အပိုင်း ၁၄

228 3 2
                                    

ရှင်းလျန် / ဘယ်လိုလဲ ကိုယ်ဝန်ရှိနေတာမျိုး မဟုတ်ဘူးမလား

သမားတော် / ကိုယ်ဝန်ရှိနေတာပါ ကြင်ယာတော်ရှင်း

ရှင်းလျန် / ဘာ! !!မဖြစ်နိုင်ဘူး
အဲ့လိုဖြစ်လို့မရဘူး ငါဒီကလေးကို မလိုချင်ဘူး
ဖျက်ချချင်တယ် သမားတော်

သမားတော် / မဖြစ်နိုင်ဘူး ကလေးဗိုက်ထဲမှာအသက်ရှင်နေပြီ
ဖျက်ချလိုက်လို့ တစ်ခုခုလွဲချော်သွားမှ မင်းကြီးရိပ်မိပြီး
သေဒဏ်ပေးခံရနိုင်တယ်

ရှင်းလျန် / ဒါဆို ဘယ်လိုလုပ်ကြမလဲ ကြံစမ်းပါဦး
ရှင့်ဦးနှောက်က ဆေးပဲကုတက်တာတော့ မဟုတ်ဘူးမလား

သမားတော်လဲ ယခင်က ကြင်ယာတော်ရှင်းရဲ့ အကူအညီတွေယူဖူးတာမို့
ယခုတော့ အခက်တွေ့နေရလေပြီ
ထို့နောက်တော့ ကြံရာမရတဲ့အဆုံး

သမားတော် / ဟို ... ကျွန်တော်မျိုးစိုးရွံ့မိပေမဲ့
မင်းကြီးကို အိပ်ဆေးခပ်ပြီး အိပ်ဆောင်တော်သွင်းလိုက်ရင်တော့
အဆင်ပြေလောက်မှာပါ ကြင်ယာတော်ရှင်း

ရှင်းလျန် / ဒါဆို ဒီကလေးကို မင်းကြီးရဲ့ကလေးအဖြစ် သိစေမလို့လား

သမားတော် / ကြင်ယာတော်ရှင်းပဲ ဆုံးဖြတ်ပါ
အခုချိန်မှာ ကြင်ယာတော်ရှောင်ကလဲ
နန်းသွေးလွယ်ထားရပြီမို့
ဒီလိုမှမလုပ်ရင် မိဖုရားကြီးနေရာ
ကြင်ယာတော်ရှောင်ရသွားပါလိမ့်မယ်

ရှင်းလျန် / အဲ့လိုတော့ အဖြစ်မခံနိုင်ဘူး ငါမင်းကြီးဆီ ဒီညပဲသွားမယ်

ကြာပန်းနန်းဆောင်တွင်

မင်းကြီး / ရှောင်...ဒီရက်ထဲ အစားအသောက်ပျက်နေတယ်မဟုတ်လား
ဒီညတော့ ညစာအတွက် ကိုယ်တော် ကိုယ်တိုင်ပြင်ဆင်လာပေးတယ်

ရှောင်ကျန့် / ကျေးဇူးတင်ပါတယ် အရှင် ကျွန်တော်မျိုးမြည်းစမ်းကြည့်ပါ့မယ်

ယွဲ့ယယ် / သခင်လေး...!!! ခဏနေပါဦး အရင်ဆုံးအစားအသောက်တွေကို စစ်ဆေးပါရစေ...

ရှောင်ကျန့် /  ယွဲ့ ယယ် မင်းကြီးကိုယ်တိုင် ပြင်ဆင်လာပေးတာပဲလေ မလိုပါဘူး

ယွဲ့ယယ် / သခင်လေး အခု သခင်လေးတစ်ယောက်တည်းရဲ့ ကျန်းမာရေးကို စိုးရိမ်ပေးရတာမဟုတ်ပါဘူး ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆေးပြီးမှ စားသောက်သင့်တယ် မင်းကြီး ခွင့်ပြုပေးပါ...

အဆိပျ အဆိပ်Where stories live. Discover now