အပိုင်း ၂၈

205 4 0
                                    

" ရှင်းလျန်... ပြေး...ပြေးတော့ ငါ့ကိုထားခဲ့ ရှင်းလျန် "

"ဟင့်အင်း မထားခဲ့နိုင်ဘူး ငါ့မှာနင်ပဲရှိတော့တယ် ကျေးဇူးပြုပြီး ငါ့ကိုလဲ မထားခဲ့ပါနဲ့ လျန်အာ"

သူမ ပါးစပ်ကနေ  သွေးတွေအန်ထွက်လာခဲ့သည်
သူမရဲ့နောက်ဆုံးအချိန်ကိုရောက်နေပြီမှန်းသိလိုက်၏။ သို့သော်
ချစ်ရတဲ့မိန်းကလးကိုမြတ်နိုးခြင်းအပြည့်နဲ့ဆက်ကြည့်နေရင်း...

"မင်းသိလား ရှင်းလျန် ငါမင်းကို ပထမဆုံးတွေ့ ဖူးတုန်းကလေ ငါ့အသက် ၁၅ နှစ်ပဲရှိသေးတယ်
ငါတစ်ယောက်တည်း ပန်းခင်းထဲမှာ ဓားရေးလေ့ကျင့်နေတုန်း ပထမဆုံးအကြိမ် လွပစြာ ကခုန်နေတဲ့ မိန်းမငယ်လေးကို သေဘာတက် ကြည့်နေခဲ့မိတာ
အဲ့မိန်းကလေးက ဖြူစင်လွန်းလို့
ပန်းလေးတွေကြား ဆော့ကစားနေတဲ့ ပုံရိပ်လေးက
အကြည့်မလွဲရက်စရာကောင်းခဲ့တာ"

"သိပါပြီ အဲ့အကြောင်းတွေ နောက်မှထပ်ပြောကြမယ်နော် အခု ဒဏ်ရာက သွေးတွေအရမ်းထွက်နေပြီ ... ဟင့်...တောင်းပန်ပါတယ်..ဟင့်"

"ဟင့်အင်း အခုပြောပြချင်တယ် အခုမှမပြောပြရ ရင် အချိန်တွေအရမ်းနောက်ကျသွားလိမ့်မယ်လို့ ခံစားနေရလို့ပါ
ငါ နန်းတော်ကို သွားတော့မဲ့နေ့မှာ
ငိုယိုပြီး နန်းတော်ကိုလိုက်ချင်တယ်လို့ပူဆာတဲ့
ကလေးလေးရဲ့ ပိုရိပ်တွေက
အခုထိ မျက်လုံးထဲကမထွက်သေးဘူး ရှင်းလျန်
ရွာကို ဓားမြတွေ တိုက်ခိုက်သွားတယ်ဆိုတဲ့
သတင်းကိုကြားကြားချင်း ငါမင်းကိုလာရှာခဲ့ပါသေးတယ် ဒါပေမဲ့..."

ဒဏ်ရာကြောင့် တဖြေးဖြေး အင်အားချိနဲ့လာတဲ့ လျန်အာက စကားတစ်လုံးချင်းတို့ မနည်းအားယူကာပြောနေရရှာသည်။ သေချာတာပေါ့ သူ့အဆိပ်မိနေတာ ကိုယ်ရံတော်တပ်ဖွဲ့ တွေဆီမှာရှိတဲ့ ဓားက သူကိုယ်တိုင်စီမံထားတဲ့ အဆိပ်တွေရှိနေတာပဲ အဆိပ်ကလဲနယ်နယ်ရရမှမဟုတ်တာ

"တော်ပါတော့ တောင်းပန်ပါတယ် ငါ့မွာ နင်တစ်ယောက်တည်းပဲရှိတော့တာပါ ငါမှာနင်မရှိလို့မဖြစ်လို့ပါ တောင်းပန်ပါတယ်"

"မငိုပါနဲ့ ငါကတောင်းပန်ရမဲ့သူပါ
တောင်းပန်ပါတယ် စောစောရှာမတွေ့ ခဲ့မိလို့ တောင်းပန်ပါတယ် သေချာမစောင့်ရှောက်ခဲ့မိလို့ ပြီးတော့...ချစ် တယ်"

အဆိပျ အဆိပ်Where stories live. Discover now