အပိုင်း ၈

260 7 7
                                    

မင်္ဂလာပွဲအခမ်းအနားမှာတော့
မင်းကြီးက အကြည်နူးဆုံးပြုံးပျော်လို့နေလေသည်။
ကြင်ယာတော် ကိုယ်တိုင်တက်ရောက်တဲ့ပွဲမို့ ဘယ်အမတ်မင်းမှလဲ
အတွန့်မတက်ရဲ့ကြပေ မင်းကြီးရဲ့မဟုတ်မမှန်တဲ့လုပ်ရပ်တွေကို
ကြည့်ရှု့နေရုံသာ

ရှောင်ကျန့် * ပျော်နေရဲ့လား အရှင်
အရှင်ချစ်မြတ်နိုးတဲ့ မိန်းကလေးနဲ့မို့ထင်ပါရဲ့ ကြှနျုပျနဲ့
လက်ထပ်တုန်းကတောင် မတွေ့ခဲ့ရတဲ့ မျက်နှာထပ်က အပြုံးတွေက
အခုတော့ပေါပေါသီသီကို အသက်ဝင်လို့နေတာပဲ
အရှင်ချစ်မြတ်နိုးရသူနဲ့ တွဲလက်တွေမြဲပါစေလို့
ကျွန်တော်မျိုးရှောင်ကျန့်က ဆုတောင်းပေးပါတယ်*

ထိုလက်ထပ်ပွဲသတင်းကို
နန်းတော်အပြင်မပေါက်ကြားစေဖို့ ရှောင်ကျန့်က ကြင်ယာတော်အာဏာတချို့သုံးခဲ့ရသည်။အထူးသဖြင့် သူ့ဖခင်ဆီမပေါက်ကြားစေလိုသောကြောင့်ဖြစ်သည်။
သူ့ဖခင်နဲ့ အရှင့်ကြားက အစိုင်အခဲကို
ရှောင်ကျန့်အနည်းငယ်တော့ရိပ်မိပါ၏။
မင်းကြီး အခူလက်ထပ်လိုက်တဲ့မိန်းကလေးက
တောင်ပိုင်းသူဖြစ်တာမို့ တောင်ပိုင်းနယ်မြေ အမတ်ကြီးတွေကတော့
ပျော်မဆုံးတပြုံးပြုံးဖြစ်နေလေတော့သည်။
တောင်ပိုင်းအမတ်ကြီးတွေက ထိုမိန်းကလးအပေါ်
မင်းကြီးစိတ်ရှိနေတာကိုလဲ သိတာကြောင့်
နန်းသွေးရတနာကို သားဦးလေးမွေးဖို့ မျှော်လင့်နေပေတော့သည်။
ထိုတော့မှ ထိုမိန်းကလေးက မိဖုရားကြီးဖြစ်ကာ
တောင်ပိုင်းသားတော်အတွက်ဂုဏ်ယူစရာဖြစ်လာမှာပင်
ပိုလိုအဆင်ပြေတာကာ သူတို့ တောင်ပိုင်းရဲ့
အာဏာတည်တံ့လာမည်လဲဖြစ်လေသည်။
လက္ထပ္ပြဲ အခမ်းအနားပြီးစီးလို့ ညနေပိုင်းရောက်တော့
မင်းကြီးကနန်းဆောင်မပြန်သေးပဲ
သောက်စားနေလေသည်။

ထိုအချိန် နန်းဆောင်၌

လုလု / မမလေးရှင်းလျန် ကျွန်တော်မျိုးမက
မမလေးရဲ့ အေစခံ လုလုပါ အပါးတော်မြဲခစားပါရစေ

ရှင်းလျန် / တိတ်စမ်း! !! သခင်မလေးလို့ခေါ် ငါကအခု ဘုရင့်ကြင်ယာတော်!!!

လုလု / ဟုတ်...ဟုတ်ကဲ့
လုလုမှားသွားပါတယ် သခင်မလေး

ရှင်းလျန် / ဒါနဲ့ မင်းကြီးက ဘာလို့ မလာသေးတာလဲ

အဆိပျ အဆိပ်Where stories live. Discover now