အပိုင်း ၂၀

221 5 2
                                    

အမှောင်တွေဖုံးလွှမ်းနေတဲ့ လမိုက်ညရဲ့
သန်းခေါင် အချိန်တွင်
နတ်ဆိုးသခင်ရဲ့အိမ်တော်အတွင်း၌
တိုက်ခိုက်သံများ ဆူညံနေပေတော့၏။
သိပ်မကြာလိုက်ပါပဲ
တိုက်ခိုက်မှု့စွမ်းရည်ညံ့ဖျင်းတဲ့
တစ်ဖက်လူကကျရှုံးသွားကာ

"ဘယ်သူလဲပြောစမ်း !!!
ငါ့ကိုတိုက်ခိုက်ဖို့ မင်းကိုလွှတ်လိုက်တဲ့သူက"

သန်းခေါင်ယံအချိန်တွင်
အေးစက်စက်ပေါ်ထွက်လာတဲ့
ထိုသူ့ရဲ့ အာဏာသံက ပြင်းထန်လွန်းလှ၏။

တစ်ဖက်လူကလဲ သူရဲ့သခင်ခိုင်းလိုက်တဲ့အမိန့်အတိုင်း
ကြင်ယာတော်ရှင်းက လွှတ်လိုက်ကြောင်းသာပြောလိုက်၏။
အမတ်မင်းဟုန်မှတဆင့်ခိုင်းခံရကြောင်းတော့မပြောခဲ့ပေ

"ကြင်ယာတော်ရှင်း...ဟုတ်လား အဟက် သူကငါ့ကို ရှင်းပြစ်ဖို့ပါကြံနေပြီဆိုတော့ ငါကလဲငဲ့ညှာနေစရာ မလိုလောက်တော့ဘူးထင်ပါတယ်"

ထို့နောက် နတ်ဆိုးသခင်က ထိုလူရဲ့ ဓားကိုကောကျယူကာသူ့ရဲ့ လက်မောင်းသွေးကိုစွန်းထင်စေလိုက်ပြီး

"မင်းကိုခိုင်းစေတဲ့ ကြင်ယာတော်ကို ငါသေ သွားပြီလို့ပြောလိုက် ပြီးရင် သူပေးတဲ့ ဆုလဒ်ကိုယူပြီး ဒီတိုင်းပြည်ရဲ့ အဝေးဆုံးကိုထွက်သွား မင်းကိုငါထပ်မမြင်ချင်ဘူး"

.......................

"မယ်တော်ပြောတာ သားတော်လက်မခံနိုင်ဘူး
ဘာဖြစ်လို့ ရှောင်အဆိပ်မိတာက
ကြင်ယာတော်ရှင်းနဲ့ ပတ်သက်နေနိုင်ရတာလဲ
မယ်တော့်မှာ သက်သေမရှိသေးရင်
တခြားသူကို မစွပ်စွဲတာပို့ကောင်းလိမ့်မယ်"

"မင်းကြီး...ဒီမယ်တော်ရဲ့ စကားတွေကို ဘာကြောင့် မယုံမကြည်ဖြစ်နေရတာလဲ အခုလဲ သားရှောင်ကို အထင်မလွဲစေဖို့ အရင်ကထပ်ပိုစောင့်ရှောက် ပေးဖို့ သတိပေးရုံပဲ ဒါကို ဘာလို့ အဲ့မိန်းကလေးကို
စစ်စပ်ထိမခံဖြစ်နေရတာလဲ "

"မယ်တော် ရှင်းလျန်ကို သဘောမကျတာ နားလည်တယ်
ဒါပေမဲ့ ဒီလောက်ထိမစွပ်စွဲသင့်ဘူး
သူ့မှာလဲ သားတော်ရဲ့ ကိုယ်ဝန်ကိုလွယ်ထားရတဲ့အပြင် အခုလိုစိတ်ပင်ပန်းစရာတွေပါ သိရ ရင် ဘယ်လောက်များဝမ်းနည်းနေလိုက်မလဲ မယ်တော်ရဲ့ သားရှောင်ကိုသာ နောက်ထပ် လူထပ်မသတ်ဖို့ သွားဆုံးမလိုက်ပါ
သားတော်ကို ခွင့်ပြုပါဦး...!!!"

အဆိပျ အဆိပ်Where stories live. Discover now