တိတ်ဆိတ်လှသော နန်းဆောင်ထဲတွင်
မယ်တော်ကြီးနဲ့ရှောင်ကျန့်
နှစ်ဦးထဲသာရှိနေပေသည်။"ဒါဆို ဒီအမိန့်စာက
မင်းကြီးရုတ်တရက်သတိရလာပြီး
ပေးသွားခဲ့တယ်လို့ပြောချင်တာလား"မယ်တော်ကြီးအမေးကိုရှောင်ကျန့်က ခေါင်းတဆက်ဆက်ငြိမ့်ရင်း
"ဟုတ်ပါတယ် မယ်တော်ကြီးရော ဘယ်လိုမြင်လဲ"
"အင်းသားရှောင် ထီးနန်းလွဲအပ်တယ်ဆိုတာ ဘယ်ဘုရင်မှ လွယ်လွယ်ကူကူနဲ့ မလုပ်ကြဘူး မယ်တော်တို့ ဒီကိစ္စကိုလျှို့ဝှက်ထားဖို့လိုတယ် အခုကိစ္စက မင်းကြီးရယ် မယ်တော်ရယ် သားရှောင်ရယ်ပဲ သိထားတာအကောင်းဆုံးပဲ အခုချိန်မှာ ပုန်ကန်ချင်တဲ့သူတွေရောရှိနေတာမို့
သားရှောင်သာ ဘုရင်နေရာဆက်ခံလိုက်ရင်
အန္တရာယ်အားလုံးက သားရှောင်ဘက်ကိုမျက်နှာမူလာမှာ
မယ်တော်ဘာပြောချင်လဲသိတယ်မဟုတ်လား ""ဟုတ်ကဲ့...သိပါတယ်
သားရှောင်က မယ်တော်စီစဉ်တာကို လက်ခံပါတယ်
ထီးနန်းလွှဲအပ်ခံရကြောင်းကိုလဲ ဘယ်သူမှမသိအောင်
ထိန်းသိမ်းထားပါ့မယ် "" ကောင်းပြီ မယ်တော်မှာ အစီအစဉ်ရှိတယ်။
သားရှောင်က ကြင်ယာတော်အာဏာသုံးပြီး
မယ်တော့်ကိုကူညီပါ
ပြီးတော့ ရှင်းလျန်ကိစ္စကိုလဲ
အပြတ်ရှင်းမှ ဖြစ်တော့မယ် "နောက်ထပ်ရက်မှာတော့
ရှောင်ကျန့်က ကြင်ယာတော် အာဏာသုံးပြီး
မင်းကြီးနားကို အခွင့်မရှိပဲ ဘယ်သူတစ်ဦးတစ်ယောက်မှ
မလာရဆိုပြီး အမိန့်ထုတ်လိုက်တာဖို့
ရှင်းလျန်နဲ့ မင်းကြီး အခြေအနေကို
စောင့်ကြည့် နေကြတဲ့
အမတ်ကြီးတွေဟာ ဒေါသထွက်ကုန်ကြလေသည်။ရှောင်ကျန့်ကတော့
မည်သူတစ်ဦးတစ်ယောက်ကိုမှ
လက်ခံတွေ့ဆုံ ခြင်းမပြုပဲ
သူ့ရဲ့ အိမ်တော်အာဏာပါ သုံးပြီး
အနောက်နန်းဆောင်ကို ပိတ်ချ ပြစ်လိုက်သည်။အနောက်နန်းေဆာင်ကိုပိတ်ပြစ်သည့်အတွက်
ရှင်းလျန်သည် သူ့မကို ကူညီထောက်ပံ့နေသော
အမတ်ဟုန်တို့နဲ့တွေ့ခွင့်မရတော့ချေမယ်တော်ကြီးကလဲ
လွတ်လပ်နေတဲ့ မင်းကြီးရဲ့ ညီလာခံတွေအတွက်
သူမ ကိုယ်တိုင်တက်ရောက်ကာ
တိုင်းရေးပြည်ရာများကိုဆွေးနွေးပေးသည့်အတွက် ပုန်ကန်ချင်သူများလဲ ငြိမ်နေကြရသည်။