အပိုင်း ၁၉

231 7 2
                                    

ကြင်ယာတော်ရှင်းရဲ့နန်းဆောင်ရှေ့မှာ လျန်အာတစ်ယောက်
အတော်ကြာရှိနေပြီးမှ ပြန်လာဖို့ပြင်လိုက်တော့ အမှောင်ရိပ်ထဲမှာ လူတစ်ယောက်ကိုမြင်လိုက်တာကြောင့် ဆောင်တော်ဓားကိုမြဲမြဲကိုင်လျက်၊
အနားတိုးကပ်သွားမိသည်။

လျန်အာ / ဘယ်သူလဲ!!! ထွက်လာခဲ့!!!

ချင်းဟွာ / ငါပါ

ထိုတော့မှ လျန်အာလဲ သက်ပြင်းမောချရင်း အတွေးတစ်ခုဝင်လာ၏။

လျန်အာ /ဟင်းးးး မယ်တော်ကြီး က
ငါ့ကိုတောင်မယုံတော့ပုံပဲ

ချင်းဟွာ / မယ်တော်ကြီးက နင့်ထပ် နင့်ရဲ့နှလုံးသားကိုပိုမယုံတာဖြစ်ပါလိမ့်မယ်

နှလုံးသား..အဟက်..
နှလုံးသားလား ငါ့နှလုံးသားက
မင်းကြီးနဲ့ ရှင်းလျန် လက်ထပ်လိုက်ပါတယ်ဆိုတဲ့
သတင်းကြားထဲက သေ သွားပြီလေ ချင်းကွာ

ချင်းဟွာ /နင် နာကျင်ရမယ်ဆိုတာသိပါတယ် အထူးသဖြင့် ကိုယ်ချစ်တဲ့သူတွေက မကောင်းတဲ့သူတွေဖြစ်နေရင် ပိုနာကျင်ရတယ်ဆိုတာ နင်ရောငါရောသိကြတာပဲ ဒါပေမဲ့.. ငါတို့ကာကွယ်နိုင်သလောက် တားဆီးပေးနိုင်သလောက်ပဲ ရမှာပေါ့ အရာအားလုံးက သူ့ကံတရားစီမံတဲ့အတိုင်းပဲလေ

လျန်အာ /ချင်းဟွာ...နင်အခုငါ့ကို သနားနေတာလား

ချင်းဟွာ /လူတိုင်းနာကျင်ခွင့်ရှိတယ် လျန်အာ ယောက်ျားဖြစ်စေ မိန်းမဖြစ်စေ အားနည်းသည်ဖြစ်စေ သန်မာ သည်ဖြစ်ပေ နင်ရောအတူတူပဲ နာကျင်ရင်ပေါက်ကွဲတာနဲ့အစားထိုးလိုက် ပြီးရင်တော့ နင့်ကိုလူကောင်းပကတိအတိုင်း မြင်ချင်တယ်

လျန်အာ / ငါမပေါက်ကွဲဘူး ချင်းဟွာ ငါပြိုလဲနေမှာမဟုတ်ဘူး ငါရှင်းလျန်ကို မရ ရတဲ့နည်းနဲ့ ကယ်ထုတ်မှာ !!!

လျန်အာက ချင်းဟွာစကားကိုလက်မခံပဲ ကျောခိုင်းကာ
အဝေးကိုထွက်သွားလေသည်။
ချင်းဟွာကတော့ ထွက်သွားသူရဲ့ အထီးကျန်လွန်းတဲ့ကျောပြင်ကို ကြည့်လျက် သူမအချစ်တွေကို မမြင်နိုင်ခဲ့တဲ့ ရှင်းလျက်ကိုသာ ဒေါသထွက်မိပါ၏

...................
ရှောင်ကျန့် /ကျွန်တော်မျိုး နန်းဆောင်ထဲ ဝင်ပါတော့မယ်အရှင်
မယ်တော်ကြီးစိတ်မပူရအောင်
အရှင်က ပွဲအခမ်းအနားကိုပြန်သွားသင့်ပါတယ်

အဆိပျ အဆိပ်Where stories live. Discover now