အပိုင်း ၁၀

255 3 0
                                    

ရှင်းလျန် / တောက်! !!စိတ်တိုလိုက်တာ
မင်းကြီးကဘာကြောင့်စိတ်ပြောင်းသွားရတာလဲ

လုလု / သခင်မလေး ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲဟင်
ဒီပုံအတိုင်းဆို မင်းကြီးက ကြင်ယာတော် ရှောင့်အပေါ်
စိတ်ရှိနေပြီထင်တယ်

ရှင်းလျန် / ဟက်!!!ငါက ဒီလိုဖြစ်ခံမှာတဲ့လား
လုလု!!! နန်းဆောင်မှာ ငါ့ပုံစံဟန်ဆောင်ပြီး
ကျန်ရစ်ခဲ့ ငါဒီည သွားစရာရှိတယ်

လုလု / သခင်မလေးဖြစ်ပါ့မလား မင်းကြီးက တကယ်လို့ ဒီည
သခင်မလေးကိုလာရှာရင်ရော

ရှင်းလျန် / ဟန်ဆောင်မနေပါနဲ့လုလု မင်းကြီးရဲ့ တစ်ညတာ
ကိုယ်လုပ်တော်ဖြစ်ဖို့ဆိုတာ အစေခံတွေရဲ့ အိမ်မက်ပဲလေ
နင်လဲတစ်ညလောက်တော့အ အသုံးတော်ခံလိုက်စမ်းပါ
အော်...ဒါပေမဲ့ မင်းကြီးရဲ့နန်းသွေးကိုတော့ယူဖို့မစဉ်းစားနဲ့နော်
မိဖုရားကြီးနေရာက ငါ့အတွက်ပဲဖြစ်ရမယ်

လုလု / သခင်မလေး လုလုက အဲ့လိုလူမျိုးမဟုတ်...

ရှင်းလျန် / တော်စမ်းပါ နင်လဲ အာဏာတစ်ခုကိုလွယ်လွယ်ရမယ်ဆိုလိုချင်မှာပဲ
အပိုတွေလုပ်မနေနဲ့

လုလုဆိုသော အပျိုတော်လေးကတော့ သူ့သခင်မလေးကိုနားမလည်နိုင်တော့ချေ...
မကြာခင်မှာပဲ ရှင်းလျန်က အရပ်သူလိုပြင်ဆင်ဝတ်စားကာ
နန်းဆောင်ထဲကနေ တိတ်တဆိတ် ခိုးထွက်သွားလေသည်။

ထိုအချိန် ကြာပန်းနန်းဆောင်တော်၌

ရှောင်ကျန့် / အရှင် ဒီလိုပဲတချိန်လုံးစိုက်ကြည့်ပြီး
လူကိုအနေရခက်အောင်လုပ်နေတော့မှာလား
ကျွန်တော်မျိုး မနေတက်တော့ဘူး

မင်းကြီးက အပြုံးရေးရေးလေးဖြင့် ကြင်ယာတော်အား
ကြည်စယ်ရင်း အဆက်မပြတ်စိုက်ကြည့်နေဆဲ
ထို့နောက် တစ်စုံတစ်ခုကိုသတိရသွားကာ

မင်းကြီး / ကိုယ်တော်ရှောင့်အတွက်လက်ဆောင်တစ်ခုပေးစရာရှိတယ်

ရှောင်ကျန့်ရဲ့မျက်ဝန်းထဲ၌ အံ့သြရိပ်လေး ဖြတ်ပြေးလျက်

ရှောင်ကျန့် / လက်ဆောင်?
ဘာများလဲ အရှင်...

အဆိပျ အဆိပ်Where stories live. Discover now