အပိုင်း ၁၃

236 4 0
                                    

အထိန်းတော်ကြီး / ကြင်ယာတော်ရှောင်...ကြင်ယာတော် ရှင်းကတွေ့ခွင့်တောင်းနေပါတယ်

ယွဲ့ယယ် / သူကဒီကိုဘာလာလုပ်ပြန်ပြီလဲ

ယွဲ့ယယ်က လက်ဖက်ရည်ချမ်းငှဲ့ပေးနေရင်း စိတ်မလိုမကျစွာဆိုလေ၏။

ရှောင်ကျန့် / ယွဲ့ယယ် အဲ့လိုမရိုင်းပြရဘူးလေ

ယွဲ့ယယ်ကတော့ မကျေနပ်စွာပွစိပွစိရေရွက်လျက်ပင်

ရှောင်ကျန့် / ဝင်လာခိုင်းလိုက်ပါ

ရှင်းလျန် / ကြင်ယာတော်ရှောင့်ကို ရှင်းလျန်ဂါရဝပြုပါတယ်
အခုလိုမျိုး တွေ့ခွင့်ပေးလို့ ကျေးဇူးတင်ပါတယ်နော်

ရှင်းလျန်က ပကတိဖြူစင်သော မိန်းကလေးသဖွယ်နှုတ်ဆက်လာတော့

ရှောင်ကျန့် / အင်းရပါတယ် ဒါနဲ့မိန်းကလေးရှင်းလျန် ဒီကိုလာတဲ့ကိစ္စက...

ရှင်းလျန် / အော် အရင်တုန်းက ဖြစ်ခဲ့တာတွေအတွက် ရှင်းလျန်ဘက်ကတောင်းပန်ချင်လို့ပါ ရှင်းလျန်မှားသွားပါတယ် ကြင်ယာတော်ရှောင့်ကို မနာလိုစိတ်နဲ့ အမှားတွေလုပ်ခဲ့မိပါတယိ ရှင်းလျန်ကိုခွင့်လွှတ်ပေးမယ်မလား ဟင်

ရှောင်ကျန့် / အဟင်းးးး အဲ့ကိစ္စတွေကို စိတ်ထဲမထားတာကြာပါပြီ
မိန်းကလေးရှင်းကိုလဲ အပြစ်မဆိုပါဘူး

ရှင်းလျန် / တကယ်လား ဒါဆို ရှင်းလျန်တို့ မိတ်ဆွေဖြစ်လို့ရသေးတယိပေါ့နော်

ရှောင်ကျန့်လဲ ရုတ်တရက် သူမဘက်ကကောင်းပြလာတာမို့ စဉ်းစားလိုက်ပေမဲ့
အရှင့်ကိုစိတ်မဆင်းရဲစေချင်တာကြောင့်ကော ထိုမိန်းကလေးနဲ့လဲ သင့်မြတ်ချင်တာကြောင့်ပါ ခေါင်းငြိမ့်လက်ခံ သဘောတူလိုက်သည်။
ရှောင်ကျန့်ဘက်က သဘောတူလိုက်တော့ သူမလဲပျော်ရွှင်သွားကာ
ရှောင်ကျန့်ကိုဂါရဝပြူပြီးပြန်သွားလေသည်။

ယွဲ့ယယ် / သခင်လေး သူ့ကိုသတိထားစေချင်တယ်
ယွဲ့ယယ် တော့ သိပ်မယုံချင်ဘူး ရုတ်တရက်ကြီး ဘာလို့အဲ့လောက်ကောင်းပြသွားရတာလဲ

ရှောင်ကျန့် / ငါလဲသိပါတယ်ယွဲ့ယယ်
သူဘက်ကဘာတွေပဲပြောင်းလဲပြောင်းလဲ အရှင့်ကို မထိခိုက်သ၍တော့ ငါ့ဘက်ကသည်းခံပေးနိုင်တယိ သူ့ဘက်က အရှင့်ကို ထိခိုက်အောင်လုပ်လာရင်တော့ ငါလက်နဲ့ ကိုယ်တိုင်
သူမကိုရှင်းပြစ်မယ်!!!

အဆိပျ အဆိပ်Where stories live. Discover now