အပိုင်း ၁၆

220 4 0
                                    

အထိန်းတော်ကြီး / ကြင်ယာတော်ရှောင် ကြင်ယာတော်ရှင်းက တွေ့ ခွင့်တောင်းနေပါတယ်

ရှောင်ကျန့် ကလေးလေးအတွက် သိုးမွှေးထိုးပေးရင်း

ရှောင်ကျန့် / ဝင်လာခဲ့...

ရှင်းလျန် / ကြင်ယာတော်ရှောင့်ကို ဂါရဝပြုပါတယ်

ရှောင်ကျန့် / မလိုပါဘူး ရှင်းမိန်းကလေး ထပါ
ဒီအထိလာရှာတာ ဘာကိစ္စရှိလို့ပါလဲ

ရှင်းလျန် / ရှင်းလျန် သခင်လေးကို လာတောင်းပန်တာပါ
ဟိုတနေ့ညက ကိစ္စ...

ရှောင်ကျန့် / မလိုပါဘူး မိန်းကလေး
အဲ့နေ့က ကျွန်တော်လဲ
နည်းနည်းစိတ်ခံစားချက်လွယ်နေလို့ပါ
အခုပြန်စဉ်းစားကြည့်တော့
အရှင်ရဲ့စိတ်ပေါ်မှာမူတည်နေတာပဲလေ
ကျွန်တော်ဘက်က တားဆီးပိုင်ခွင့်မှမရှိပဲ
ကျွန်တော်နည်းနည်း လောတကြီးသွားမိတယ်

ရှင်းလျန် / အဲ့ကိစ္စကြောင့်တော့ ရှင်းလျန်တို့ရဲ့ ဆက်ဆံရေးကို မထိခိုက်ပါဘူးနော် ရှင်းလျန်ကို မိတ်ဆွေတစ်ယောက်လို သဘောထားသေးတယ် မဟုတ်လားဟင်

ရှောင်ကျန့် / စိတ်ချပါ မိန်းကလေးရှင်း ကျွန်တော်ဘက်က
ဒါကို မိန်းကလေးရဲ့ အပြစ်လို့မယူဆပါဘူး

ရှင်းလျန် /ကျေးဇူးတင်ပါတယ် သခင်လေး
ဒါဆို ရှင်းလျန်ကိုယ်တိုင်လုပ်လာတဲ့ အားဆေးကို သုံးဆောင်ပေးပါဦး

ရှောင်ကျန့် / ဒါက...

ရှင်းလျန် / ဘာဖြစ်လို့လဲ သခင်လေး
ရှင်းလျန် ကိုယ်တိုင် သေချာသောက်ကြည့်ပြီးပါပြီ
မဟုတ်မှ ရှင်းလျန်ကို မယုံလို့လားဟင်...

ရှောင်ကျန့် / မဟုတ်ပါဘူး ... အင်းး ထားခဲ့လိုက်လေ...
ကျွန်တော် သေချာသောက်လိုက်ပါမယ်

ရှင်းလျန် / သခင်လေးက ရှင်းလျန်အပေါ် တကယ်မယုံကြည်သေးတာပဲ၊ ရှင်းလျန် ဝမ်းနည်းမိပါတယ်

ရှောင်ကျန့် / အာ...မဟုတ်ပါဘူး မဟုတ်ပါဘူး
သောက်ပါ့မယ် ဒီမှာကြည့်ပါ

ရှောင်ကျန့်က အားဆေးပန်းကန်အား အနည်းငယ်သောက်ပြလိုက်လေသည်။

ရှင်းလျန် / အဟင်းယင်း ရှင်းလျန်စေတနာတွေကို
အသိအမှတ်ပြုပေးလို့ကျေးဇူးတင်ပါတယ်
ဒါနဲ့ သခင်လေးရဲ့ အစေခံကိုရောမမြင်မိပါလား

အဆိပျ အဆိပ်Where stories live. Discover now