောင်လေးတစ်ယာက်ဟာ
သူ့လက်ကိုဆွဲလျက် စျေးလမ်းထဲမှာ ပတ်ပြေးနေကာ ပြုံးပျော်နေတာကိုမြင်ယောင်လာမိသည်။
ထိုလူသားရဲ့အပြုံးတွေက ယခုထပ်တိုင် သက်ဝင်ထင်ရှားနေဆဲ...
နန်းတွင်းဝင်ခွင့်ရပြီဖြစ်လိူ့
သူစားချင်တာ ဝယ်ကြွေးရမယ်လို့ဆိူကာ
ဖတ်ထုတ်ပူပူလေးတွေ ပါးအပြည့်
ဖောင်းကားအောင်စားနေတဲ့
ကောင်လေးတစ်ယောက်ကိုသတိရမိပါ၏။
အတိတ်ခြေရာလှလှလေးတွေက ပြန်သတိရလာတိုင်း
ပြေးပြီးဖတ်တွယ်ချင်စရာကောင်းလှပေသည်။
စစ်သူကြီးဟာ ရုတ်တရက်ပြုံးလိူက်မိတယ်ထင်ရဲ့
ဒါကို ယင်းကတော်က ဘယ်လိုအထအနကောက်သွားတယ်မသိ
သူ့သမီးငယ်ကိုအတင်းလက်ဖက်ရည်ငှဲ့ခိုင်းနေပြန်သည်။
စစ်သူကြီးလဲ မျက်စိနောက်လာတာနဲ့

အဆိပ် အဆိပ္Where stories live. Discover now