ရှောင်ကျန့် / အရှင့် !!!
အရှင်တစ်ခုခုဖြစ်နေတယ် ယွဲ့ယယ် ငါအရှင့်ဆီသွားမှဖြစ်မယ်ယွဲ့ယယ် / မင််းကြီးက ဘာမှမဖြစ်ပါဘူး အခုဆို အိပ်ဆောင်တော် ဝင်နေလောက်ပြီ
သခင်လေးသာ အထူးဂရုစိုက်ရမှာ အခုက အရင်လို
သခင်လေးတစ်ယောက်တည်းလဲမဟုတ်တော့ဘူးမလား စိတ်လိုက်မာန်ပါမလုပ်ပါနဲ့ မနက်မှ မင်းကြီးကို ပန်းဆက်ရင်း အခစားဝင်ကြတာပေါ့ရှောင်ကျန့် / ငါ အရှင့်ကို စိတ်မချဘူး ယွဲ့ ယယ် အရှင်နဲ့ ပတ်သတ်တဲ့ အိမ်မက်ဆိုးတွေ မက်နေတယ် အရှင့်အဆင်ပြေမပြေ ခဏလေးပဲသွားကြည့်မှာပါ
နောက်ဆုံးးမှာတော့သူ့သခင်လေးကို
တားမရတဲ့ ယွဲ့ယယ်ဟာ
သခင်လေးနဲ့အတူ မင်းကြီးနန်းထောင်ရှေ့သို့
ရောက်ခဲ့ေလသည်။ရှောင်ကျန့် / အထိန်းတော်ကြီး အရှင်အထဲမှာရှိနေလား
အထိန်းတော်ကြီး / ဟုတ်တဲ့ ရှိနေပါတယ် ဒါပေမဲ့...
ကြင်ယာတော် ဝင်သွားဖို့မသင့်တော်ဘူးထင်ပါတယ်ရှောင်ကျန့် / ဘာလို့လဲ အရှင်ရှိနေတယ်ဆို ဝင်လို့ရ ရမှာပေါ့
အထိန်းတော်ကြီးလဲ မျက်နှာပျက်စွာ...
အထိန်းတော်ကြီး / အဲ့တာက အထဲမှာ
ကြင်ယာတော်ရှင်းလဲရှိနေပြီးတော့
နှစ်ယောက်အတူ အိမ်ေဆာင်တော်ဝင်နေလို့ပါရှောင်ကျန့် / ဘာ!!!
အထိန်းတော်ကြီး ပြောလိုက်တဲ့ စကားလုံးတွေက သူ့ရင်ကိုထိုးစိုက်နေတဲ့ ချွန်မြတဲ့ဓားသွားတွေလိုပင် ဝဲဘက်ရင်အုံမှ တဆစ်ဆစ်နာကျင်နေရပါ၏။ အရှင်က... သူ့မှာကိုယ်ဝန်ရှိနေလို့သာ တခြားသူကိုသွားရှာတာမှန်းသဘောပေါက်လိုက်လေပြီ
ယွဲ့ယယ် / သခင်လေး...
ရှောင်ကျန့် /ယွဲ့ယယ် ငါတို့ပြန်ကြမယ် အရှင့်ကို မနှောက်ယှက်ပဲနေရအောင်
ထို့နောက် ဘုရင့်နန်းဆောင်တော်ကနေ အငိုမျက်လုံးများဖြင့် ပြန်သွားတဲ့ကြင်ယာတော်ေရှာင့်ကို အထိန်းတော်ကြီးများလဲ သနားဂရုနာသက်စွာကြည့်နေရုံမှတပါး မတတ်နိုင်ခဲ့ပါချေ